2021-2022 ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ရင်ခုန်စရာ အတက်အကျ မျိုးစုံ နဲ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအစပိုင်းမှာ ဝုဖ် က ဦးဆောင်ဂိုး စောစောစီးစီး သွင်းလိုက်လို့ မန်စီးတီး ပရိသတ်တွေ ထခုန်ခဲ့ကြသလို ၊ အက်စ်တွန် ဗီလာ က ဦးဆောင်ဂိုး နှစ်ဂိုး ကို မီးနစ် 70 မတိုင်ခင် အထိ ထိန်းထားပြလို့လဲ လီဗာပူး ပရိသတ်တွေ အရူးအမူး ဖြစ်ခဲ့ကြပါတယ်။ သို့သော် ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ ကလပ်နှစ်သင်း ရဲ့ ထုံးစံ အတိုင်း အနိုင်ရလာဒ် ကိုတော့ ရအောင် ပြန်လည် ပုံဖော် သွားခဲ့ကြပါတယ်။

မန်စီးတီး ရဲ့ အလှည့်အပြောင်းတွေကို ဂွန်ဒိုဂန် က ဖန်တီးပေးခဲ့သလို ၊ လီဗာပူး အတွက် လိုအပ်နေတဲ့ အနိုင်ဂိုး ကို ဆာလာ ၊ ရော်ဘတ်ဆန် တို့က သွင်းယူပေးခဲ့ကြပါတယ်။ ဒီနှစ်သင်း အကြိတ်အနယ် ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ထုံးစံအတိုင်း ချန်ပီယံ အဆုံးအဖြတ်ဟာ 1 မှတ် အကွာလေး နဲ့ပဲ နောက်တစ်ကြိမ် ဇာတ်သိမ်းခဲ့ပြန်ပါပြီ။ ပက် ဂွာဒီယိုလာ ကတော့ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ 5 ရာသီ အတွင်း ပရီးမီးယားလိဂ် ဖလား 4 လုံး အထိ သိမ်းပိုက် ပြသွားလို့ ၊ ပွဲအပြီးမှာ မျက်ရည်တွေ နဲ့ အောင်ပွဲ ခံသွားခဲ့ပါတယ်။

လီဗာပူး နည်းပြကြီး ကလော့ပ် က မန်စီးတီး ရဲ့ အောင်မြင်မှု ကို Congratulations လုပ်သွားတဲ့ အပြင် ၊ သူ့ကစားသမားတွေ ရဲ့ ကြိုးစား အားထုတ်မှုကိုပါ ဂုဏ်ယူမှု အပြည့်နဲ့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။ “ ချာတိတ်တွေ က မယုံကြည်နိုင်စရာကောင်းလွန်းတဲ့ ဘောလုံးရာသီ တစ်ခုကို ဖြတ်သန်းပြခဲ့ပါတယ်။ 2021-2022 ခရီးဟာ အခုချိန်ထိ လက်ဖျားခါစရာ ကောင်းလွန်း နေတုန်းပါပဲ။ ကျနော့် အမြင်ပြောရရင် ဒီည ကစားသွားတဲ့ ပွဲဟာ လီဗာပူး ကစားသမားတွေ ဟာ ဘယ်လို အရည်သွေးတွေ ပိုင်ဆိုင်ထားတယ် ဆိုတာ နောက်တစ်ကြိမ် ပြသနိုင်ခဲ့တယ် ပွဲမျိုးလို့ ဆိုချင်ပါတယ်။

ဦးဆောင်ဂိုး စောစောစီးစီး ပေးလိုက်ရတယ် ၊ အဲဒီ အတွက် ကျနော်တို့ ရဲ့ စိုးရိမ်စိတ်တွေကို ကိုင်လှုပ်နှိုးလိုက်သလိုပါပဲ။ အဲဒီ အခိုက်အတန့်မှာ ပုံမှန် ကစားတဲ့ အတိုင်းကို ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ တီယာဂို ကိုလဲ စောစောစီးစီး လူစားလဲလိုက်ရတော့ အားလျှော့သွားတာပေါ့ဗျာ။ ဒါပေမယ့် အဖြေရအောင်တော့ ရှာဖွေနိုင်ဆဲ ဖြစ်လို့ ကျေနပ်စရာပါ။ ကစားခဲ့တဲ့ ပွဲတွေထဲက 92 မှတ်အထိ ယူပြနိုင်ခဲ့တာ လုံး၀ ရူးချင်စရာ ကောင်းပါတယ်။

အဲဒီအတွက် ဂုဏ်ယူမိသလို ၊ စိတ်လဲ ပျက်မိပါတယ်။ တစ်ချို့ အချက်တွေကို ထောက်ပြလာခဲ့ရင် ၊ ပိုဆိုးသွားနိုင်သလို ၊ ပိုပြီးလဲ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ပွဲစဉ်မှာ ဒါမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ လုံး၀ မမျှော်လင့်ခဲ့တာပါ။ ပွဲ မကစားခင် အချိန်မှာ အဖြစ်အပျက်တွေက အများကြီးပါပဲ ၊ အဲဒါတွေလဲ မေ့မပစ်ချင်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် အရင် အင်တာဗျူးတွေမှာ ပြောခဲ့တဲ့ အတိုင်း မန်စီးတီးရော ၊ ပက် နဲ့ သူ့ရဲ့ အဖွဲ့သားတွေ အပြင် ၊ ကလပ် အသင်း တစ်ခုလုံးကို ချန်ပီယံ ဖြစ်သွားတဲ့ Congratulations လုပ်ပါတယ်။

ကျနော်တို့ က အနီးစပ်ဆုံး ဖြစ်ခဲ့ပေမယ့် ၊ အောင်ပွဲခံဖို့ အထိတော့ မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် ရှေ့ဆက်ပြီး ကြိုးစားသွားမှာပါ။ ဒီနာကျင်မှုတွေက ရှေ့တစ်ပတ်မှာ ပြန်ပြီး အောင်ပွဲ ခံနိုင်ဖို့ အတွက် ဆန္ဒတွေ ပိုပြီး ပြင်းပြစေပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။ လီဗာပူး ဟာ မေလ 28 ရက်နေ့ မှာတော့ ပဲရစ် ကို သွားပြီး ရီးရဲ မက်ဒရစ် နဲ့ ရင်ဆိုင်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို ကစားရဦးမှာ ဖြစ်ပါတယ်။

ZAWGYI: 2021-2022 ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ရင်ခုန်စရာ အတက်အကျ မျိုးစုံ နဲ့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲအစပိုင်းမှာ ဝုဖ် က ဦးဆောင်ဂိုး စောစောစီးစီး သွင်းလိုက်လို့ မန်စီးတီး ပရိသတ်တွေ ထခုန်ခဲ့ကြသလို ၊ အက်စ်တွန် ဗီလာ က ဦးဆောင်ဂိုး နှစ်ဂိုး ကို မီးနစ် 70 မတိုင်ခင် အထိ ထိန်းထားပြလို့လဲ လီဗာပူး ပရိသတ်တွေ အရူးအမူး ဖြစ်ခဲ့ကြပါတယ်။ သို့သော် ဒီရာသီ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ ကလပ်နှစ်သင်း ရဲ့ ထုံးစံ အတိုင်း အနိုင်ရလာဒ် ကိုတော့ ရအောင် ပြန်လည် ပုံဖော် သွားခဲ့ကြပါတယ်။