အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား ရီချာလီဆွန်အနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ ဥရောပအသင်းကြီးတွေဆီက စိတ်ဝင်စားမှုကို ရရှိခဲ့ပြီးနောက် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အဲဗာတန်ကနေ ထွက်ခွါဖို့အတွက် ဆန္ဒရှိနေကြောင်း အသင်းကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ သွင်းဂိုးတွေက ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ရာသီကုန်ခါနီးကျမှ တန်းဆင်းဇုန်ကနေ လွတ်မြောက်လာခဲ့တဲ့ အဲဗာတန်အသင်းအတွက်တော့ မရှိမဖြစ်အရေးပါခဲ့ပြီး ဂွတ်ဒီဆင်ပါ့ခ်မှာတော့ သူရဲကောင်းတစ်ဦးသဖွယ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့အနေနဲ့ အသက် ၂၅ နှစ်အရွယ်တိုက်စစ်ကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြပေမယ့် အဲဗာတန်အသင်းကတော့ ဘရာဇီးလ်သားကို အသုံးချကာ ငွေဖော်လိုတာကြောင့် ဈေးတင်ရောင်းချသွားနိုင်ဖို့အတွက် အားခဲထားကြမှာပါ။ ချဲလ်ဆီးအသင်းရဲ့မန်နေဂျာ သောမက်စ် တူဟယ်လ်အနေနဲ့ အသင်းပိုင်ရှင်သစ်တွေဆီကနေ အပြောင်းအရွှေ့စရိတ် ပေါင်သန်း ၂၀၀ အထိ သုံးစွဲခွင့်ရရှိမှာဖြစ်ပြီး ရိုမဲလူ လူကာကူးရဲ့ အနာဂါတ်က မရေမရာဖြစ်နေချိန်မှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့က ဦးစားပေးအခြေအနေဖြစ်သွားနိုင်ပါတယ်။

ယူနိုက်တက်ရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်ကလည်း အက်ဒင်ဆန် ကာဗာနီ ထွက်ခွါသွားခဲ့ပြီးနောက် အသင်းရဲ့တိုက်စစ်ကစားသမားနေရာမှာ ကစားသမားသစ်ပြန်လည်ဖြည့်တင်းဖို့အတွက် ဆန္ဒရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ အလားတူပဲ အာဆင်နယ်အသင်းကလည်း ပျယ်-အမ်မရိခ် အော်ဘာမီယန်းအနေနဲ့ ပြီးခဲ့တဲ့ ၆ လတုန်းကတည်းက အသင်းက ထွက်ခွါသွားခဲ့ပြီး အခြားဝါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အလက်ဇန္ဒား လာကာဇက်ပါ ထွက်ခွါသွားတာကြောင့် တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူချင်နေတာဖြစ်ပါတယ်။

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ရီချာလီဆွန်အနေနဲ့ ဂန်းနားတို့ကို ပြောင်းရွှေ့ဖို့အတွက် ငြင်းပါယ်ထားပြီး သူ့ရဲ့ ဦးစားပေးပြောင်းရွှေ့ချင်တဲ့အသင်းက ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ငွေသုံးကြမ်းနေတဲ့ ပီအက်စ်ဂျီအသင်းတို့ဖြစ်ကြောင်း သိရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ခြင်းက ရီချာလီဆွန်အတွက် အာဆင်နယ်အသင်းကို ငြင်းပါယ်စရာ အကြောင်းပြချက်တွေထဲက တစ်ချက်ဖြစ်လာစေနိုင်ကောင်း ဖြစ်လာစေနိုင်ခဲ့ပေမယ့် သူနဲ့ နိုင်ငံလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းတိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကတော့ မီခဲလ် အာတီတာနဲ့ လက်တွဲလိုနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လက်ရှိမန်နေဂျာ အာတီတာအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ လက်ထောက်မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့စဉ်ကတည်းက ဂျေဆူးစ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာဖြစ်ပြီး ပုံမှန်ပွဲကစားခွင့်ရမယ်ဆိုတဲ့ အာမခံချက်က ရီချာလီဆွန်ရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်ကို အမ်းမရိတ်စ်ဆီ ဆွဲဆောင်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျေဆူးစ်ကို ခေါ်ယူဖို့အတွက် ယုံကြည်ချက်မြင့်မားနေပြီး မူလက ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ အထိ တောင်းဆိုခံထားရခဲ့တဲ့ တိုက်စစ်မှူးကို အဆိုပါပမာဏထက် လျော့နည်းတဲ့ဈေးနဲ့ အပြောင်းအရွှေ့ဖြစ်လာနိုင်တာပါ။

ZAWGYI: အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား ရီချာလီဆွန်အနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ ဥရောပအသင်းကြီးတွေဆီက စိတ်ဝင်စားမှုကို ရရှိခဲ့ပြီးနောက် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အဲဗာတန်ကနေ ထွက်ခွါဖို့အတွက် ဆန္ဒရှိနေကြောင်း အသင်းကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ သွင်းဂိုးတွေက ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ရာသီကုန်ခါနီးကျမှ တန်းဆင်းဇုန်ကနေ လွတ်မြောက်လာခဲ့တဲ့ အဲဗာတန်အသင်းအတွက်တော့ မရှိမဖြစ်အရေးပါခဲ့ပြီး ဂွတ်ဒီဆင်ပါ့ခ်မှာတော့ သူရဲကောင်းတစ်ဦးသဖွယ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။