လီဗာပူးလ် အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်က လက်ရှိ လီဗာပူးလ် အသင်းဟာ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အသင်းနဲ့ မတူတော့ဘူးလို့ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ် အသင်းကို သတိပေးစကား ပြောလိုက်ပါတယ်။ ဂျာဂန်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဂါရတ်သ်ဘေးလ်ရဲ့ ခြေစွမ်းပြမှုနဲ့၊ လီဗာပူးလ် ဂိုးသမား ကားရီးယက်စ်ရဲ့ အမှားတွေကြောင့် စပိန် ထိပ်သီးကလပ်ကို ၃-၁ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒါပေမယ့် သူတို့ဟာ အဆိုပါ အရှုံးကို ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လက်စားချေခွင့်ရဖို့ အခွင့်အရေး ရှိလာခဲ့ပြီ ဖြစ်ပြီး၊ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ် အသင်းတို့ဟာ လာမယ့် စနေညမှာ ဥရောပ ချန်ပီယံဘွဲ့ အတွက် ယှဉ်ပြိုင်ရတော့မှာပါ။ လက်ရှိ လီဗာပူးလ် အသင်းဟာ ၂၀၁၈ခုနှစ်က အသင်းနဲ့ ကြီးကြီးမားမား အပြောင်းအလဲ မရှိပေမယ့်၊ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုမှာ အရင်ကနဲ့ မတူတော့ပဲ သားရဲတွေလို စိတ်ဓာတ်မျိုး ပြောင်းလဲသွားခဲ့ပြီလို့ ဟန်ဒါဆန်က ရီးရဲလ်မက်ဒရစ် အသင်းကို အခုလို သတိပေးသွားခဲ့ပါတယ်။

“ရီးရဲလ်မက်ဒရစ် အသင်းက ဒီတကြိမ်မှာ မတူညီတဲ့ လီဗာပူးလ် အသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာ အသေအချာပါပဲ။ ၂၀၁၈ခုနှစ်က ကျွန်တော်တို့ အသင်းဟာ အရမ်းကောင်းတဲ့ အနေအထားနဲ့ ဗိုလ်လုပွဲကို ရောက်ခဲ့တာ ဖြစ်ပြီး အသင်းက လူငယ်လေးတွေဟာ မယုံနိုင်အောင် စွမ်းဆောင်ပြခဲ့ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ အသင်းဟာ အဲဒီတုန်းကနဲ့ မတူတော့ပဲ အများကြီး ရင့်ကျက်မှုတွေ ရှိလာခဲ့ပါပြီ။ ကျွန်တော်တို့ အသင်းကို ကစားသမား အသစ်တွေ ရောက်လာခဲ့ပြီး၊ သူတို့က အသင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။”

“ကျွန်တော်တို့ဟာ ၂၀၁၈ခုနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အလားတူ ဆိုးရွားတဲ့ အခိုက်အတန့်တွေ ကြုံခဲ့ရပါသေးတယ်။ ဒါပေမယ့် အဲဒါတွေကနေ ကျွန်တော်တို့ သင်ယူနိုင်ခဲ့ပြီး၊ တိုးတက်အောင် ပြုပြင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လက်ရှိ ကျွန်တော်တို့ အသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ရီးရဲလ်မက်ဒရစ် အသင်း ရင်ဆိုင်ခဲ့ဖူးတဲ့ လီဗာပူးလ် အသင်းနဲ့ မတူတော့ဘူးလို့ ကျွန်တော် အသေအချာကို ခံစားမိနေတာပါ။” ဟန်ဒါဆန်ဟာ အမ်လင်းဟုခ်ျရဲ့ ခြေရာကိုနင်းပြီး ဥရောပ ချန်ပီယံ ဆုဖလား၂ကြိမ် ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် လီဗာပူးလ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်ပေမယ့်၊ ဒီကွင်းလယ်လူက သူ့ရဲ့ အမြင်ကို အခုလို ထပ်ပြောသွားခဲ့ပါတယ်။

“ခင်ဗျားတို့ကသာ အမ်လင်းဟုခ်ျကို ဥရောပ ချန်ပီယံ ဆုဖလား ၂ကြိမ်ရယူနိုင်တဲ့ တဦးတည်းသော လီဗာပူးလ် အသင်းခေါင်းဆောင်လို့ ပြောနေကြတာပါ။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ လီဗာပူးလ် အသင်း ဥရောပ ချန်ပီယံ ဆုဖလား၂လုံး ရခဲ့တာလို့တော့ အမ်လင်းဟုခ်ျက ပြောခဲ့မှာ မဟုတ်တာ သေချာပါတယ်။ ကျွန်တော်တို့သာ ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ရင်၊ ဒီအောင်မြင်မှုက ဘယ်သူ တဦးတယောက်တည်းရဲ့ စွမ်းဆောင်ရည်ကြောင့်မှ မဟုတ်ပဲ၊ လီဗာပူးလ်နဲ့ သက်ဆိုင်သူ အားလုံးရဲ့ ကြိုးစားမှုကြောင့် အောင်မြင်ခဲ့တာလို့ ကျွန်တော် ယူဆမှာပါ။”

“ဟုတ်ပါတယ် လာမယ့် စနေညမှာ ကျွန်တော်က အသင်းခေါင်းဆောင် လက်ပတ် ဝတ်ထားမှာဖြစ်ပြီး၊ ဒီအသင်းမှာ ကျွန်တော် ကစားခဲ့တာ အချိန်တွေ ကြာခဲ့ပြီ ဆိုပေမယ့်၊ အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အခြားသော ခေါင်းဆောင်တွေလည်း ရှိနေပါသေးတယ်။ နောက်ပြီး ကျွန်တော်တို့ အသင်းမှာ အသင်းခေါင်းဆောင် မဟုတ်ပေမယ့် ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေ အများကြီး ရှိနေသေးတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ အောင်မြင်မှုတိုင်းက စုပေါင်း ကြိုးစားမှုနဲ့ပဲ သက်ဆိုင်တယ်လို့ ပြောချင်ပါတယ်။”

ZAWGYI: လီဗာပူးလ် အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်က လက်ရှိ လီဗာပူးလ် အသင်းဟာ ၂၀၁၈ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အသင်းနဲ့ မတူတော့ဘူးလို့ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ် အသင်းကို သတိပေးစကား ပြောလိုက်ပါတယ်။ ဂျာဂန်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဂါရတ်သ်ဘေးလ်ရဲ့ ခြေစွမ်းပြမှုနဲ့၊ လီဗာပူးလ် ဂိုးသမား ကားရီးယက်စ်ရဲ့ အမှားတွေကြောင့် စပိန် ထိပ်သီးကလပ်ကို ၃-၁ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။