အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆီးဒရစ်၊ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်နဲ့ နူနို တာဗာရက်စ်တို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ချာကာနဲ့ အယ်လ်နန်နီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်ပိုင်းမှာတော့ နကီးတီးယားကို ရှေ့က တင်ပြီး မာတီနယ်လီ၊ အော်ဒီဂွါဒ်နဲ့ ဆာကာတို့က နောက်ကနေ ပံ့ပိုးပေးတဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ အဲဗာတန်တို့ကတော့ ဂိုးသမားနေရာမှာ ပစ်ခ်ဖို့ဒ်အစား ဘီဂိုဗစ်ချ် ပါဝင်လာခဲ့ပြီး ခံစစ်မှာတော့ ဟိုလ်ဂိတ်၊ မိုက်ကယ် ကီးန်နဲ့ ဘရန့်သ်ဝိတ်တို့ ပွဲထွက်လာခဲ့ကြသလို ကွင်းလယ်မှာတော့ ဒေးဗီးစ်၊ ဒူကူရေး၊ အီဝိုဘီနဲ့ မစ်ကိုလန်ကိုတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင်၊ အယ်လီနဲ့ ဂရေးတို့ကို သုံးစွဲလာခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာ မာတီနယ်လီရဲ့ ကန်ချက်က အီဝိုဘီရဲ့ လက်မောင်းနဲ့ ထိသွားခဲ့တာကို ဒိုင်လူကြီးက ဆက်ကစားခိုင်းခဲ့ပေမယ့် VAR အဖွဲ့ကတော့ ဒါဟာ ပင်နယ်တီ ပေးလောက်တဲ့ ပြစ်မှုဖြစ်နိုင်ကြောင်း ဒိုင်လူကြီး အွန်ဒရေ မာရင်နာကို အသိပေးခဲ့တဲ့အတွက် ကွင်းဘေး မော်နီတာမှာ ပြန်ကြည့်ခဲ့ရပြီး နိုင်ဂျီးရီးသားအနေနဲ့ လက်ကို မူလအနေအထားကနေ ဆန့်ထုတ်ခဲ့တာက သိသာခဲ့တာကြောင့် ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ ကန်နေကျ ဆာကာအစား ရှာဖွေနိုင်ခဲ့တဲ့ ဘယ်တောင်ပံသမား မာတီနယ်လီက တာဝန်ယူကန်သွင်းခဲ့ပြီး အဲဗာတန်ဂိုးသမား ဘီဂိုဗစ်ချ်ရဲ့ အချိန်ဆွဲနေတဲ့ ဗျူဟာကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်ခဲ့သလို လူတခြား ဘောလုံးတခြားဖြစ်အောင် လှည့်စားကန်သွင်းနိုင်ခဲ့တာကြောင့် ပွဲချိန် ၂၇ မိနစ်မှာ အာဆင်နယ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်မံရယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဆာကာ ကန်တင်ပေးတာကို မာတီနယ်လီက ပြေးထွက်ပြီး နောက်ပြန်တိုက်ချပေးရာမှာ အဆင်သင့် နေရာယူထားတဲ့ နကီးတီးယားက ထပ်ဆင့်ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာ အာဆင်နယ်တို့ အခွင့်အရေးတွေကို ဖြုန်းတီးအပြီးမှာတော့ အဲဗာတန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဒူကူရေးအစား ဝင်လာခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒဘိခ်က ညာခြမ်းကနေ ကဲလ်ဗတ်-လူဝင် ချိုးပေးတဲ့ အနိမ့်ဘောကို ဗျာများနေတဲ့ ဟိုးလ်ဒင်းရဲ့နောက်ကနေ အချိန်ကိုက် ပြေးဝင် ပိတ်သွင်းနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယ အနိုင်ဂိုး ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောတွေကနေ ခပ်ကြောင်ကြောင် အတိုပေးမှုတွေကို ပြန်ဖြတ်တင်နေတဲ့ ပုံစံအစား ဘယ်ထောင့်ကန်ဘောကို ဆာကာ လှိမ့်ပေးရာမှာ အချိန်ကိုက် ပြေးဝင်ကန်သွင်းခဲ့တဲ့ ဆီးဒရစ်ရဲ့ ကန်ချက်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အဲဗာတန်ခံစစ်ကို