မန်ယူကတော့ အာရှမှာ နိုင်ပွဲဆက်နေပြီး သြစတြေးလျမြေမှာလည်း အောင်ပွဲခံခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟတ်ဟာ ပွဲထွက် ကစားသမားစာရင်းကို အထိုင်ကျအောင် ပြုလုပ်နေပုံပေါ်ပြီး လီဗာပူးကို အနိုင်ရခဲ့တဲ့လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲ မပြုလုပ်ခဲ့ပါဘူး။ တိုက်စစ်မှာ မာရှယ်၊ အီလန်ဂါ၊ ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့ကို တွဲပေးခဲ့တာပါ။ ကှငျးလယျမာှာတော့ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ အတွဲကိုပဲ ဆက်သုံးခဲ့ပြီးနောက်တန်းမှာ မက်ဂွဲရား ပြန်ပါလာခဲ့ကာလင်ဒီလော့ဖ်၊ လုရှောခ်၊ ဒါလော့တို့နဲ့ ပွဲထွက်ကစားစေခဲ့ပါတယ်။

ဂေါင်းကြီးတို့ကတော့ ပါလာတာနဲံ့ပွဲဆူစေတယ်လို့ ပြောရမလိုပဲ ပွဲအစ ၅ မိနစ်မှာကတည်းက မဲလ်ဘုန်းတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ မန်ယူရဲ့ အထနှေးမှုကို အခွင့်ကောင်းယူကာ မဲလ်ဘုန်းတို့ ဘယ်ခြမ်းတစ်လျှောက် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးဧရိယာအတွင်းထဲ ချိုးပေးရာမှာတော့ Ikonomidis က ပိတ်သွင်းယူခဲ့တာပါ။ ဒီဂိုးမှာ မက်ဂွဲရားရဲ့အမှားမကင်းခဲ့ဘဲ ရာသီသစ်ရောက်နေပေမဲ့ ပြီးခဲ့တဲ့ရာသီကလို လေးကန်နေတုန်းပါပဲ။

စောစောစီးစီး ဂိုးရသွားခဲ့ပြီးနောက် မဲလ်ဘုန်းဟာ နောက်တန်းမှာပဲ ဘက်စ်ကားကွက်ထိုင်ခဲ့ပါတယ်။ ခြေမ်းပွဲဆိုပေမဲ့လည်း မဲလ်ဘုန်းတို့ရလဒ်ပိုင်းကို ပိုအာရုံစိုက်ခဲ့ပုံပါ။ မဲလ်ဘုန်းတို့ ခံစစ်ထိုင်တဲ့အချိန်မှာမန်ယူရဲ့အားနည်းချက်တွေ တွေ့မြင်ခဲ့ရပြီး တိုက်စစ်က ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်ခဲ့ပါတယ်။ မန်ယူကွင်းလယ်မှာ တော်မီနေးက သာမန်ဘောလုံးပေးပို့မှုတွေနဲ့ အချိန်ကုန်နေခဲ့သလို တောင်ပံမှာလည်း အီလန်ဂါ၊လုရှောခ်တို့ဘက်က သေနေခဲ့ပါတယ်။

ဒါပေမဲ့ ဆန်ချိုနဲ့ ဒါလော့တို့ဘက်ခြမ်းကလည်း လှုပ်ခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ မန်ယူတိုက်စစ်မှာ အထူးသဖြင့် ပြောစရာရှိတာ မာရှယ်လ်ပါ။ လီဗာပူးနဲ့ပွဲမျာ ခြေစွမ်းပြခဲ့တဲ့ မာရှယ်ဟာ ဒီပွဲမှာလည်းပုံစံကောင်း ပြသခဲ့ပါတယ်။ မဲလ်ဘုန်းရဲက Low block တွေကို မန်ယူ ဖြိုခွင်းဖို့ ခက်ခက်ခဲခဲ ကစားရခဲ့ပေမဲ မာရှယ်၊ ဆန်ချိုတို့ရဲ့ လုပ်အားနှုန်းက အားရစရာပါ။ တန်ဟတ်လက်ထက်မှာ မန်ယူရဲ့ ကစားပုံက ပိုပြီးတည်ငြိမ်လာပြီး ခံစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့တွေ့ရင် ယုံကြည်ချက် ပိုရှိလာမယ့်အရိပ်အယောင်ပါပဲ။

