အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်အသင်းဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးနေပြီဖြစ်ပေမယ့် အဲဗာတန်ကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့အသင်းက တော့တင်ဟမ်တစ်သင်းတည်း မဟုတ်ဘူးလို့လည်း သိရပါတယ်။ အဲ့ဒါကြောင့် ရစ်ချာလီဆန်ရဲ့ အနာဂတ်ဟာ မဝေးတော့တဲ့ အချိန်အတွင်းမှာ အဖြေထွက်လာနိုင်ပါတယ်။ သတင်းတွေအရတော့ ဂွတ်ဒီဆင်ပါ့ခ်တာဝန်ရှိသူတွေကလည်း ဘရာဇီးသားကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ထွက်ခွာဖို့များနေပါတယ်။

နည်းပြအန်တိုနီယိုကွန်တီရဲ့ အသင်းကတော့ ကစားသမားကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်လျက်ရှိပါတယ်။ ဒါပေမယ့် အဲဗာတန်ကတော့ တိုက်စစ်မှူးရဲ့ တန်ဖိုးကို ပေါင် ၆၅ သန်းထိ သတ်မှတ်ထားပါတယ်။ ရိုမာနိုရဲ့ဖော်ပြချက်မှာလည်း ရစ်ချာလီဆန်ရဲ့ တန်ဖိုးက ပေါင် ၆၅ သန်း ဝန်းကျင်ပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ တော့တင်ဟမ်က ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စာချုပ်ကိစ္စကို ဆွေးနွေးပြီးပြီဆိုတဲ့ အချက်ပါပဲ။ ရိုမာနိုက “ ရစ်ချာလီဆန်ရဲ့ အေးဂျင့်အသစ်တွေက တော့တင်ဟမ်နဲ့ ဆွေးနွေးခဲ့ပါတယ်။ အခြားအသင်းတွေလည်း ရှိသေးတယ်။

ဒါပေမယ့် အဲဗာတန်က ယူရိုသန်း ၇၀ ကနေ ၇၅ သန်းကြား အဖွင့်ဈေး သတ်မှတ်ထားတယ်။ ဒီကြေးနဲ့ မကမ်းလှမ်းရင် လက်ခံစဉ်းစားမှာ မဟုတ်ဘူး။ တော့တင်ဟမ်တစ်သင်းတည်း ခေါ်ချင်တာတော့ မဟုတ်ပေမယ့် ရစ်ချာလီဆန်ကို တော့တင်ဟမ်က တကယ်စိတ်ဝင်စားနေတယ်” လို့ ပြောခဲ့ပါတယ်။ ရစ်ချာလီဆန်ဟာ အဲဗာတန်ရဲ့ အဓိကကစားသမား တစ်ယောက်ဖြစ်ပြီး ပရိသတ်အချစ်တော် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက တန်းဆင်းရဖို့နီးစပ်ခဲ့တဲ့ လမ်းပတ်ရဲ့ အဲဗာတန်အသင်းမှာ ရစ်ချာလီဆန်အဓိကကျတဲ့ ကစားသမား တစ်ယောက်ဖြစ်ခဲ့ပြီး အသင်းကို တန်းမဆင်းရစေဖို့ အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အမူအကျင့်တွေကြောင့် ပြိုင်ဘက်ပရိသတ်တွေအတွက်တော့ အမုန်းဆုံးကစားသမား တစ်ယောက်ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ ရစ်ချာလီဆန်ဟာ ပရီးမီးယားလိဂ် ၁၇၃ ပွဲကစားပြီး ၄၈ ဂိုးသွင်း ၁၈ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေကြောင့် တစ်ခါတစ်လေ ခြေစွမ်းပြဖို့ ရုန်းကန်ရလေ့ရှိပေမယ့် ရစ်ချာလီဆန်ရဲ့ ခြေစွမ်းကတော့ အလားအလာအကောင်းဆုံး ကစားသမားတစ်ယောက်ဆိုတာ သေချာနေပါတယ်။ တိုက်စစ်မှူးလိုအပ်နေတဲ့ နည်းပြကွန်တီအတွက်လည်း ဘရာဇီးသားက အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်လို့နေပါတယ်။ တစ်ဖက်မှာလည်း အစီရင်ခံစာတွေအရ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား မာကို အဆန်စီရိုကို ခေါ်ယူဖို့ ပြောဆိုနေတယ်လို့သိရပါတယ်။

အဆန်စီရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပြီး စာချုပ်သက်တမ်းလဲ မတိုးရသေးပါဘူး။ အဆန်စီရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလား သုံးကြိမ် ၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ် ရယူထားနိုင်ပေမယ့် မနှစ်ကတော့ အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။ ယူနိုက်တက် ၊တော့တင်ဟမ်နဲ့ အေစီမီလန်အသင်းတို့ဟာ ကစားသမားကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ Sunday Mirror သတင်းအရ အာဆင်နယ်အသင်းဟာလဲ အဆန်စီရိုကို ခေါ်ယူနိုင်ဖို့ ကြိုးစားလာပြီး ကစားသမားရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အစီရင်ခံစာတွေအရ အဆန်စီယိုဟာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မရတဲ့အပေါ်မှာ သိပ်အရေးမထားပဲ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း မတိုးခင်မှာ အသင်းမှာ ပွဲထွက်ခွင့်အတွက် အာမခံချက်ရဖို့ လိုချင်နေပါတယ်။ ယခုနှစ် ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ဖလားယူနိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ အဆန်စီရိုဟာ အသင်းအရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် လူစားဝင်ကစားခွင့်တော့ မရခဲ့ပါဘူး။ ဒီလအစောပိုင်းမှာလဲ အဆန်စိယိုဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့

“ကျွန်တော်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပြီး အသင်းက ထွက်ခွာဖို့ ပြောဆိုနေပါတယ်။ ဒါက ကျွန်တော့်အတွက် အရေးကြီးတဲ့ အချိန်ဆိုတာမငြင်းနိုင်ပါဘူး။ ကျွန်တော်လဲ ကွင်းတွင်း ကွင်းပြင် ရင့်ကျက်လာပါပြီ။ ကျွန်တော် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချသွားပါမယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ ကျွန်တော်တို့ ဘာတွေတိုးတက်လာခဲ့တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားပါမယ်။ ကျွန်တော်ဟာ ဘောလုံးမှာ အရေးကြီးတဲ့ အောင်မြင်မှုတွေ ရရှိချင်သလို သူတို့ကလဲ ပံ့ပိုးပေးပါတယ်”လို့ အဆန်စီရိုက ပြောခဲ့ပါတယ်။

ZAWGYI: အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်အသင်းဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးနေပြီဖြစ်ပေမယ့် အဲဗာတန်ကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့အသင်းက တော့တင်ဟမ်တစ်သင်းတည်း မဟုတ်ဘူးလို့လည်း သိရပါတယ်။ အဲ့ဒါကြောင့် ရစ်ချာလီဆန်ရဲ့ အနာဂတ်ဟာ မဝေးတော့တဲ့ အချိန်အတွင်းမှာ အဖြေထွက်လာနိုင်ပါတယ်။ သတင်းတွေအရတော့ ဂွတ်ဒီဆင်ပါ့ခ်တာဝန်ရှိသူတွေကလည်း ဘရာဇီးသားကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ထွက်ခွာဖို့များနေပါတယ်။