မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ရာယို ဗာလက်ကာနိုအသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကနေ စောစောစီးစီးထွက်ခွါလာခဲ့ပြီး သူ့ရဲ့အသင်းနဲ့ ပတ်သက်တဲ့ အနာဂါတ်ကို ပိုမိုလှုပ်ခတ်လာစေခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်မရတာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွါချင်နေတာဖြစ်ပြီး ဗာလက်ကာနိုအသင်းနဲ့ ခြေစမ်းပွဲမှာ ပထမပိုင်းတစ်ပိုင်းလုံး ပါဝင်ကစားခဲ့သလို ပွဲကြည့်စင်ပေါ်က အသင်းပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ယောက်ကတော့ ရော်နယ်လ်ဒိုရဲ့ ကွင်းပြင်က ဓါတ်ပုံတွေကို လူမှုကွန်ရက်ဖြစ်တဲ့ Twitter မှာ တင်သွားခဲ့ပြီး ပေါ်တူဂီစူပါစတားအနေနဲ့ အဆိုပါခြေစမ်းပွဲရဲ့ ပွဲသိမ်းခရာမမှုတ်ခင်ကတည်းက ကွင်းပြင်ပကို ရောက်ရှိသွားခဲ့တာဖြစ်ကြောင်း အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါပရိသတ်ကတော့ Twitter မှာ “ဘုရင်ကြီးကတော့ သွားပြီ”ဆိုတဲ့စာကို ရော်နယ်လ်ဒို ထွက်ခွါသွားခဲ့တဲ့ပုံနဲ့ တင်သွားခဲ့ပြီး ငိုနေတဲ့ Emoji ကိုလည်း ထည့်သွင်းသွားခဲ့တာဖြစ်ပေမယ့်လည်း ယူနိုက်တက်ပရိသတ်တွေအကုန်လုံးက အဆိုပါပုံနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေတာတော့ မဟုတ်ခဲ့ပါဘူး။

ယူနိုက်တက်ပရိသတ်တစ်ဦးကတော့ ရော်နယ်လ်ဒိုရဲ့ အဆိုပါအပြုအမူနဲ့ ပတ်သက်ပြီး “ဒီလူပြတာက လေးစားသမှုမရှိတာကြီးပဲ။ ပေါ့ဂ်ဘာတောင် ဒီလောက် မလေးမစားလုပ်ခဲ့တာမဟုတ်ဘူး”လို့ တင်သွားခဲ့ပါတယ်။ နောက်ထပ် ယူနိုက်တက်ပရိသတ်တစ်ယောက်ကလည်း “ခရစ္စတီယာနိုရဲ့ ဒီပုံသဏ္ဍာန်က ဘယ်လောက်ဆိုးသလဲဆိုတာကို မဖော်ပြနိုင်တဲ့အထိပါပဲ။ ပရော်ဖက်ရှင်နယ်ပီသမှုဘက်ကနေပဲကြည့်ရုံတင်မဟုတ်ဘူး။ ”

” ဒီနေ့မှာ ကစားခဲ့ကြတဲ့ လူငယ်ကစားသမားတွေ အားလုံးအတွက်လည်း စံနမူနာအနေနဲ့ ကြည့်ရင်ရောပေါ့။ မင်းဘယ်သူဆိုတာ ဂရုမစိုက်ဘူး။ အမှိုက်ကောင်”လို့ တင်သွားခဲ့ပါတယ်။ ရယ်စရာကောင်းတဲ့အချက်တစ်ချက်ကတော့ ရော်နယ်လ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွါချင်တယ်ဆိုပြီး ဖိအားပေးနေပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ ပေါ်တူဂီစူပါစတားကွင်းထဲဝင်လာတဲ့ ဗီဒီယိုကို Twitter မှာ “ခရစ္စတီယာနို-အိုးလ်ထရက်ဖို့ဒ်ကို ရောက်နေပြီ”လို့ တင်သွားခဲ့တာဖြစ်ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ရာယို ဗာလက်ကာနိုအသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲကနေ စောစောစီးစီးထွက်ခွါလာခဲ့ပြီး သူ့ရဲ့အသင်းနဲ့ ပတ်သက်တဲ့ အနာဂါတ်ကို ပိုမိုလှုပ်ခတ်လာစေခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်မရတာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွါချင်နေတာဖြစ်ပြီး ဗာလက်ကာနိုအသင်းနဲ့ ခြေစမ်းပွဲမှာ ပထမပိုင်းတစ်ပိုင်းလုံး ပါဝင်ကစားခဲ့သလို ပွဲကြည့်စင်ပေါ်က အသင်းပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။