ဘေးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရစေနိုင်ပြီး လုပ်ငန်းခွင်မလုံခြုံမှုဖြစ်စေနိုင်တဲ့ ကာရင်းတန်ရေကူးကန်က လျော့လျဲပြီးပွန်းပဲ့အက်ကွဲနေသောကြွေပြားများကို ခရစ်စတီယာနိုရော်နယ်လ်ဒိုက ကွန်ပလိန်းတက်ခဲ့ပြီးနောက် ကလပ်ရေကူးကန်ကို မန်ချက်စတာယူနိုက်တက်ဝန်ထမ်းများက မဖြစ်မနေအဆင့်မြှင့်တင်ပေးခဲ့ကြရပါတယ်။ ဒီရေကူးကန်ဟာ ၂၀၀၉ ကတည်းက မပြောင်းလဲခဲ့တာဆိုတာကို သိလိုက်ရလို့ ရော်နယ်လ်ဒိုက ရှော့ခ်ရသွားခဲ့ပါတယ်။

လုပ်ငန်းခွင်ဘေးကင်းရေးခြိမ်းခြောက်မှုဖြစ်နေတယ်လို့ ကွန်ပလိန်းတက်ခဲ့ပြီးနောက် ကလပ်လေ့ကျင့်ရေးကွင်းရေကူးကန်ကို မန်ယူနိုက်တက်တို့ မဖြစ်မနေအဆင့်မြင့်တင်ပြုပြင်ဖို့ ရော်နယ်လ်ဒိုက ဖိအားပေးနိုင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ရီးယဲမက်ဒရစ်ကိုထွက်ခွာခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို ရိုမက်တစ်ဆန်တဲ့တကျော့ပြန်နဲ့ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၉ ကတည်းကထွက်ခွာသွားခဲ့တာ့ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကာရင်းတန်ရေကူးကန်ကို တစက်လေးတောင်မပြောင်းလဲထားဘူးဆိုတာ ရော်နယ်လ်ဒိုသိလိုက်ရတာကြောင့် မယုံနိုင်အောင် အံ့သြမင်သက်သွားခဲ့ရပါတယ်။

မန်ယူလေ့ကျင့်ရေးကွင်းက ပင်မရေကူးကန်ကိုရော ဒိုင်ဗင်ရေကူးကန်ကိုပါ ပြန်လည်ပြုပြင်မွမ်းမံခြင်းမရှိသရွေ့ သူ အသုံးပြုဖို့အစီအစဉ်မရှိကြောင်း Aon လေ့ကျင့်ရေးကွန်ပလက်စ်ကအကြီးအကဲတွေကို ရော်နယ်လ်ဒိုကပြောခဲ့တယ်လို့ သိရပါတယ်။ လျော့လျဲ၊ အက်ကွဲပြီး အကွက်လျော့တဲ့နေရာလျော့နေတဲ့ကြွေပြားတွေက အန္တရာယ်ကိုဖိတ်ခေါ်နေတယ်လို့ သူကပြောခဲ့တာလို့ သတင်းရရှိပါတယ်။

သူ့ရဲ့ကွန်ပလိန်းကို ယူနိုက်တက်တာဝန်ရှိသူတွေက အလေးအနက်သဘေားထားခဲ့ကြပြီး ရေကန်နှစ်ကန်လုံးကို ပြုပြင်မွမ်းမံရေးတွေလုပ်ဖို့ ချက်ချင်းညွှန်ကြားခဲ့ကြပါတယ်။ ဇူလိုင်လလယ်မှာစတင်မယ့် ရာသီကြိုမတိုင်မီ ဒီလုပ်ငန်းတွေပြီးစီးမှာဖြစ်ပါတယ်။ ကာရင်းတန်နဲ့ အိုးထရက်ဖို့ဒ် နှစ်နေရာလုံးမှာ ကျဆင်းလာတဲ့အဆင့်အတန်းတွေကြောင့် သူပြန်ရောက်လာချိန်ကစလို့ ရော်နယ်လ်ဒိုစိတ်ပျက်ခဲ့ရတယ်လို့ သိရပါတယ်။

