နော်တင်ဟမ် ဖောရက်အသင်းဟာ ချန်ပီယံရှစ် ပလေးအော့ဖ်ဖိုင်နယ်မှာ ဟက်ဒါဖီးဒ်ကို (၁-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီးတဲ့နောက် ပရီးမီးယားလိဂ်ဆီသို့ တန်းပြန်တက်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်တို့ဟာ ပွဲကစားချိန်(၄၃)မိနစ်မှာ ဟက်ဒါဖီးဒ် နောက်ခံလူ ကိုဝဲလ်ရဲ့ own goal နဲ့ အတူ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ (၁၉၉၈-၉၉)ဘောလုံးရာသီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်တို့ဟာ ဟက်ဒါဖီးဒ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပြီးတော့ နှစ်သင်းလုံးဟာ ပရီးမီးယားလိဂ်ဆီ တန်းတက်လာနိုင်ရေးအတွက် ရေကုန်ရေခမ်း ကြိုးစားကစားခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက် အနေနဲ့ကတော့ (၂၃)နှစ်ကြာပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်ဆီ တဖန်ပြန်ခြေချခွင့် ရရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်ဟာ နည်းပြ စတိဗ်ကိုပါ စတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အစပိုင်း ပွဲစဉ်(၇)ပွဲမှာ ရမှတ်(၁) မှတ်သာရရှိထားခဲ့တာ ဖြစ်ပါတယ်။

အမှတ်ပေးဇယားရဲ့ အောက်ဆုံးထိရောက်ရှိခဲ့ပြီး စိုးရိမ်စရာ အခြေအနေတွေအထိရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စတိဗ်ကိုပါဟာ နော်တင်ဟမ်ဖောရက်ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပြန်တင်ပေးခဲ့ပြီး နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ် ဝင်ခွင့်လက်မှတ်ပါ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် သမိုင်းမှာ ချန်ပီယံလိဂ်ဖလားကို ရရှိထားခဲ့ဖူးတဲ့ အင်္ဂလန်ကလပ်အသင်း(၅) သင်း ရှိထားခဲ့ပါတယ်။ ဒီအသင်းထဲမှာ နော်တင်ဟမ်ဖောရက်လည်း ပါဝင်ခဲ့ပြီး လီဗာပူးလ်က (၆)ကြိမ်၊ မန်ချက်စတာ ယူနိုက်တက်က (၃)ကြိမ်၊ ချဲလ်ဆီးက (၂)ကြိမ်၊ နော်တင်ဟမ်ဖောရက်က (၂)ကြိမ်နဲ့ အက်စတွန်ဗီလာ တို့က (၁)ကြိမ်စီ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်ဟာ (၁၉၇၉)နဲ့ (၁၉၈၀)ခုနှစ်တွေမှာ (၂)နှစ်ဆက်တိုက် ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တာလည်းပဲ ဖြစ်ပါတယ်။ အာဆင်နယ်၊ မန်စီးတီးတို့ထက် သာလွန်တဲ့ သမိုင်းကြောင်းတွေနဲ့ တချိန်က ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး တစ်သင်း ဖြစ်ခဲ့တဲ့ နောတင်ဟမ် ဖောရက် ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာတာကြောင့် လာမယ့် ရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ် ဖလား ရဖူးတဲ့ အသင်း (၅) သင်း အထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

နောတင်ဟမ်ဖောရက်တို့ အခုလို ပရီးမီးယားလိဂ်ဆီ တဖန်ပြန်တက်လှမ်းခွင့် ရရှိလာခဲ့တဲ့ နေရာမှာ မန်ယူနိုက်တက်ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဂျိမ်းစ်ဂါနာရဲ့ ခြေစွမ်းတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ညကပွဲစဉ်မှာဆိုရင်လည်း ဂျိမ်းစ်ဂါနာဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတောင် ရရှိခဲ့ပါတယ်။ ချန်ပီယံရှစ်မှာ နောတင်ဟမ်ဖောရက် အသင်းအတွက် ပွဲပေါင်း (၄၁) ပွဲ အထိ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ (၄၁)ပွဲမှာ သွင်းဂိုး (၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၈)ကြိမ် အထိရှိထားခဲ့ပြီး (၂၀၂၁-၂၂) ချန်ပီယံရှစ်ဘောလုံး ရာသီတစ်လျှောက် ဂျိမ်းစ်ဂါနာရဲ့ စုစုပေါင်း အဆင့်သက်မှတ်ချက်က (၇.၃၈) အထိ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ လာမယ့်ရာသီ မန်ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပြီး၊ ဂျိမ်းစ်ဂါနာ အနေနဲ့ ပရီးမီးယားလိဂ် ကလပ်တစ်သင်းသင်းထံ ထပ်မံ အငှားထွက် ကစားဖို့ ရှိနေပေမဲ့ မန်ယူနိုက်တက် နည်းပြသစ်တန်ဟတ်ကတော့ ဂျိမ်းစ်ဂါနာကို ရာသီကြို ခြေစမ်းပွဲတွေမှာ စမ်းသပ် အသုံးပြုချင်နေတာ ဖြစ်ပါတယ်။ တကယ်လို့ ဂျိမ်းစ်ဂါနာ အနေနဲ့ ရာသီ ခြေစမ်းပွဲတွေမှာ သာ တန်ဟတ် အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသနိုင်ခဲ့မယ်ဆိုရင် လာမယ့်ရာသီ မန်ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ နေရာရလာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI: နော်တင်ဟမ် ဖောရက်အသင်းဟာ ချန်ပီယံရှစ် ပလေးအော့ဖ်ဖိုင်နယ်မှာ ဟက်ဒါဖီးဒ်ကို (၁-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီးတဲ့နောက် ပရီးမီးယားလိဂ်ဆီသို့ တန်းပြန်တက်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်တို့ဟာ ပွဲကစားချိန်(၄၃)မိနစ်မှာ ဟက်ဒါဖီးဒ် နောက်ခံလူ ကိုဝဲလ်ရဲ့ own goal နဲ့ အတူ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ (၁၉၉၈-၉၉)ဘောလုံးရာသီနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။