ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ၄င်းတို့ရဲ့ ကလပ် ဂန္တဝင်ဟောင်း ဖရန့် လမ်းပတ် ကိုင်တွယ်နေတဲ့ ၊ တန်းဆင်းဇုန် အန္တရာယ်ထဲ ကျရောက်နေတဲ့ အဲဗာတန် အသင်းကို ဒုတိယပိုင်း အစ တမိနစ်ကျော် အကြာမှာ ပေးခဲ့ရတဲ့ တလုံးတည်းသော ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ လူစုံတက်စုံ နီးပါး ပွဲထုတ်လာခဲ့သလို ၊ ဒုတိယပိုင်းမှာလည်း ကွင်းလယ်နဲ့ တိုက်စစ်အားကို ထပ်မြှင့်ခဲ့ပေမယ့် ၊ အဲဗာတန် ခံစစ်နဲ့ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်တို့ကိုတော့ ကျော်လွှားနိုင်ခဲ့ခြင်း မရှိပါဘူး ။

ပိုပြီး အံ့အားသင့်စရာကောင်းခဲ့တာက အသင်းဟောင်းနဲ့ ရင်ဆိုင်ရတဲ့ ၊ ဂွတ်ဒီဆင်ပါ့ခ်မှာ ဂိုးများစွာ သွင်းယူခဲ့ဖူးတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို လူစားဝင်ခွင့်ပင် မပေးခဲ့ခြင်း ဖြစ်ပါတယ် ။ တပတ်အတွင်း အသင်းဟောင်း ၂သင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာ ကစားခွင့် မိနစ် အနည်းငယ်သာ ရလိုက်တဲ့ လူကာကူဖက်က ကြည့်ရင် စိတ်ပျက်စရာကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။ တူချယ် ကတော့ ဂျော်ဂျင်ဟိုကို ဒုတိယပိုင်း စစချင်း ကိုဗာဆစ်နဲ့ လူစားလဲလိုက်ခြင်း ၊ တောင်ပံ တိုက်စစ် မြှင့်တင်လိုက်ခြင်းက လူကာကူကို ကစားခွင့် ပျောက်ဆုံးစေခဲ့တယ်လို့ ရှင်းလင်းခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က မနေ့ညက ပွဲမှာ တိုက်စစ် ထင်သလောက် အလုပ်မဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ” ဒီနေ့ပွဲကနေ ကျွန်တော် တခုခု လုပ်ပေးနိုင်တာရှိရင် ကြိုးစားကြည့်မှာပါ ။ ရှေ့ရက်တွေမှာ ဒီနေ့လို အမှားမျိုး ဖြစ်မှာ ကြိုသိနေရင် လုပ်ပေးလိုက်တာ ကြာပါပြီ ။ လောလောဆယ် ကျွန်တော်တို့မှာ ပျောက်ဆုံးနေတဲ့ အဓိက သော့ချက်က Clean Sheet ပါပဲ ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲက ဒီနေ့နဲ့ ကွဲပြားပါတယ် ။ ပိုပြီး လွတ်လပ်မှု ရှိတယ် ၊ နေရာလွတ်တွေ ပိုရတယ် ၊ နောက်ကျမှ ဂိုးသွင်းပြီး ၊ ချက်ချင်းဆိုသလိုပဲ ဂိုးပြန်ပေးခဲ့ရပါတယ် ။ ကျွန်တော့ အတွက်တော့ ဒီနေ့ပွဲဟာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ခဲ့ရတာနဲ့ ထပ်တူကျပါတယ် ။ ”

