ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြင်သစ်မြေမှာ ရုန်းကန်နေခဲ့ရပေမဲ့ ကစားသမားရဲ့ အရှိန်အဝါနဲ့ ကျော်ကြားမှုတွေကြောင့် စံချိန်မှတ်တမ်း တစ်ခုကို တင်နိုင်ခဲ့တယ်လို့ သတင်းတွေ အရ သိရပါတယ်။ ဒါကတော့ မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း သူ့ရဲ့ ကျောနံပါတ် (၃၀) ပီအက်စ်ဂျီ ဂျာစီဟာ (၁)သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပီအက်စ်ဂျီ အသင်းဘက်ကနေပြီးတော့ ထုတ်ဖော် ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ ဘောလုံးအား ကစားသမား တစ်ခုထဲမှာတင် မဟုတ်ပဲ အားကစားလောက တစ်ခုလုံးမှာ ဘယ်ကစားသမား ထက်မဆို ပထမဆုံး အကြိမ်အဖြစ် ဂျာစီ (၁)သန်း ကျော်ရောင်းချနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ အချိန်မှာ ရောင်းချခဲ့ရတဲ့ စီရော်နယ်ဒိုရဲ့ ဂျာစီရောင်းအားကိုပါ ကျော်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက မန်ယူနိုက်တက်ကို စီရော်နယ်ဒို ပြန်လည်ပြောင်းရွှေ့လာခဲ့ ချိန်မှာ စီရော်နယ်ဒိုရဲ့ ဂျာစီရောင်းချရာကနေ ရရှိခဲ့တဲ့ ဝင်ငွေဟာ ပေါင် (၁၈၇)သန်း အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မက်ဆီရဲ့ ဂျာစီ (၁)သန်းကျော် ရောင်းချခဲ့ရမှု နဲ့ အတူ စီရော်နယ်ဒိုရဲ့ ဂျာစီရောင်းအားကိုပါ ကျော်တက်သွားခဲ့တာ ဖြစ်ပြီး၊ ပီအက်စ်ဂျီကလည်း မန်ယူနိုက်တက်ကို ကျော်လွန်ပြီး၊ ဂျာစီ အများဆုံး ရောင်းရတဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။

မက်ဆီ အနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့ အတည်ပြုပြီးတဲ့ နာရီပိုင်းအတွင်းမှာတင် ပီအက်စ်ဂျီမှာ မက်ဆီဝတ်ဆင်မယ့် ဂျာစီမှာယူမှုဟာ (၁)သန်းနီးပါ အထိရှိခဲ့တာ ဖြစ်ပါတယ်။ ငွေအားဖြင့် ပေါင် (၈၅၇)သန်း အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်း အနေနဲ့လည်း မက်ဆီရဲ့ ဂျာစီတွေကို ပရိသတ်တွေ့ အလုအယက် ဝယ်ယူမှုတွေကြောင့် ပီအက်စ်ဂျီ စတိုးဆိုင်တွေရဲ့ အကျယ်အဝန်းကို (၂)ဆ ချဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းရဲ့ ဂျာစီဝယ်လိုအားဟာလည်း (၃၀)ရာခိုင်နှုန်းကနေ (၄၀)ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တယ်လို့ ပီအက်စ်ဂျီ အသင်းရဲ့ အရာရှိတစ်ဦး ဖြစ်တဲ့ မတ်အန်စထရောင်းက ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ မတ်အန်းစထရောင်းက ” မက်ဆီရဲ့ ဂျာစီ ဝယ်လိုအားကို ကျွန်တော်တို့ မဖြည့်ဆည်းနိုင်ခဲ့ပါဘူး၊ ကျွန်တော်တို့ တော်တော်လေးကို ကျဉ်းထဲ ကျပ်ထဲ ရောင်ခဲ့တာပါ၊ ဘယ်သူကမှ ဒီလိုဝယ်လိုအားမျိုးကို ကြုံဖူးလိမ့်မှာ မဟုတ်ပါဘူး၊

ကျွန်တော်တို့ တကယ့်ကို ဂျာစီ အများအပြားကို ရောင်းချခဲ့ရတာပါ၊ ကစားသမား တစ်ယောက်အတွက် ကမ္ဘာမှာ ဘယ်အသင်းထက်မဆို ပိုပြီးတော့ ကို ရောင်းခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တာပါ၊ ဒါက ကျွန်တော်တို့ကို နောက်ထပ် အဆင့်တစ်ခုကို ရောက်စေခဲ့ပါတယ်၊ ကျွန်တော်တို့မှာ လူနေမှု ဘဝထဲက ထုတ်ကုန်တွေ အတွက် ဝယ်လိုအားတွေ များစွာ ရှိပါတယ်၊ဂျော်ဒန်ဆိုတဲ့ ဘရန်းဟာ ဆိုရင် အရမ်းကိုကြီးမားတဲ့ ဝယ်လိုအားတွေ ရှိပါတယ်၊ ဒါပေမဲ့ မက်ဆီလို ကစားသမားကို ခေါ်ယူလိုက်တဲ့ အခါမှာတော့ ဝယ်လိုအားက ပိုပြီးတော့ ကြီးထွားလာခဲ့ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

မတ်အန်းစထရောင်းက မက်ဆီကို ခေါ်ယူပြီးချိန်မှာ ကလပ်ရဲ့ ဈေးကွက်နဲ့ စပွန်ဆာ သဘောတူညီမှုတွေဟာလည်း (၁၃) ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားသွားခဲ့ ပါသေးတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ ဆိုရှယ်မီဒီယာတွေဟာလည်း တစ်ပတ်ကို ဖော်လိုဝါ (၁.၄)သန်း အထိ တိုးတက်လာခဲ့တာ လက်မှတ်ရောင်းချရမှုနဲ့ ဝတ်စုံ ရောင်းအားတွေလည်း သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

အချုပ်ဆိုရမယ်ဆိုရင် မက်ဆီကို ခေါ်ယူပြီးတဲ့နောက် ပီအက်စ်ဂျီ အသင်းရဲ့ ဝင်ငွေဟာ ပေါင်သန်း(၆၀၀)လောက် အထိရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပီအက်စ်ဂျီ ဥက္ကဌ ဖြစ်သူက ” ကျွန်တော်တို့ ကစားသမားတစ်ယောက်ကို ခေါ်ယူမယ်ဆိုရင် အဲ့ဒါ ကျွန်တော်တို့ တက်နိုင်လို့ ခေါ်တာပါ၊ ဥပမာ မက်ဆီကိုပဲ ကြည့်လိုက်ပါ၊ ဒါက တူညီပါတယ်၊ ငွေရေးကြေးရေး အရ မဖြစ်နိုင်ဘူးလို့ လူတွေက ပြောကြပေမဲ့ မက်ဆီနဲ့ အတူ ကျွန်တော်တို့ ပိုက်ဆံတွေ အများကြီး ရှာပြခဲ့ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

ZAWGYI: ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြင်သစ်မြေမှာ ရုန်းကန်နေခဲ့ရပေမဲ့ ကစားသမားရဲ့ အရှိန်အဝါနဲ့ ကျော်ကြားမှုတွေကြောင့် စံချိန်မှတ်တမ်း တစ်ခုကို တင်နိုင်ခဲ့တယ်လို့ သတင်းတွေ အရ သိရပါတယ်။ ဒါကတော့ မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း သူ့ရဲ့ ကျောနံပါတ် (၃၀) ပီအက်စ်ဂျီ ဂျာစီဟာ (၁)သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပီအက်စ်ဂျီ အသင်းဘက်ကနေပြီးတော့ ထုတ်ဖော် ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။