တော့တင်ဟမ်ဟာ ရစ်ချာလဆင်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး အဲဗာတန် အသင်းနဲ့ အကြို သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဘရာဇီးစတားဟာ ယနေ့ ဘရာဇီးမှာ ဆေးစစ်မှု ခံယူသွားတော့မှာ ဖြစ်ပါတယ်။ တော့တင်ဟမ် နဲ့ အဲဗာတန် တို့ဟာ ရစ်ချာလဆင် အတွက် နောက်ဆုံးစျေးနှုန်းကို သတ်မှတ်နိုင်ဖို့ အတွက် ကိုတော့ ယနေ့မှာ ဆက်လက် ဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ နီးစပ်သူတွေရဲ့ ပြောကြားချက် အရ တော့တင်ဟမ်ဟာ ရစ်ချာလဆင် အတွက် အဲဗာတန်ကို ပေါင်သန်း ၅၀ ပတ်၀န်းကျင် ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ add-ons အနေနဲ့ နောက်ထပ် ပေါင် ၁၀ သန်း ထပ်ပေးသွားရဖို့ ရှိနေတာကြောင့် စုစုပေါင်း ပြောင်းရွေ့ကြေးဟာ ပေါင်သန်း ၆၀ ပတ်၀န်းကျင် ဖြစ်လာနိုင်ပါတယ်။ စပါးဟာ ကစားသမားနဲ့တော့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူပြီးခဲ့ပြီး ဖြစ်တယ်လို့ နားလည်ရပါတယ်။ တော့တင်ဟမ်ဟာ ယခုလအစောပိုင်းမှာ ရစ်ချာလဆင်ကို စိတ်၀င်စားကြောင်း ပြသနေခဲ့တာ ဖြစ်ပြီး ဘရာဇီးစတားဟာ လွန်ခဲ့တဲ့ ၂၀၁၈ ကတည်းက အဲဗာတန်ကို ရောက်လာခဲ့သူ ဖြစ်ကာ အခုဆိုရင် ဥရောပပြိုင်ပွဲမှာ စမ်းသပ်မှု ခံယူရတော့မှာ ဖြစ်ပါတယ်။

ရစ်ချာလဆင်ဟာ ၀က်ဖို့ဒ်ကနေ အဲဗာတန်ကို ပေါင် ၅၁ သန်းနဲ့ ရောက်လာခဲ့ပြီးနောက် မာဆေးဆိုက် ကလပ် အတွက် ၁၅၂ ပွဲမှာ ၅၃ ဂိုး သွင်းပေးခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရစ်ချာလဆင်ဟာ အဲဗာတန်အတွက် ပရီးမီးယားလိဂ် ပွဲ ၃၀ မှာ ၁၀ ဂိုး သွင်းပေးခဲ့ပြီး တန်းဆင်းဇုန်ကနေ လွတ်အောင် အဓိက ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟော့စပါး အသင်းဟာ ပြင်သစ် ဗဟိုနောက်ခံလူ ကလီးမန့်လန်ဂလက်ကို ဘာစီလိုနာ အသင်းထံကနေ တစ်ရာသီ အငှား စာချုပ်နဲ့ ခေါ်ယူနိုင်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် လန်ဂလက်ဟာ စပိန် ကလပ်မှာ နေရာတစ်နေရာ အတွက် ရုန်းကန်နေခဲ့ရသူ ဖြစ်ပြီး ခရစ်တန်ဆန် ကလည်း မကြာခင် ဘာစီလိုနာကို ရောက်လာတော့မှာ ဖြစ်တာကြောင့် ဇာဗီရဲ့ ရွေးချယ်မှုမှာ နောက်ကို ပိုပြီး ရောက်သွားခဲ့ပါတယ်။ တစ်ရာသီ အငှားစာချုပ်နဲ့ လန်ဂလက် ရောက်လာခဲ့ခြင်းဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ဂိုး ၄၀ ပေးခဲ့ရတဲ့ စပါးရဲ့ ခံစစ်အတွက် နောက်ထပ် အင်အား တိုးသွားစေမှာ ဖြစ်ပါတယ်။ လန်ဂလက်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ အောက်တိုဘာက ဘာစီလိုနာ နဲ့ လာမည့် ၂၀၂၆ ခုနှစ်ထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာရဲ့ ဘဏ္ဍာရေး ပြသနာတွေကြောင့် ကစားသမားသစ်တွေ အားဖြည့်တဲ့ နေရာမှာ အသင်းရဲ့ လက်ရှိ ကစားသမား တစ်ချို့ကို အရင် ရှင်းထုတ်သွားဖို့ လိုအပ်နေပါတယ်။ လန်ဂလက်ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၇ ပွဲသာ ကစားခွင့် ရခဲ့ပြီး ပြင်သစ် လက်ရွေးစင် အသင်း အတွက်တော့ ၁၅ ပွဲ ပါ၀င် ကစားထားခဲ့သူ ဖြစ်ပါတယ်။ ကွန်တီဟာ ဒီနွေရာသီမှာ ဘရိုက်တန်ရဲ့ ဘစ်ဆူမာ ၊ ဆောက်သမ်တန်ရဲ့ ဖရေဆာဖော်စတာ နဲ့ အင်တာရဲ့ အိုင်ဗန်ပါရီဆစ် တို့ကို ခေါ်ယူ အားဖြည့်ထားခဲ့ပြီး ဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ လာမည့် ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ရာသီကို လာမည့် သြဂုတ်လ ၆ ရက်နေ့ ဆောက်သမ်တန်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

ZAWGYI: တော့တင်ဟမ်ဟာ ရစ်ချာလဆင်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး အဲဗာတန် အသင်းနဲ့ အကြို သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဘရာဇီးစတားဟာ ယနေ့ ဘရာဇီးမှာ ဆေးစစ်မှု ခံယူသွားတော့မှာ ဖြစ်ပါတယ်။ တော့တင်ဟမ် နဲ့ အဲဗာတန် တို့ဟာ ရစ်ချာလဆင် အတွက် နောက်ဆုံးစျေးနှုန်းကို သတ်မှတ်နိုင်ဖို့ အတွက် ကိုတော့ ယနေ့မှာ ဆက်လက် ဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ နီးစပ်သူတွေရဲ့ ပြောကြားချက် အရ တော့တင်ဟမ်ဟာ ရစ်ချာလဆင် အတွက် အဲဗာတန်ကို ပေါင်သန်း ၅၀ ပတ်၀န်းကျင် ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။