ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ၂၀၂၂ခုနှစ် အတွက် လာမယ့် အောက်တိုဘာလ ၁၇ရက်နေ့မှာ ကျင်းပမယ့် ဘလွန်းဒီအော် ဆုပေးပွဲမှာ ဒီဆုကို ဘယ်ကစားသမား ရရှိသင့်လဲ ဆိုတာကို ထုတ်ပြောသွားခဲ့ပါတယ်။ ဒီနှစ် ဘလွန်းဒီအော်ဆု ရရှိသင့်တဲ့ ကစားသမား အဖြစ် မက်ဆီ ရွေးချယ်ပေးလိုက်တာက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ဖြစ်ပြီး၊ အသက် ၃၄နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ဒီဆုကို သူ့အတွက် ၇ကြိမ်မြောက် အဖြစ် စံချိန်တင် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ်မှာတော့ မက်ဆီဟာ ဘလွန်းဒီအော် ဆုအတွက် ရေပန်းစားတဲ့ ကစားသမား အနေနဲ့ ရှိမနေတော့ပဲ၊ ဒီနှစ်အတွက် ရေပန်းစားနေတဲ့ ကစားသမားတွေက ကာရင် ဘန်ဇီမာ၊ မိုဟာမက် ဆာလာနဲ့ ဆာဒီယို မာနေးတို့ပဲ ဖြစ်ကြပါတယ်။ အဆိုပါ ကစားသမား ၃ယောက်စလုံးဟာ မေလ ၂၈ရက်နေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်ခဲ့ကြသူတွေ ဖြစ်ပြီး၊ ဒီဗိုလ်လုပွဲမှာ ကာရင် ဘန်ဇီမာရဲ့ ရီးရဲလ်မက်ဒရစ် အသင်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီဟာ ပြင်သစ်သား အတွက် အရမ်း အထင်ကြီးစရာကောင်းတဲ့ ဘောလုံးရာသီ တခုလို့ ဆိုနိုင်တာကြောင့် အောက်တိုဘာလ ၁၇ရက်နေ့မှာ ချီးမြှင့်မယ့် ဘလွန်းဒီအော်ဆုကို ဘန်ဇီမာ ရရှိသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း မက်ဆီက အခုလို ပြောလိုက်ပါတယ်။ “ဘန်ဇီမာဟာ အံ့ဩစရာ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ပြီး၊ ဒီနှစ်ရဲ့ ဘလွန်းဒီအော်ဆုဟာ သူ့အတွက်ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

“သူဟာ ဒီနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ၁၆သင်းအဆင့် ပွဲစဉ်ကစပြီး၊ နောက်ဆုံး ဗိုလ်လုပွဲအထိ မရှိမဖြစ် အရေးပါတဲ့ ကစားသမား အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ ပြသခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ သွင်းဂိုးတွေက ရီးရဲလ်မက်ဒရစ် အသင်း ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ရာမှာ အဆုံးအဖြတ် ပေးနိုင်ခဲ့တာကြောင့်၊ ဘလွန်းဒီအော် ဆုပေးပွဲမှာ ဘန်ဇီမာ အောင်ပွဲခံသွားလိမ့်မယ် ဆိုတာကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်နေပါတယ်။” လို့ မက်ဆီက ထုတ်ပြောခဲ့ပါတယ်။

ဘန်ဇီမာဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ချန်ပီယံလိဂ် သူရဲကောင်း ဖြစ်ခဲ့ပြီး၊ သူဟာ ဒီပြိုင်ပွဲတလျှောက် ၁၅ဂိုးသွင်းယူကာ ဒီရာသီ ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒီပြင်သစ်သားဟာ ပီအက်စ်ဂျီ အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဉ်၊ ချဲလ်ဆီး အသင်းနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တို့မှာ ထူးထူးခြားခြား ဟက်ထရစ် ၂ပွဲဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘန်ဇီမာဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ သွင်းဂိုး၂၇ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး၊ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ လာလီဂါ ချန်ပီယံဆုကို ကိုင်မြှောက် နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ၄၆ပွဲ ကစားကာ ၄၄ဂိုးသွင်းယူ နိုင်ခဲ့တဲ့ ဘန်ဇီမာဟာ ဘလွန်းဒီအော် ဆုအတွက် ရေပန်းအစားဆုံး ကစားသမား အဖြစ် သတ်မှတ် ခံထားရတာပါ။

ZAWGYI: ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ၂၀၂၂ခုနှစ် အတွက် လာမယ့် အောက်တိုဘာလ ၁၇ရက်နေ့မှာ ကျင်းပမယ့် ဘလွန်းဒီအော် ဆုပေးပွဲမှာ ဒီဆုကို ဘယ်ကစားသမား ရရှိသင့်လဲ ဆိုတာကို ထုတ်ပြောသွားခဲ့ပါတယ်။ ဒီနှစ် ဘလွန်းဒီအော်ဆု ရရှိသင့်တဲ့ ကစားသမား အဖြစ် မက်ဆီ ရွေးချယ်ပေးလိုက်တာက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ဖြစ်ပြီး၊ အသက် ၃၄နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ဒီဆုကို သူ့အတွက် ၇ကြိမ်မြောက် အဖြစ် စံချိန်တင် ရရှိခဲ့ပါတယ်။