ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီဆီးယက်စ် ဂျူနီယာက သူ့အနေနဲ့ ဘလွန်းဒီအော်ဆု ရယူနိုင်ဖို့ အကြာကြီး စောင့်ရဦးမှာ ဖြစ်တယ်လို့ ပြောလိုက်ပြီး၊ သူ့ရဲ့ အသင်းဖော် ကာရင် ဘန်ဇီမာဟာ ဒီနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံရလိမ့်မယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ ဗင်နီဆီးယက်စ်ဟာ ပြီးခဲ့တဲ့ မေလမှာ ရီးရဲလ်မက်ဒရစ် အသင်းက လီဗာပူးလ် အသင်းကို အနိုင်ယူကာ သူတို့ရဲ့ ၁၄ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကြီး ဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပြီး၊ လာလီဂါ ချန်ပီယံဆု ရရှိခဲ့ရာမှာလည်း အသင်းကို အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီဘရာဇီးလ်သားဟာ ၂၀၂၁-၂၀၂၂ခုနှစ် ဘောလုံးရာသီ အတွင်း ပြိုင်ပွဲအရပ်ရပ်မှာ ၂၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပြီး၊ ယခင်နှစ် ဘောလုံးရာသီက ဥရောပ ထိပ်တန်းလိဂ် ၅ခုထဲမှာ ဗင်နီဆီးယက်စ်ထက် ဂိုးဖန်တီးမှု အကြိမ်ရေ ပိုများတဲ့ ကစားသမား ၃ဦးသာ ရှိခဲ့ပါတယ်။ အဆိုပါ ကစားသမား ၃ဦးကတော့ ဘိုင်ယန်မြူးနစ် တောင်ပံ တိုက်စစ်မှူး သောမတ်စ်မူလာ ၂၂ကြိမ်၊ ပီအက်စ်ဂျီ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ ၂၁ကြိမ်နဲ့ လီဗာပူးလ် နောက်ခံလူ ထရန့် အလက်ဇန္ဒား အာနိုးလ် ၁၈ကြိမ်တို့ပဲ ဖြစ်ကြပါတယ်။

ဗင်နီဆီးယက်စ်ရဲ့ ဒီလို ခြေစွမ်းတွေကြောင့် ဘရာဇီးလ် အသင်းနဲ့အတူ ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီဗယ်ဒိုက ရီးရဲလ်မက်ဒရစ် လူငယ် ကြယ်ပွင့်ဟာ လာမယ့်နှစ်မှာ ဘလွန်းဒီအော်ဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ မကြာသေးမီက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဗင်နီဆီးယက်စ်က ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေ ဖြစ်ကြတဲ့ လူကာမိုဒရစ်နဲ့ ကာရင် ဘန်ဇီမာတို့လို ဥပမာတွေကို ကြည့်မယ်ဆိုရင် သူ့အနေနဲ့ ဘလွန်းဒီအော်ဆု ဆွတ်ခူးနိုင်ဖို့ အကြာကြီး စောင့်ရလိမ့်ဦးမယ်လို့ အခုလို ထုတ်ပြော ခဲ့ပါတယ်။

“ဘလွန်းဒီအော်ဆု အပါအဝင် အခြားသော အောင်မြင်မှုတွေက အချိန်တန်ရင် သူ့သဘာဝအတိုင်း ရောက်လာမယ့် အရာတွေပါ။ ကာရင် ဘန်ဇီမာက အသက် ၃၅နှစ်ရှိပြီဖြစ်ပြီး၊ ဒီနှစ်မှာ အဲဒီဆုကို သူ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲလိုပဲ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က ဘလွန်းဒီအော်ဆု ရရှိခဲ့တဲ့ မိုဒရစ်ရဲ့ အသက်ဟာ ၃၃နှစ် ရှိနေပါပြီ။ ကျွန်တော့် အနေနဲ့ ဒီဆုကို သူတို့လို စိန်ခေါ်နိုင်ဖို့ နှစ်တွေ အများကြီး စောင့်ရဦးမှာပါ။”

