နည်းပြသစ် တန်ဟတ်လက်ထက်မှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေက ရလဒ်နဲ့ ခြေစွမ်းပိုင်းတွေ အရ မန်ယူနိုက်တက်တို့ဟာ လာမယ့် ဘောလုံးရာသီမှာ မန်စီးတီး၊ လီဗာပူးလ်တို့ထက် ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ ပိုပြီးတော့ ရေပန်းစားလာခဲ့ပါတယ်။ မန်ယူနိုက်တက်တို့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ အသင်းရဲ့ ပရိးမီးယားလိဂ် သမိုင်းမှာ အဆိုးရွားဆုံးသော ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ အဆင့်(၆)နေရာမှာ ရပ်တည်ခဲ့ပေမဲ့ အဆင့် (၄)နေရာက စပါးနဲ့ (၁၃)မှတ်အထိ ကွာဟခဲ့သလို အဆင့်(၁)နေရာက ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးလည်း ရမှတ် (၃၅) မှတ်အထိ ကွာဟခဲ့တာကြောင့် မန်ယူနိုက်တက်ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားခဲ့တာပါ။

ဒါပေမဲ့ နည်းပြသစ်အဖြစ် တန်ဟတ်ရောက်ရှိလာပြီးချိန်မှာ ပရိသတ်အချို့ရဲ့ မန်ယူနိုက်တက် အပေါ် အမြင်တွေက စတင်ပြောင်းလဲလာခဲ့ပြီး အကောင်းဘတ်ကို ဦးတည်တဲ့ အမြင်တွေ ရှိလာခဲ့ပါတယ်။ လက်ရှိ ကစားနေတဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ဆိုရင် မန်ယူနိုက်တက်တို့ဟာ လီဗာပူးလ်ကို (၄-ဝ)၊ မဲဘုန်းကို (၄-၁)နဲ့ ခရစ်တယ်ပဲလေ့ကို(၃-၁)ဆိုတဲ့ ရလဒ်တွေနဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး ပုံစံကောင်းတွေ ပြသထားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ ခံစစ်ပိုင်းမှာ လူမုန်းအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် မတ်ဂွဲယားတောင် ရာသီကြို ခြေစမ်းပွဲတွေမှာ တည်ငြိမ်တဲ့ ခြေစွမ်းတွေကို ပြသလျက် ရှိနေတာပါ။ လီဗာပူးလ်ကို (၄-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးချိန်မှာ တန်ဟတ်ရဲ့ မန်ယူနိုက်တက်ဟာ လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ပရိသတ်တွေက မဲပေးရွေးချယ်လာခဲ့ကြတာ ဖြစ်ပါတယ်။

Betfair ဆိုတဲ့ ဘောလုံးလောင်းကစားဝတ်ဆိုက်ဒ် တစ်ခုရဲ့ ထုတ်ပြန်ချက်မှာ လာမယ့်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မယ့် ကြေးဖွင့်ခဲ့ရာမှာ ပရိသတ် (၂၇)ရာခိုင်နှုန်းက မန်ယူနိုက်တက်အပေါ်ကို လောင်းကြေးထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ် (၁၁)ရာခိုင်နှုန်းကတော့ မန်စီးတီး ချန်ပီယံဖြစ်မယ်လို့ လောင်းကြေးထပ်ခဲ့ပြီး၊ (၇.၄)ရာခိုင်နှုန်းကတော့ လီဗာပူးလ် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဆိုတော့ လီဗာပူးလ်နဲ့ မန်စီးတီး နှစ်သင်းပေါင်း ရာခိုင်နှုန်းက မန်ယူနိုက်တက်တောင် ပိုနည်းနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ခြေစမ်းပွဲ (၃)ပွဲမှာ (၃)ဂိုး သွင်းယူထားခဲ့တဲ့ မန်ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကလည်း ရွှေဖိနပ်ဆုအတွက် ရေပန်းအစားဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ မာရှယ်ဟာရာသီကြို ခြေစမ်းပွဲတွေမှာ တောင်လျှောက် ခြေစွမ်းပြနေသလို လှပတဲ့ သွင်းဂိုးတွေကိုလည်း သွင်းယူပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ပရိသတ် (၃၇)ရာခိုင်နှုန်းက မာရှယ်ကို လာမယ့်ရာသီရဲ့ ရွှေဖိနပ်ဆု ရှင်အဖြစ် လောင်းကြေးထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆိုတော့ လက်ရှိ မန်ယူနိုက်တက်ဟာ ရလဒ်တွေ ကောင်းသလို ခြေစွမ်းပိုင်းကလည်း ပြီးခဲ့တဲ့ ရာသီကထက် တိုးတက်လာမှုတွေ ရှိနေတာကိုတော့ လက်ခံရမှာပါ။ ဒါပေမဲ့ ပရီးမီးလိဂ်ဆိုတာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီး တစ်ခု ဖြစ်ပါတယ်။ ရာသီကြို ပွဲစဉ်(၃)ပွဲလောက် ခြေစွမ်းကောင်းနေရုံနဲ့တော့ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် သက်မှတ်လို့ မရပဲ တကယ့်လက်တွေ့မှာ တန်ဟတ်ရဲ့ မန်ယူနိုက်တက် ဘာတွေ လုပ်ပြနိုင်မလဲ စောင့်ကြည့်သွားရ ဦးမှာပဲ ဖြစ်ပါတယ်။

ZAWGYI: နည်းပြသစ် တန်ဟတ်လက်ထက်မှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေက ရလဒ်နဲ့ ခြေစွမ်းပိုင်းတွေ အရ မန်ယူနိုက်တက်တို့ဟာ လာမယ့် ဘောလုံးရာသီမှာ မန်စီးတီး၊ လီဗာပူးလ်တို့ထက် ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ ပိုပြီးတော့ ရေပန်းစားလာခဲ့ပါတယ်။ မန်ယူနိုက်တက်တို့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ အသင်းရဲ့ ပရိးမီးယားလိဂ် သမိုင်းမှာ အဆိုးရွားဆုံးသော ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ အဆင့်(၆)နေရာမှာ ရပ်တည်ခဲ့ပေမဲ့ အဆင့် (၄)နေရာက စပါးနဲ့ (၁၃)မှတ်အထိ ကွာဟခဲ့သလို အဆင့်(၁)နေရာက ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးလည်း ရမှတ် (၃၅) မှတ်အထိ ကွာဟခဲ့တာကြောင့် မန်ယူနိုက်တက်ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားခဲ့တာပါ။