ယခုရေကူးကန်ပြဿနာကတော့ သူ့ရဲ့အကြီးဆုံးစိတ်ပျက်ရခြင်းဖြစ်ပါတယ်။ ဒါကိုပိုသေချာစေတာကတော့ လေ့ကျင့်ရေးကွင်းရဲ့ပြင်ပမှာ သူ့ရဲ့ရေအခြေခံလေ့ကျင့်ခန်းတွေ လုပ်နိုင်ဖို့အတွက် ချက်ရှိုင်းယားက အငှားအိမ်မှာ အင်ဒိုးရေကူးကန်သေချာပေါက်ပါဝင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းက အားကစားလေ့ကျင့်ရေးခန်းမကို သူသွားဖို့လိုတယ်လို့ ရော်နယ်လ်ဒို ဘာလို့ခံစားရလဲဆိုတာကို မန်ယူလေ့ကျင့်ရေးကွင်းက အသုံးအဆောင် အဆောက်အဦများအပေါ် သူ့ရဲ့စိတ်ရှုပ်ထွေးရခြင်းက ရှင်းပြပေးနိုင်ပြီဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ကနပ်ဖို့ဒ်က တလ ၂၂၅ ပေါင် သီးသန့်လေ့ကျင့်ရေးအားကစားရုံတခုမှာ စာရင်းသွင်းထားတာပါ။

မန်ယူပိုင်ရှင်ဂလေဇာတွေဟာ သူတို့ရဲ့ယူနိုက်တက်ပိုင်ရှင်ကာလအတွင်း အခြေခံအဆောက်အဦများအတွက် ပေါင် ၁၈၃ သန်းတည်းသုံးထားတာလို့ ဆွစ်ရမ်ဘယ်ရဲ့ သုတေသနအရသိရပါတယ်။ ရော်နယ်လ်ဒိုအံ့အားသင့်ခဲ့ရတဲ့ လေ့ကျင့်ရေးကွင်းအသုံးအဆောင်များရဲ့ ညံ့ဖျင်းတဲ့ကွာလတီကို ဒီအချက်ကရှင်းပြနေပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့၊ ဆောင်းတွင်းတခုလုံးဒုက္ခပေးခဲ့တဲ့ ရေပူရေအေးပြဿနာကိုဖြေရှင်းဖို့ ဘွိုင်လာစနစ်တခုတည်းအတွက် ပေါင်နှစ်သိန်းသုံးထားတယ်လို့ သိရပါတယ်။ မနှစ်တုန်းကတော့ ထပ်တိုးအဝတ်လဲခန်းများ၊ ရုံးခန်းများ၊ ဂျင်မ်နဲ့ အစားအသောက်စီစဉ်ပြင်ဆင်ရေးနေရာများ ဆောက်လုပ်ခွင့်အတွက် ပါမစ်လျှောက်ခဲ့ပါတယ်။

ZAWGYI: ဘေးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရစေနိုင်ပြီး လုပ်ငန်းခွင်မလုံခြုံမှုဖြစ်စေနိုင်တဲ့ ကာရင်းတန်ရေကူးကန်က လျော့လျဲပြီးပွန်းပဲ့အက်ကွဲနေသောကြွေပြားများကို ခရစ်စတီယာနိုရော်နယ်လ်ဒိုက ကွန်ပလိန်းတက်ခဲ့ပြီးနောက် ကလပ်ရေကူးကန်ကို မန်ချက်စတာယူနိုက်တက်ဝန်ထမ်းများက မဖြစ်မနေအဆင့်မြှင့်တင်ပေးခဲ့ကြရပါတယ်။ ဒီရေကူးကန်ဟာ ၂၀၀၉ ကတည်းက မပြောင်းလဲခဲ့တာဆိုတာကို သိလိုက်ရလို့ ရော်နယ်လ်ဒိုက ရှော့ခ်ရသွားခဲ့ပါတယ်။