ယူအက်စ်မှာ အားလပ်ရပ်ကို အပန်းဖြေနေတဲ့ ပေါ့ဂ်ဘာဟာ နောက်ထပ်အသင်းပြောင်းရွေ့ဖို့အတွက် စဉ်းစားနေပြီဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာရဲ့ အသင်းကနေထွက်ခွာမှုကို ကြေညာခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ကလပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးတာဖြစ်တာကြောင့် Free Agent ဖြင့် ရရှိမှာဖြစ်ပြီး ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာ ဘယ်အသင်းကို ပြောင်းရွေ့မလဲဆိုတာကို မဆုံးဖြတ်ရသေးသော်လည်း သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ ဘောလုံးဆိုင်ရာ အကြောင်းအချက်တွေအပေါ် အခြေခံမှာဖြစ်ပါတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။

ပေါ့ဂ်ဘာဟာ ဆုံးဖြတ်ချက်ချဖို့ အချိန်ယူနေပြီး သူ့ကစားသမားဘဝရဲ့နောက်ဆုံး ကြီးမားတဲ့ အပြောင်းအရွေ့ဖြစ်လာနိုင်ချေရှိနေပါတယ်။ ပြင်သစ်နိုင်ငံသားကို သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ်စ်က တစ်ပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ ဖြင့် ကမ်းလှမ်းထားတယ်လို့ ထင်ရပါတယ်။

ယူနိုက်တက်ကနေ ပထမဆုံးထွက်ခွာလာတုန်းက အီတလီမှာ ၄ နှစ်တာ ကစားခဲ့ပြီးနောက် ပေါ့ဂ်ဘာကို ဒုတိယအကြိမ်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

သူတို့အသင်းဟာ ၃ နှစ်သက်တမ်းရှိစာချုပ်ဖြင့်ကမ်းလှမ်းထားပြီး ကမ္ဘာ့ဖလားဆုရှင်ကလည်း လက်မှတ်ထိုးမယ်လို့ နှုတ်အားဖြင့် သဘောတူညီထားတာဖြစ်သော်လည်း အမှန်တကယ် စာချုပ်မချုပ်ဆိုရသေးတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ သူ့ရဲ့အနာဂတ်အတွက် လမ်းဖွင့်ပေးထားတာဖြစ်ပြီး မန်စီးတီးနှင့် ပုဂ္ဂိုလ်ရေးအရေ သဘောတူညီထားပါတယ်လို့ သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းသို့ ပြောင်းရွေ့မယ်ဆိုရင်တော့ ယူနိုက်တက်ပရိသတ်တွေရဲ့ တုန့်ပြန်မှုကိုတော့ ခံရမယ့်အရေးနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာဟာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့မရှိဘဲ သူ့ရဲ့ဇာတိဖြစ်တဲ့ ပဲရစ်က ပီအက်စ်ဂျီသို့ ပြောင်းသွားဖို့လည်းရှိနေပါတယ်။

ရာသီကြိုကလည်း ၁ လလောက်သာ လိုတော့တာဖြစ်ပြီး သူ့ရဲ့အားလပ်ရက်ပြီးဆုံးတဲ့အချိန်မှာတော့ ပေါ့ဂ်ဘာဟာ သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။