ဒီတစ်ပတ်အားလပ်ရက်မှာတော့ ဥရောပ (၂၀၂၁-၂၂)ဘောလုံးရာသီရဲ့ အပိတ်ပွဲ စဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို ရှု့စားသွားရတော့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ အစဉ်အလာ ကြီးတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာကြောင့် နောက်ဆုံး ဆယ်စုနှစ်အတွင်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဗိုလ်လုပွဲ စဉ်တစ်ပွဲ ဖြစ်လာဖို့လည်း ရှိနေပါတယ်။ ဆိုတော့ ဒီနှစ်သင်းရဲ့ အခြေအေတွေနဲ့ လက်ရှိ ခြေစွမ်းတွေ၊ အချက်အလတ်တွေကို ပွဲကြို သုံးသပ်ချက် အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း ကစားထားခဲ့တဲ့ လာလီဂါပွဲစဉ်(၉)ပွဲမှာ ရှုံးပွဲ (၁)ပွဲ သာရှိထားခဲ့ပြီး၊ (၆)ပွဲ အနိုင်ရရှိထားခဲ့ကာ (၂)ပွဲ သရေကျထားခဲ့ပါတယ်။ နောက်ဆုံး(၂)ပွဲဆက်မှာ သရေကျထားခဲ့တာ ဖြစ်ပေမဲ့ ဒါကလည်း ရီးရဲလ်အသင်းရဲ့ လာလီဂါမှာ စောစီးစွာ ချန်ပီယံ ဖြစ်ခဲ့ပြီးတဲ့နောက် အဓိက ကစားသမားတွေကို လီဗာပူးလ်နဲ့ ပွဲအတွက် အနားပေးထားခဲ့တာကြောင့် အခုလို သရေရဒ်တွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ကတော့ လက်စတာကို (၁-ဝ)နဲ့ ရှုံးနိမ့်ခဲ့တဲ့ (၂၀၂၁)ခုနှစ် ဒီဇင်ဘာ(၂၉)ရက်နေ့ နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ကြုံတွေ့ထားခဲ့ ခြင်းမရှိတော့ပါဘူး။ လက်စတာကို ရှုံးနိမ့်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ (၃၄)ပွဲမှာ လီဗာပူးလ်တို့ဟာ ရှုံးပွဲ (၁)ပွဲ သာကြုံခဲ့တာ ဖြစ်ပြီး၊ ချန်ပီယံလိဂ်(၁၆)သင်း အဆင့်မှာ အင်တာမီလန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီအနေအထားမှာတော့ လီဗာပူးလ်တို့က ရီးရဲလ်ထက် ခြေစွမ်းပိုင်း အများကြီး တည်ငြိမ်မှု ရှိပြီး အသင်းလိုက် ကစားအား တည်ငြိမ်မှု ပိုရှိနေတာကို တွေ့ရပါတယ်။

လီဗာပူးလ်နဲ့ ရီးရဲလ်တို့ကြား သမိုင်းတစ်လျှောက် (၈)ကြိမ်တွေ့ဆုံထားခဲ့ပြီး ရီးရဲလ်အသင်းက (၄)ပွဲ အနိုင်ရရှိထားခဲ့ကာ လီဗာပူးလ်က (၃)ပွဲ အနိုင်ရရှိထားခဲ့ပါတယ်။ (၁)ပွဲမှာတော့ သရေကျထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥရောပအဆင့် တွေ့ဆုံမှုတွေမှာတော့ လီဗာပူးလ်တို့ဟာ ရီးရဲလ်ကို လုံးဝမယှဉ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ချန်ပီယံလိဂ်မှာတွေ့ဆုံထားတဲ့ နောက်ဆုံး (၅)ကြိမ်မှာဆိုရင် ရီးရဲလ်တို့ (၄)ကြိမ် အနိုင်ရရှိထားတာ ဖြစ်ပြီး၊ တစ်ပွဲက သရေကျထားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ အနေနဲ့ ဒီတစ်ကြိမ် ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့မယ်ဆိုရင် (၇)ကြိမ်ရရှိထားတဲ့ အေစီမီလန်နဲ့ ဖလားအရေအတွက် တူညီသွားမှာ ဖြစ်ပြီး သူတိူ့အထက်မှာ (၁၃)ကြိမ် ရရှိထားတဲ့ ရီးရဲလ် တစ်သင်းသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ နည်းပြဖြစ်တဲ့ ကလော့ဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ (၉)ကြိမ် အထိတွေ့ဆုံထားခဲ့ပြီး (၃)ကြိမ်သာအနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ သမိုင်းမှတ်တမ်းတွေအရမှာတော့ လီဗာပူးလ်အနေနဲ့ ရီးရဲလ်ကို အသာမရခဲ့သလို ကလော့ရဲ့ နည်းပြဘဝမှတ်တမ်းမှာလည်း ရီးရဲလ်ဟာ သူ့အတွက် ရင်ဆိုင်ရခက်တဲ့ အသင်းတစ်သင်းအဖြစ် ရှိနေခဲ့တာပါ။

