မနေ့ည က ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ခါနီးက ကာရာဘောင်ဖလား ဗိုလ်လုပွဲက ပုံစံအတိုင်း အချိန်ပို ၂ပိုင်း မိနစ် ၁၂၀ အထိ ဆက်ခဲ့ရပေမယ့် ၊ ဂိုးမရှိသရေရလဒ်သာ ထွက်ခဲ့လို့ ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာ လီဗာပူး က ချဲလ်ဆီးကို ၆ – ၅ နဲ့ အနိုင်ရကာ ဗိုလ်စွဲခဲ့ပါတယ် ။ လီဗာပူး အတွက်တော့ ဒါဟာ ၁၀စုနှစ် ၂ခုနီးပါး ဝေးကွားနေခဲ့တဲ့ အက်ဖ်အေဖလားကို တကျော့ပြန် ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ၊ ချဲလ်ဆီး အတွက်တော့ ၃နှစ်ဆက် အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးနိမ့်ခြင်း ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်စေခဲ့ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဝင်ဘလေကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ဗိုလ်လုပွဲ ၅ကြိမ်ဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ၊ အကြိမ်ကြိမ် အားခဲခဲ့ရတဲ့ ပရိသတ်တွေ အတွက်တော့ ဒီမှတ်တမ်းက အတော်လေး စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ သို့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ကံတရားကသာ တာသွားတာဖြစ်လို့ ၊ ဘယ်သူ့ကိုမှ ရာနှုန်းပြည့် အပြစ်တင်လို့ မရပါဘူး ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ၄င်းတို့ဟာ ဒီရာသီ ဖလား ၂လုံး ရထားပြီးမို့ ၊ ဘာမှ အားငယ်နေစရာ မရှိကြောင်း တုန့်ပြန်ရင်း ၊ ပြည်တွင်း ရှုံးထွက်ဖလား ဗိုလ်လုပွဲ ၂ကြိမ်လုံးမှာ လီဗာပူးက အနိုင်ရဖို့ ထိုက်တန်ကြောင်း ဂုဏ်ပြုသွားခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော်တို့ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အဖက်ဖက်က အရည်အသွေးတွေ ရှိပြီးသားလို့ ထင်ပါတယ် ။ ဒါကိုလည်း ကျွန်တော်တို့ သက်သေပြခဲ့ပြီးသားပါ ။ ခင်ဗျားတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ယောက် က ကျွန်တော့ကို ဒီနှစ်မှာ ကျွန်တော်တို့ ဘာဖလားမှ မရပဲ ရာသီသိမ်းရတော့မှာပဲလို့ ညှော်ချင်တာလို့ ထင်ပါတယ် ။ ကျွန်တော် ကြားမိတာ မှန်ခဲ့ရင်ပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကမ္ဘာ့ကလပ်ဖလားနဲ့ ဥရောပ စူပါဖလားတွေ ဆွတ်ခူးထားပါတယ် ။ ဒီဖလားတွေဟာ ဘောလုံးရာသီ မစခင်ကတို့ ၊ ဆောင်းရာသီတုန်းက ရခဲ့တာတို့ စတဲ့ အကြောင်းပြချက်တွေ ကျွန်တော် ဂရုမစိုက်ပါဘူး ။ ”

” ကျွန်တော်တို့ဟာ ပြည်တွင်း ရှုံးထွက်ဖလား ဗိုလ်လုပွဲ ၂ခုလုံးမှာ အနိုင်ရဖို့ အရာရာ ပေးဆပ် ကြိုးစားခဲ့ပါတယ် ။ နောက်ပြီး ကျွန်တော်တို့ဟာ ဒီနှစ်ပွဲလုံးမှာ ပြိုင်ဖက်ကောင်း တသင်းနဲ့ ရင်ဆိုင်ခဲ့ရတာကို လက်ခံရမှာ ဖြစ်သလို ၊ သူတို့ဟာလည်း ဒီဖိုင်နယ် ၂ခုလုံး အနိုင်ရဖို့ ထိုက်တန်မှု ရှိပါတယ် ။ ပရီးမီးယားလိဂ် က အနေအထားကြောင့် ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ၊ အက်ဖ်အေဖလား ပြိုင်ပွဲတွေကို အဓိက အာရုံစိုက်ခဲ့ရတာကြောင့် ရှုံးထွက်ဖလား အသင်းတသင်း အသွင်နဲ့ ပိုပြီး လိုက်ဖက်တာ ဖြစ်ကောင်းဖြစ်ပါမယ် ။ အခုရာသီမှာလည်း ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလားတွေမှာ အခြေအနေ ကောင်းခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ဟာ အထွတ်အထိပ် စွမ်းဆောင်ရည်မျိုး ပြသနိုင်သလို ၊ ဒါမျိုး လုပ်ပြနိုင်ဖို့ အတွက်လည်း စိတ်ဓာတ် ကြံ့ခိုင်တဲ့ ၊ အရည်အသွေးပြည့်တဲ့ ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ကျွန်တော်တို့မှာ ရှိမနေတဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသထားပါတယ် ။ ဒီနှစ်မှာ ကျွန်တော်တို့ဟာ ဒီအချက်နဲ့ ပတ်သက်ပြီး ရုန်းကန်ခဲ့ရပါတယ် ။ ဒီတော့ ကျွန်တော်တို့ ဒီ တည်ငြိမ်မှုကို ရှာဖွေရမယ် ၊ တည်ဆောက်ရမယ် ၊ ဖန်တီးရပါမယ် ။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ကလပ် ပြင်ပက အခြေအနေတွေက ကျွန်တော်တို့ကို အနည်းငယ် ပိုပြီး ခက်ခဲစေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: မနေ့ည က ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ခါနီးက ကာရာဘောင်ဖလား ဗိုလ်လုပွဲက ပုံစံအတိုင်း အချိန်ပို ၂ပိုင်း မိနစ် ၁၂၀ အထိ ဆက်ခဲ့ရပေမယ့် ၊ ဂိုးမရှိသရေရလဒ်သာ ထွက်ခဲ့လို့ ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာ လီဗာပူး က ချဲလ်ဆီးကို ၆ – ၅ နဲ့ အနိုင်ရကာ ဗိုလ်စွဲခဲ့ပါတယ် ။ လီဗာပူး အတွက်တော့ ဒါဟာ ၁၀စုနှစ် ၂ခုနီးပါး ဝေးကွားနေခဲ့တဲ့ အက်ဖ်အေဖလားကို တကျော့ပြန် ဆွတ်ခူးခဲ့တာ ဖြစ်ပြီး ၊ ချဲလ်ဆီး အတွက်တော့ ၃နှစ်ဆက် အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးနိမ့်ခြင်း ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်စေခဲ့ပါတယ် ။