အငိုက်မိစေနိုင်ခဲ့တာပါ။ ပွဲချိန် ၅၉ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ စတုတ္ထအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရသွားခဲ့တဲ့ ဆီးဒရစ်က ဧရိယာထဲကို ဆွဲပြေးပြီး အဲဗာတန်ခံစစ်ကြားကနေ ခင်းပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ထွက်သွားခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ်က အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘီဂိုဗစ်ချ်လက်နဲ့ ထိပြီး ဝင်သွားခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချာကာအစား ဆမ်ဘီ လိုကွန်ဂါ၊ နကီးတီးယားအစား လာကာဇက်နဲ့ ဆာကာအစား ပေပေတို့ကို အာဆင်နယ်တို့ လဲလှယ်ကစားသွားခဲ့ကြပြီး အဲဗာတန်ဘက်ကတော့ အယ်လီအစား ဂေါ်ဒန်နဲ့ ဒေးဗီးစ်အစား ပရိုက်စ်တို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်သွားခဲ့ကြတာပါ။ ပွဲချိန် ၈၂ မိနစ်မှာတော့ အာဆင်နယ်တို့ ပွဲသိမ်း ပဉ္စမဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အဲဗာတန်ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဂိုးစည်းမကျော်ခင် လိုက်လံရယူနိုင်ခဲ့တဲ့ လူစားဝင်ကစားသမား ပေပေ ပြန်ပေးတာကို အော်ဒီဂွါဒ်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ခံစစ်သမားတွေ အများကြီး ရှိနေတဲ့ ကြားကနေ အဝေးတိုင်ဘက်ကို မြေလှိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘီဂိုဗစ်ချ် မမီလိုက်လို့ နောက်တစ်ဂိုး ထပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ ငါးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပေမယ့် အလာကောင်းတာက အခါနှောင်းပြီလို့ပဲ ပြောစရာဖြစ်ခဲ့သလို စပါးစ်နဲ့ နယူးကာဆယ်လ်တို့ကို ဆက်တိုက်ရှုံးခဲ့တာက သူတို့အတွက် ကြီးမားတဲ့ သင်ခန်းစာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ကို အဆင့် ၅ နေရာက ရာသီသိမ်းရင်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်အစား ယူရိုပါလိဂ်ကိုပဲ ကစားခွင့်ရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

ZAWGYI: အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆီးဒရစ်၊ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်နဲ့ နူနို တာဗာရက်စ်တို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ချာကာနဲ့ အယ်လ်နန်နီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်ပိုင်းမှာတော့ နကီးတီးယားကို ရှေ့က တင်ပြီး မာတီနယ်လီ၊ အော်ဒီဂွါဒ်နဲ့ ဆာကာတို့က နောက်ကနေ ပံ့ပိုးပေးတဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ အဲဗာတန်တို့ကတော့ ဂိုးသမားနေရာမှာ ပစ်ခ်ဖို့ဒ်အစား ဘီဂိုဗစ်ချ် ပါဝင်လာခဲ့ပြီး ခံစစ်မှာတော့ ဟိုလ်ဂိတ်၊ မိုက်ကယ် ကီးန်နဲ့ ဘရန့်သ်ဝိတ်တို့ ပွဲထွက်လာခဲ့ကြသလို ကွင်းလယ်မှာတော့ ဒေးဗီးစ်၊ ဒူကူရေး၊ အီဝိုဘီနဲ့ မစ်ကိုလန်ကိုတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင်၊ အယ်လီနဲ့ ဂရေးတို့ကို သုံးစွဲလာခဲ့တာပါ။