ဒါပေမဲ့ လက်ရှိ လီဗာပူးလ်ဆိုတာ (၂၀၁၈)ခုနှစ်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ လီဗာပူးလ်မဟုတ်သလို ပြီးခဲ့တဲ့ ရာသီက ကွာတားဖိုင်နယ်မှာ ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ရတဲ့ လီဗာပူးလ်လည်း မဟုတ်တော့ပါဘူး။ ခြေစွမ်းပိုင်းသိသိသာသာ တိုးတက်လာနေပြီး (၂၀၂၁-၂၂)ဘောလုံးရာသီမှာလည်း အထင်ကြီးလောက်စရာ ခြေစွမ်တွေ ပြသထားခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီနေရာမှာ လီဗာပူးလ်ရဲ့ ခြေစွမ်းက ရီးရဲလ်ထက် ကောင်းတာကို သိထားပေမဲ့ ရီးရဲလ်ရဲ့ ချန်ပီယံလိဂ် မှော်ဝင်မှုကိုလည်း သိထားဖို့ လိုနေပါတယ်။ ရှုံးထွက် အဆင့်တွေမှာ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့လို အသင်းတွေကို ကျော်ဖြတ်လာတဲ့ ရီးရဲလ်ရဲ့ ချန်ပီယံလိဂ်ကံကြမ္မာကလည်း လျှော့တွက်ထားလို့တော့ မရပြန်ပါဘူး။

လီဗာပူးလ်အနေနဲ့ (၂၀၁၈)ခုနှစ်က ရှုံးကြွေးကို ဆပ်ပြီး ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် ဒီပွဲစဉ်မှာ အမှားသေးသေးလေးတွေတောင် ကျူးလွန်လို့ မရတဲ့ အနေအထားမှာ ရှိနေတာပါ။ ဘာကြောင့်လဲဆိုတော့ ရီးရဲလ်ဟာ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီးတို့ကို ထင်မှတ်မထားတဲ့ အနေအထားတွေကနေ အနိုင်ယူ ကျော်ဖြတ်လာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကာ နောက်ဆုံး (၁၀)နှစ်အတွင်း ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး ချန်ပီယံ လိဂ် ဖိုင်နယ်ပွဲစဉ် တစ်ပွဲ ဖြစ်လာဖွယ်ရှိနေတဲ့ ရီးရဲလ်နဲ့ လီဗာပူးလ်တို့ရဲ့ တွေ့ဆုံမှုမှာ ရီးရဲလ်မက်ဒရစ်တို့ကပဲ အနိုင်ရလဒ်တစ်ခုကို ပုံဖော် သွားနိုင်ဖွယ်ရှိနေပြီး၊ ဂိုးရလဒ်အနေနဲ့ ရီးရဲလ်(၃-၂)လီဗာပူးလ်ပဲ ဖြစ်ပါတယ်။

ZAWGYI: ဒီတစ်ပတ်အားလပ်ရက်မှာတော့ ဥရောပ (၂၀၂၁-၂၂)ဘောလုံးရာသီရဲ့ အပိတ်ပွဲ စဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို ရှု့စားသွားရတော့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ အစဉ်အလာ ကြီးတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာကြောင့် နောက်ဆုံး ဆယ်စုနှစ်အတွင်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဗိုလ်လုပွဲ စဉ်တစ်ပွဲ ဖြစ်လာဖို့လည်း ရှိနေပါတယ်။ ဆိုတော့ ဒီနှစ်သင်းရဲ့ အခြေအေတွေနဲ့ လက်ရှိ ခြေစွမ်းတွေ၊ အချက်အလတ်တွေကို ပွဲကြို သုံးသပ်ချက် အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။