ညက ကစားသွားခဲ့ကြတဲ့ အင်္ဂလန်နဲ့ အီတလီအသင်းတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၃)မှာ တစ်သင်းနဲ့ တစ်သင်း ဂိုး သွင်းယူနိုင်ခဲ့ ခြင်းမရှိပဲ သရေကျသွားခဲ့တာ ကြောင့် အင်္ဂလန်တို့အတွက် နေရှင်လိဂ် (၃)ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ရပြီ ဖြစ်ပါတယ်။ နေရှင်လိဂ် အုပ်စုပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာ အင်္ဂလန်တို့ဟာ နိုင်ပွဲတစ်ပွဲမှ ရရှိထားခဲ့ခြင်းမရှိသေးပဲ အဆိုပါ(၃)ပွဲမှာ သွင်းဂိုးကလည်း (၁)ဂိုးသာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ရမှတ်(၂) မှတ်သာ ရရှိထားသေးပြီး၊ အုပ်စုတွင်းမှာလည်း ဇယားအောက်ဆုံးမှာ ရပ်တည်လျက်ရှိနေပါတယ်။

ညက ပွဲစဉ်မှာလည်း အင်္ဂလန်နဲ့ အီတလီတို့ဟာ အသင်းကြီးတွေ ပီပီ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကစားဟန်တွေကို မြင်တွေ့ခဲ့ရပေမဲ့ အင်္ဂလန်တို့ဟာ အသင်းရဲ့ အဓိက ကစားသမား အများစုကို အနားပေးထားခဲ့တာကိုတော့ တွေ့ခဲ့ရပါတယ်။ တိုက်စစ်ပိုင်းမှာ ကိန်းကို အနားပေးထားခဲ့ပြီး အေဘရာဟမ်နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာတဲ့ တိုမိုရီနဲ့ အေဘရာဟမ်တို့ဟာ အီတလီကလပ်အသင်းတစ်သင်းအတွက်ကစားပေးနေပြီး၊

အီတလီကိုအသင်းကို ပြန်ရင်ဆိုင်ရမှာ အင်္ဂလန်အသင်းနဲ့အတူပါဝင်လာခဲ့တဲ့ (၅)ယောက်မြောက်နဲ့ (၆)ယောက်မြောက် ကစားသမားတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါသေးတယ်။ အီတလီတို့ကတော့ လူစုံ တက်စုံနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်အတွင်း အင်္ဂလန်က အီတလီကို အနည်းငယ် အသာစီးရယူပြီး ကစားသွားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု (၆၀)ရာခိုင်နှုန်းနဲ့ အင်္ဂလန်တို့ ပွဲကို ထိန်းချုပ်ပြီး ကစားနိုင်ခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှု (၁၂)ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဂိုးရရှိဖို့ အပိုင် အခွင့်အရေးကြီး (၂)ကြိမ်လောက် အထိ ရရှိခဲ့ပေမဲ့လည်း အသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ အီတလီတို့ကတော့ အင်္ဂလန်မြေမှာ ထိန်းကစားနေခဲ့တာ ဖြစ်ပြီး၊ အင်္ဂလန်အသင်းဘက်ကို ဂိုးပေါက် ကန်သွင်းမှု (၈)ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဂိုးရဖို့ အခွင့်အရေးတချို့ ရရှိခဲ့ပေမဲ့ တိုက်စစ်ကစားသမားတွေ အဆုံးသတ် မသေချာမှုတွေကြောင့် ဂိုး ရရှိခဲ့ ခြင်းတော့မရှိခဲ့ပါဘူး။

အီတလီနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် နေရှင်လိဂ်သမိုင်းမှာ အင်္ဂလန်တို့ဟာ ပွဲပေါင်း (၁၅)ပွဲ အထိ ကစားထားခဲ့ပြီး၊ အဆိုပါ (၁၅)ပွဲမှာ (၇)ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ ခြင်းမရှိတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ (၇)ပွဲလုံးဟာလည်း နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ နေရှင်လိဂ်ပြိုင်ပွဲမှတ်တမ်းမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိတဲ့ အများဆုံး ပွဲ အရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ နီးကပ်လာချိန် ကပ်လျက် ကျင်းပနေတဲ့ နေရှင်လိဂ် ပြိုင်ပွဲကို ပြီးခဲ့တဲ့ နှစ်တွေကလောက် အသင်းကြီးတွေက အင်တိုက်အားတိုက် ယှဉ်ပြိုင်နေတာမျိုး မရှိတာကြောင့် ဒီနှစ် နေရှင်လိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ နှစ်တွေကလောက် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း မရှိဖြစ်နေတာပါ။ ကမ္ဘာ့ဖလား ဂယက်ကြောင်ပဲ ပြီးခဲ့တဲ့ နှစ်တွေကလောက် လူစိတ်ဝင်စားမှုလည်း နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။ အသင်းကြီး အများစုဟာ အရန်ကစားသမားတွေနဲ့ သာ ပွဲထွက်ယှဉ်ပြိုင်နေခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်းတွေနဲ့ ကစားသမားတွေကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကပ်လျက် ကျင်းပတဲ့ နေရှင်လိဂ်ပြိုင်ပွဲကိုလည်း ဝေဖန်မှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတွေကြောင့်ပဲ ဒီနှစ်နေရှင်လိဂ်ဟာ ပျင်းစရာ ဖြစ်နေခဲ့တာ ဖြစ်ပြီး အသင်းကြီးတွေ ရလဒ်မကောင်း ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဂျာမနီနဲ့ ဟန်ဂေရီတို့ရဲ့ ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ ကျခဲ့တာကြောင့် ဂျာမနီဟာလည်း အုပ်စု (၃)ပွဲဆက်တိုက် သရေကျခဲ့ပြီးနိုင်ပွဲ ရရှိဖို့ ရုန်းကန်နေခဲ့ရတုန်းပဲ ဖြစ်ပါတယ်။

ZAWGYI: ညက ကစားသွားခဲ့ကြတဲ့ အင်္ဂလန်နဲ့ အီတလီအသင်းတို့ရဲ့ နေရှင်လိဂ် အုပ်စုပွဲစဉ်(၃)မှာ တစ်သင်းနဲ့ တစ်သင်း ဂိုး သွင်းယူနိုင်ခဲ့ ခြင်းမရှိပဲ သရေကျသွားခဲ့တာ ကြောင့် အင်္ဂလန်တို့အတွက် နေရှင်လိဂ် (၃)ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ရပြီ ဖြစ်ပါတယ်။ နေရှင်လိဂ် အုပ်စုပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာ အင်္ဂလန်တို့ဟာ နိုင်ပွဲတစ်ပွဲမှ ရရှိထားခဲ့ခြင်းမရှိသေးပဲ အဆိုပါ(၃)ပွဲမှာ သွင်းဂိုးကလည်း (၁)ဂိုးသာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ရမှတ်(၂) မှတ်သာ ရရှိထားသေးပြီး၊ အုပ်စုတွင်းမှာလည်း ဇယားအောက်ဆုံးမှာ ရပ်တည်လျက်ရှိနေပါတယ်။