မန်ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟတ်ကတော့ မနေ့ကညနေ အစောပိုင်းမှာ ကစားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့ အက်သလက်တို့ရဲ့ ပွဲစဥ်မှာ အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အက်သလက်တီကို ကို လူစားဝင်ကစားသမား ဂျောင်ဖီးလစ်ရဲ့ ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တဲ့ တလုံးထဲသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး တန်ဟတ်အတွက် မန်ယူနိုက်တက် နည်းပြဘဝ ပထမဆုံးသော ရှုံးပွဲ လည်း ထြစ်သွားခဲ့ပါတယ်။

ရာသီကြို ပွဲစဥ်တောက်လျှောက် တိုက်စစ်ပိုင်း ဂိုးမြူးနေတဲ့ မန်ယူနိုက်တက်တို့ဟာ အက်သလက်တီကို နဲ့ တွေ့ဆုံခဲ့စဥ်မှာတော့ သွင်းဂိုး တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးပေါက်ပျောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ တန်ဟတ်ဟာ မန်ယူနိုက်တက် တခေတ်ကို ပြန်လည် ထူထောင်ဖို့ ပြင်ဆင်လျက်ရှိနေတဒ့ သူဖြစ်ပြီးမန်ယူနိုက်တက်ရဲ့ ရိုးရာ ကစားဟန်တွေကနေ ဖောက်ထွက်ကာ မြန်ဆန်လှပတဲ့ တိုက်စစ်ကစားဟန်တစ်ခုကို ပုံဖော်ဖို့ ကြိုးစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

တန်ဟတ်ရဲ့ ကစားဟန်မှာ မြင့်မားတဲ့ လုပ်အားနှုန်းတွေကို တောင်းဆိုလေ့ရှိတဲ့ ကစားဟန်တစ်ခု ဖြစ်တဲ့အတွက်ကြောင့်လည်း ကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေမှာ မခိုမကပ်နဲ့ ကြိုးစားလေ့ကျင့်မှသာ တကယ် ပွဲကစားတဲ့အချိန်မှာ လိုအပ်တဲ့ ကစားဟန်တွေနဲ့ အံဝင်နိုင်မှာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်ကတည်းက အသင်းမှာ အမှားတွေ အများကြီး ကျူးလွန်ခဲ့တာကို တွေ့ခဲ့ရတယ်လို့ တန်ဟတ်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ ရလဒ်အပေါ် မသာမိစေဖို့ တန်ဟတ်က သတိပေး ပြောဆိုခဲ့တာလည်းပဲညဖြစ်ပါတယ်။

ပဲလေ့၊ မဲဘုန်းတို့ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်တွေမှာလည်း တန်ဟတ်ဟာ အလာတူး မှတ်ချက်ပေး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့သေးတာပါ။ အက်စတွန်ဗီလာကို ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဥ်တုန်းကလည်း အသင်းရဲ့ ဒုတိယပိုင်း ကစားပုံကို ထောက်ပြပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။ မနေ့ညက ကစားသွားခဲ့တဲ့ အက်သလက်တီကိုနဲ့ ပွဲစဥ်မှာလည်း အသင်းရဲ့ ကစားပုံအပေါ်မှာ တန်ဟတ်က အခုလိုပဲ မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

တန်ဟတ်က ” အဆုံးမှာ ရလဒ်နဲ့ပတ်သက်ပြီး အဆခြအနေက မကောင်းခဲ့ပါဘူး၊ ခင်ဗျားက အခွင့်အရေးတွေ ဖန်တီးနိုင်မယ်ဆိုရင် ခင်ဗျား အနေနဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာပါ၊ ကျွန်တော် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်၊ အနည်းဆုံးတော့ တစ်ဂိုး လောက် တော့ ကျွန်တော်တို့ သွင်းယူနိုင်ခဲ့သင့်တာပါ၊ဒါက အရေးပါတဲ့အချက်ပါပဲ၊ ကျွန်တော် ဒီအခြေအနေကို မကျေနပ်ပါဘူး၊ ဒါက လက်ခံနိုင်စရာ မရှိဘူးလို့ အသင်းသားတွေကို ကျွန်တော် ပြောထားပါတယ်၊

မတ်ဂွဲယားအနေနဲလည်း ဂိုးသွင်းဖို့ အခွင့်အရေးကြီးတစ်ခု ရရှိခဲ့ပါတယ်၊ ကျွန်တော်တို့က ပွဲကိုအနိုင်ရဖို့ လုံလောက်မှု ရှိခဲ့ပါတယ်၊ ပြီးတော့ ပွဲစဥ်တိုင်းကို အနိုင်ရဖို့က ကျွန်တော်တို့ရည်မှန်းချက်ပါပဲ၊ အသင်းရဲ့ကစားပုံက ကောင်းပါတယ်၊ ဒါပေမဲ့ အဆုံးမှာ ရလဒ်ကတော့မကောင်း ခဲ့ပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲစဥ်မှာ ပွဲကစားချိန် ၆၉ မိနစ်မှာ လူစားဝင်လာပြီး မန်ယုနိုက်တက်အတွက် ပထမဆုံး ပါဝင်ကစားခဲ့တဲ့ အဲရစ်ဆင်နဲ့ ပတ်သက်ပြီးတော့လည်း တန်ဟတ်က အခုလိုမျိုး ပြောကြားသွားခဲ့ပါသေးတယ်။ တန်ဟတ်က ” သူက သင့်တော်တဲ့အချိန်မှာ ရှေ့တန်းက လူတွေကို အခွင့်အရေးတွေ ရရှိအောင် ဖန်တီးပေးနိုင်တဲ့သူပါ၊ ဒါတွေအားလုံးက အသင်းရဲ့အဆုံးသတ်ပိုင်းနဲ့ပဲ ဆိုင်ပါတယ် ” လို့ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ တန်ဟတ်ကတော့ မနေ့ကညနေ အစောပိုင်းမှာ ကစားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့ အက်သလက်တို့ရဲ့ ပွဲစဥ်မှာ အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အက်သလက်တီကို ကို လူစားဝင်ကစားသမား ဂျောင်ဖီးလစ်ရဲ့ ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တဲ့ တလုံးထဲသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး တန်ဟတ်အတွက် မန်ယူနိုက်တက် နည်းပြဘဝ ပထမဆုံးသော ရှုံးပွဲ လည်း ထြစ်သွားခဲ့ပါတယ်။