” ပြိုင်ဖက်ဟာ ခံစစ် အတွင်းဇုန် အထိ ပိတ်ဆို့ခုခံတတ်ပြီး ၊ ကျွန်တော်တို့ဟာ ပထမပိုင်း အတွင်း နေရာလွတ်တွေ ရှာဖွေနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဒါပေမယ့် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်တုန်းကနဲ့ ဒီနေ့ပွဲမှာ အဓိက ကွာခြားသွားတာက Clean Sheet နဲ့ အမှား ကြီးကြီးမားမား မလုပ်ခဲ့ခြင်းပါပဲ ။ ဒါက နောက်ကျ အနိုင်ဂိုး သွင်းယူဖို့ အခွင့်သာစေခဲ့ပါတယ် ။ ဒီနေ့လို ခံစစ် အသားပေး ပြိုင်ဖက် အသင်းရဲ့ ကစားပုံမျိုး ၊ သူတို့ရဲ့ ဆူညံလွန်းတဲ့ အိမ်ကွင်း ရှေ့မှောက်မှာ ကစားရတာမျိုးဆိုရင် ခင်ဗျားအဖို့ ရုန်းကန်ရဖို့ များပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အဲဗာတန် အသင်းရဲ့ မာမာထန်ထန် တုန့်ပြန်မှုကြောင့် ချဲလ်ဆီး အသင်းသားတွေဟာ အေးအေးဆေးဆေး ကစားဖို့ ကြိုးစားနေရာကနေ ၊ ဒေါသထွက် ပြန်လည် တုန့်ပြန်မှု အချို့ ရှိခဲ့တာကြောင့် အဝါကတ် များခဲ့ပါတယ် ။ တူချယ်ကတော့ ကွင်းလယ်ဒိုင် ကီဗင် ဖရန်းရဲ့ ပွဲကိုင်တွယ်ပုံ အပေါ် အခုလိုပဲ မေးခွန်းထုတ်ခဲ့ပါတယ် ။ တူချယ် က ” အဲဗာတန်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားပုံ ? ဒါကို ကျွန်တော်တို့ ကြိုတင် မှန်းဆခဲ့ပြီးသားပါ ။ ပွဲကို ပိုပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်တဲ့ ဒိုင်နဲ့သာဆို ပိုကောင်းမှာပါ ။”

“ဘာလို့လဲ ဆိုတော့ သူတို့ ကံကောင်းလို့ အရေးယူမခံရတာတွေ အများကြီး ရှိခဲ့လို့ပါပဲ ။ ကွင်းလယ်ဒိုင် ဟာ သူထင်သလို ပွဲကို ကိုင်တွယ်ခဲ့ပြီး ၊ ဒါကို ကျွန်တော် သိပ်ပြီး မကျေနပ်ပါဘူး ။ ဒါပေမယ့် အဆုံးမှာ သူသဘောနဲ့ သူ ပွဲကို ကိုင်တွယ်ခဲ့ပါတယ် ။ ဒါကြောင့်မို့ ဒီနေ့လို ပွဲမှာ အမှားမလုပ်ဖို့ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ကစားဖို့ ၊ အမြင့်ဆုံး ခြေစွမ်းနဲ့ ပွဲအပေါ် အာရုံစိုက်ဖို့ အရေးကြီးတာပါ ။ ဒါပေမယ့် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ၄င်းတို့ရဲ့ ကလပ် ဂန္တဝင်ဟောင်း ဖရန့် လမ်းပတ် ကိုင်တွယ်နေတဲ့ ၊ တန်းဆင်းဇုန် အန္တရာယ်ထဲ ကျရောက်နေတဲ့ အဲဗာတန် အသင်းကို ဒုတိယပိုင်း အစ တမိနစ်ကျော် အကြာမှာ ပေးခဲ့ရတဲ့ တလုံးတည်းသော ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ လူစုံတက်စုံ နီးပါး ပွဲထုတ်လာခဲ့သလို ၊ ဒုတိယပိုင်းမှာလည်း ကွင်းလယ်နဲ့ တိုက်စစ်အားကို ထပ်မြှင့်ခဲ့ပေမယ့် ၊ အဲဗာတန် ခံစစ်နဲ့ ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်တို့ကိုတော့ ကျော်လွှားနိုင်ခဲ့ခြင်း မရှိပါဘူး ။