မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အဲရစ်ဆန် အသင်းကိုရောက်ရှိလာတာဟာ အသင်းရဲ့ ပုံမှန်ပွဲထွက်လူစာရင်းမှာ သူ့ရဲ့နေရာ ပျောက်သွားနိုင်တယ်လို့ ချဲလ်ဆီး ကစားသမားဟောင်း တိုနီ ကက်စ်ကာရီနိုက ပြောကြားသွားခဲ့ပါတယ်။ မန်ယူနိုက်တက်တို့ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသက်(၃၀)အရွယ်ရှိနေပြီဖြစ်တဲ့ အဲရစ်ဆန်ကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ (၃)နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖီရင်နု အသင်းက လာမာစီယာကို ခေါ်ယူခဲ့အပြီးမှာတော့ အဲရစ်ဆန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တန်ဟတ်ရဲ့ ဒုတိယမြောက်ခေါ်ယူမှု တစ်ခုလည်းပဲ ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ကိုခေါ်ယူဖို့ မန်ယူနိုက်တက်တို့ဟာ အသည်းအသန်ကြိုးစားလျက် ရှိနေပေမဲ့ လာမယ့်ရာသီသစ်မှာတော့ အဲရစ်ဆန်ဟာ မန်ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖွယ်ရှိနေတာပါ။

ကက်စကာရီနိုက ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် အနေနဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဖာနန်ဒက်စ်ထက် တန်ဟတ်ရဲ့ ကစားကွက် စတိုင်တွေအောက်မှာ ပိုပြီးတော့ အံ့ဝင်ခွင်ကျ ကစားနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ကက်စကာရီနိုက ” အဲရစ်ဆန်က ဘောလုံးကို အမြဲ အလိုရှိနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ၊ set pieces တွေမှာ အရမ်းကောင်းတယ်၊ ဘောလုံးအမြင်တွေ အရမ်းကောင်းတယ်၊ အံ့အားသင့်စရာ ပေးပို့မှုတွေ ပြုလုပ်ပေးနိုင်တယ်၊

သူက မန်ယူနိုက်တက်မှာ ရှိနေတဲ့ အကောင်းဆုံး ကွင်းလယ်လူတစ်ယောက် ဖြစ်ပါလိမ့်မယ်၊ ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ်တာက ပြီးခဲ့တဲ့ နှစ်တုန်းက သူ့မှာ တော်တော်လေးကို ခက်ခဲလှတဲ့ အချိန်ကာလတွေ ရှိနေခဲ့ပါတယ်၊ ဖာနန်ဒက်စ်အနေနဲ့ လက်ရှိကစားနေတဲ့ နေရာထက် နည်းနည်းလေး မတူညီတဲ့ နေရာတစ်ခုကို ပြောင်းလဲပြီးတော့ ကစားမလားဆိုတာတော့ မသေချာပါဘူး၊ သူက အခု နံပါတ်(၁၀)နေရာမှာ ကစားနေတဲ့ သူတစ်ယောက်ပါ၊ ဒီနေရာက အရမ်းကို တန်ဖိုးကြီးပါတယ်၊

ဖာနန်ဒက်စ်အနေနဲ့ ကွင်းထဲမှာ မန်ယူနိုက်တက်အတွက် အရေးကြီးဆုံး ကစားသမားဖြစ်မလာဘူးဆိုရင် သူ့ကိုလည်း အသင်းက သိပ်ပြီးလိုအပ်တော့မှာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ နှစ်တုန်းက သူ့နေရာမှာ ဖာနန်ဒက်စ်က ပြိုင်ဘက်မရှိဖြစ်နေခဲ့တာပါ၊ ရှေ့တန်းနဲ့ ကွင်းလယ်ကြားမှာ ဖာနန်ဒက်စ်ရဲ့ စိတ်ပျက်စရာ ခြေစွမ်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်၊ ပြီးတော့ သူဘယ်လိုတွေ စွမ်းဆောင်ခဲ့လဲ ခင်ဗျားမြင်နိုင်ပါတယ်၊

ကျွန်တော်ကတော့အခုချိန်မှာ ဖာနန်ဒက်စ်ထက် အဲရစ်ဆင်က ပိုပြီးတော့ ကစားဖို့ ဖြစ်နိုင်ခြေရှိနေတယ်လို့ ခံစားရပါတယ်၊ ပြီးခဲ့တဲ့ ရာသီက ဖာနန်ဒက်စ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သိပ်တော့ မသေချာပါဘူး၊ ဒါပေမဲ့ ဘောလုံးသမားတစ်ယောက်အဖြစ် အကောင်းဆုံး အရည်အချင်းတွေကို ဖာနန်ဒက်စ်က ရရှိထားပါတယ်၊ ဒါပေမဲ့ တန်ဟတ်ရဲ့ လိုချင်တဲ့ ကစားပုံမှာ အံဝင်ဖို့အတွက်ကိုတော့ ဖာနန်ဒက်စ်က ကြိုးစားရပါဦးမယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်နဲ့ ပထမဆုံး (၁၈)လအတွင်းမှာ မယုံနိုင်စရာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ များစွာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး၊ တော်တော်လေး မယုံနိုင်စရာကောင်းတဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ သူ့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို ပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပြိုင်ပွဲစုံမှာ သွင်းဂိုး (၁၀)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အထိ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပိုင်းက ကျဆင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ တဖက်မှာ အဲရစ်ဆင်က ပြီးခဲ့တဲ့ ရာသီတုန်းက ဘရက်ဖိူ့ဒ်နဲ့ အတူ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသခဲ့ပြီး ထိပ်တန်းအဆင့်မှာ ရှိနေသေးတယ်ဆိုတာကို သက်သေပြထားနိုင်ခဲ့ပါတယ်။

ZAWGYI: မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အဲရစ်ဆန် အသင်းကိုရောက်ရှိလာတာဟာ အသင်းရဲ့ ပုံမှန်ပွဲထွက်လူစာရင်းမှာ သူ့ရဲ့နေရာ ပျောက်သွားနိုင်တယ်လို့ ချဲလ်ဆီး ကစားသမားဟောင်း တိုနီ ကက်စ်ကာရီနိုက ပြောကြားသွားခဲ့ပါတယ်။ မန်ယူနိုက်တက်တို့ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသက်(၃၀)အရွယ်ရှိနေပြီဖြစ်တဲ့ အဲရစ်ဆန်ကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ (၃)နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။