ဂိုးရဖို့ ခက်နေတဲ့ မန်ယူအတွက် ၄၃ မိနစ်မှာ တွမ်မီနေးကဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး မဲလ်ဘုန်း ကစားသမားရဲ့ ပေးပို့မှုကို ကြားဖြတ်ယူကာ ကန်သွင်းခဲ့ရာ ရှေ့က ကစားသမားနဲ့ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။ ချက်ချင်းဆိုသလို မန်ယူရဲ့ တိုက်စစ်အားတက်လာခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ လှပတဲ့ တိုက်စစ်ဆင်မှုကနေ အီလန်ဂါရဲ့ ပေးပို့မှုကို မာရှယ်လ်က အဆုံးသတ်ခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ မန်ယူဟာ ဂိုးသမားကလွဲရင်တစ်သင်းလုံးကို လူစားလဲပြီး အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဗန်ဒီဘ်တချ်၊ ရက်ဖို့ဒ်၊ မာလာစီယာ၊ တဲလက်စ်၊ ဘိုင်လီ၊ တန်ဟစ်ချောင်၊Savage၊ ဒီရယ်လိုတို့လို ကစားသမားတွေ ဝင်ကစားခဲ့ပြီး ရက်ဖို့ဒ်ကအသင်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မန်ယူကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုလွှမ်းမိုးထားခဲ့ပြီး မဲလ်ဘုန်းက တိုက်စစ်ဆင်မှုတချို့ပြုလုပ်ခဲ့ပေမဲ့ ထိရောက်မှု မရှိခဲ့ပါဘူး။ ၇၈ မိနစ်မှာတော့ မန်ယူတို့ တတိယမြောက်ဂိုးရခဲ့ပြီးတိုက်စစ်အထိ လိုက်ပါလာတဲ့ ဘိုင်လီရဲ့ အကွက်မြင်မြင်ပေးပို့မှုကို ရက်ဖို့ဒ်က အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာပါ။ တိုက်စစ်မချတဲ့ မန်ယူတို့ ပွဲပြီးခါနီးမှာ ပွဲသိမ်းဂိုးရခဲ့ပြီး တာဟစ်ချောင်ရဲ့ ဖြတ်ချိုးပေးမှုကို မဲလ်ဘုန်းနောက်တန်းက ဖြတ်ထုတ်ဖို့ ကြိုးပမ်းရင် ကိုယ့်ဂိုးကိုယ် သွင်းခဲ့မိတာပါ။

ZAWGYI: မန်ယူကတော့ အာရှမှာ နိုင်ပွဲဆက်နေပြီး သြစတြေးလျမြေမှာလည်း အောင်ပွဲခံခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြသစ် တန်ဟတ်ဟာ ပွဲထွက် ကစားသမားစာရင်းကို အထိုင်ကျအောင် ပြုလုပ်နေပုံပေါ်ပြီး လီဗာပူးကို အနိုင်ရခဲ့တဲ့လူစာရင်းကို ကြီးကြီးမားမား အပြောင်းအလဲ မပြုလုပ်ခဲ့ပါဘူး။ တိုက်စစ်မှာ မာရှယ်၊ အီလန်ဂါ၊ ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့ကို တွဲပေးခဲ့တာပါ။ ကှငျးလယျမာှာတော့ ဖရက်ဒ်နဲ့ တွမ်မီနေးတို့ အတွဲကိုပဲ ဆက်သုံးခဲ့ပြီးနောက်တန်းမှာ မက်ဂွဲရား ပြန်ပါလာခဲ့ကာလင်ဒီလော့ဖ်၊ လုရှောခ်၊ ဒါလော့တို့နဲ့ ပွဲထွက်ကစားစေခဲ့ပါတယ်။