“တကယ်လို့ ဘုရားသခင်က ကျွန်တော့်ကို ဘလွန်းဒီအော်ဆု ဆွတ်ခူးနိုင်ဖို့ ဆန္ဒရှိခဲ့ရင်တောင်၊ ကျွန်တော် ဒီဆုကို ရယူနိုင်ဖို့ အတွက် အရမ်းရှည်လျားတဲ့ ခရီးလမ်းတခု ဖြတ်သန်းပြီးမှ၊ ပန်းတိုင်ကို ရောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော့် အသက်က အခုမှ၂၁နှစ်ပဲ ရှိပါသေးတယ်။ အဲဒါကြောင့် ဒီအသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ၅ကြိမ်အထိ ရယူနိုင်ခဲ့ကြတဲ့ ကာရင် ဘန်ဇီမာ၊ လူကာမိုဒရစ်နဲ့ မာဆယ်လိုတို့ရဲ့ လမ်းစဉ်ကိုလိုက်ပြီး၊ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။”

“ဖြစ်နိုင်မယ်ဆိုရင် သူတို့လို အောင်မြင်ချင်ပြီး၊ အဲလို မဟုတ်ရင်တောင် သူတို့နဲ့ အနီးစပ်ဆုံး အောင်မြင်မှုမျိုး ရယူချင်ပါတယ်။ ဒီကစားသမားတွေက ကျွန်တော့် အတွက် စံပြ ကစားသမားတွေ ဖြစ်လိမ့်မယ်လို့ တယောက်ယောက်က ပြောလာခဲ့ရင်လည်း ငြင်းစရာမရှိပါဘူး။ ဘန်ဇီမာဟာ ကျွန်တော် သူ့အပေါ်ထားရှိတဲ့ လေးစားမှုမျိုးနဲ့ အပြန်အလှန် လေးစားတတ်တဲ့သူ ဖြစ်ပြီး၊ သူ့ကို အချိန် အတော်ကြာ ကတည်းက ကျွန်တော် လေးစား အားကျခဲ့ရတာပါ။ ”

” ပြောရမယ်ဆိုရင် ကျွန်တော်က သူ့ရဲ့ အမာခံ ပရိတ်သတ် တယောက်ပါ။ ကျွန်တော် အားကျရတဲ့ ကစားသမားနဲ့ ဒီနေ့ဒီအချိန်မှာ အတူတွဲ ကစားခွင့် ရနေတာက မယုံနိုင်စရာပါပဲ။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူက ကျွန်တော့်ကို ကမ္ဘာ့ထိပ်တန်း ကစားသမား ၅ယောက်ထဲက တယောက်အဖြစ် ချီးကျူးခဲ့တာကြောင့် တကယ်ကို ဝမ်းသာမိပါတယ်။”

ZAWGYI: ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီဆီးယက်စ် ဂျူနီယာက သူ့အနေနဲ့ ဘလွန်းဒီအော်ဆု ရယူနိုင်ဖို့ အကြာကြီး စောင့်ရဦးမှာ ဖြစ်တယ်လို့ ပြောလိုက်ပြီး၊ သူ့ရဲ့ အသင်းဖော် ကာရင် ဘန်ဇီမာဟာ ဒီနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံရလိမ့်မယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ ဗင်နီဆီးယက်စ်ဟာ ပြီးခဲ့တဲ့ မေလမှာ ရီးရဲလ်မက်ဒရစ် အသင်းက လီဗာပူးလ် အသင်းကို အနိုင်ယူကာ သူတို့ရဲ့ ၁၄ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကြီး ဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပြီး၊ လာလီဂါ ချန်ပီယံဆု ရရှိခဲ့ရာမှာလည်း အသင်းကို အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။