လက်ရှိ အပြောင်းအရွှေ့ ရဲ့ အထူးခြားဆုံး အချက်ကို ပြောပါ ဆိုရင် ကစားသမား တစ်ယောက်ကို ကလပ်အသင်းတွေကို စုပြုံပြီး ခေါ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ပိုထူးခြားတာ က အဲဒီ အပြိုင်အဆိုင် ဖြစ်နေကြတာက ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတွေပါ။ ရစ်ချာလီဆွန် ၊ ရာဖင်ဟာ တို့ကို ခေါ်ယူဖို့ အလုအယက် ကြိုးစားကြပြီးပြီ ဖြစ်သလို လက်ရှိမှာလဲ အေဂျက် ခံစစ်မှုး လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူဖို့ နောက်တစ်ကြိမ် အပြိုင်အဆိုင် ဖြစ်လာပြန်ပါပြီ။

အာဆင်နယ် ဟာ အာဂျင်တီးနား ခံစစ်မှုးကို ခေါ်ယူဖို့ အတွက် ရှေ့တစ်ပတ်ထဲမှာပဲ အေဂျက် တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ကလပ် နှစ်သင်းစလုံးဟာ မာတီနက်ဇ် က သူတို့ အသင်းတွေကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ နားလည်ထားကြသလို ၊ စာချုပ် ဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှု ရယူနိုင်ဖို့ အတွက်လဲ အခက်ခဲ မရှိနိုင်ဘူးလို့ ယုံကြည်ထားကြပါတယ်။

တကယ်တော့ မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ကမှ အေဂျက် နဲ့ စာချုပ်သက်တမ်းတိုး ထားသူ ဖြစ်ပါတယ်။ သို့သော် အဲဒီ အချိန်က ပရီးမီးယားလိဂ် မဟုတ်ပဲနဲ့ အခြား တစ်နေရာက ကမ်းလှမ်းမှုတွေကို လုံး၀ လက်ခံစဉ်းစားမှာ မဟုတ်တဲ့ အကြောင်း စကားခံထားခဲ့တယ်လို့ သိရပါတယ်။ အေဂျက် ကိုယ်တိုင်ကလဲ အခုလို ပရီးမီးယားလိဂ် ကလပ်တွေက အပြိုင်အဆိုင် ချဉ်းကပ် လာတဲ့ အပေါ် ပိတ်ပင်တားဆီးခြင်း မရှိပဲ ၊ လက်ခံ ဆွေးနွေးပေးဖို့ တံခါးဖွင့်ပေးထား ပါတယ်။

အာဆင်နယ် ဟာ မာတီနက်ဇ် ကို စောင့်ကြည့်နေတာ ကြာပြီ ဖြစ်ပြီး ၊ လက်ရှိ အပြောင်းအရွှေ့ အတွက် ခံစစ်ပိုင်း အားဖြည့်ဖို့ အဓိက ပစ်မှတ်တစ်ခု အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သို့သော် အိုးထရက်ဖို့ ကို တန်ဟတ် ရောက်ရှိလာပြီး နောက်ပိုင်း ယူနိုက်တက် ကလဲ နည်းပြသစ် ရဲ့ စိတ်ကြိုက် ခေါ်ယူပေးဖို့ ကြိုးစား အားထုတ်လာခဲ့တာပါ။ မာတီနက်ဇ် ဟာ ပုံမှန် အားဖြင့် ဗဟိုခံစစ်မှုး အဖြစ် ကစားလေ့ရှိပြီး ၊ ဘယ်အစွန် နောက်ခံလူ နဲ့ ကွင်းလယ် အဖျက် နေရာတွေကိုလဲ ကစားနိုင်တယ်လို့ သိရပါတယ်။ 2019 ခုနှစ် အာဂျင်တီးနား ကလပ်ကနေ ရောက်ရှိလာချိန် က စလို့ စုစုပေါင်း 120 ပွဲ ပါဝင် ကစားပေးထားပါတယ်။

ယူနိုက်တက် ရဲ့ အမြင်မှာတော့ မာတီနက်ဇ် ဟာ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ ဗာရန်းတို့ နဲ့ မတူပဲ ဘယ်ခြေ အားပြုတဲ့ ကစားဟန်ကြောင့် လိုချင်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။ အာဆင်နယ် ကတော့ သူ့ရဲ့ ဘောလုံး ကိုင်ကစားတာ ကို သဘောကျသလို ၊ ဘယ်နောက်ခံလူ နေရာအတွက် တီယာနေး နဲ့ အပြိုင်အဆိုင် ဖြစ်ဖို့ ရည်ရွယ်ထားတာပါ။ ဖီယင်နော့ အသင်းက အသက် 22 နှစ် အရွယ် ဘယ်နောက်ခံလူ Tyrell Malacia ဟာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ အတွက် အရမ်းကို နီးစပ်နေပါတယ်။

အပြောင်းအရွှေ့ ကိစ္စတွေ အတွက် တရားဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်တိုင်အောင် ၊ ဒီတစ်ပတ်မှာပဲ ဆေးစစ်မှုတွေ ခံယူဖို့ စီစဉ်နေကြပါတယ်။ တစ်ချိန်တည်းမှာ ယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဒီဂျောင် ၊ အသင်းလက်မဲ့ ဖြစ်နေတဲ့ အဲရစ်ဆင် တို့ကို ခေါ်ယူနိုင်ဖို့ အတွက် ပစ်မှတ်ထား ကြိုးစားနေဆဲဖြစ်ပါတယ်။

ZAWGYI: လက်ရှိ အပြောင်းအရွှေ့ ရဲ့ အထူးခြားဆုံး အချက်ကို ပြောပါ ဆိုရင် ကစားသမား တစ်ယောက်ကို ကလပ်အသင်းတွေကို စုပြုံပြီး ခေါ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ပိုထူးခြားတာ က အဲဒီ အပြိုင်အဆိုင် ဖြစ်နေကြတာက ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတွေပါ။ ရစ်ချာလီဆွန် ၊ ရာဖင်ဟာ တို့ကို ခေါ်ယူဖို့ အလုအယက် ကြိုးစားကြပြီးပြီ ဖြစ်သလို လက်ရှိမှာလဲ အေဂျက် ခံစစ်မှုး လီဆန်ဒရို မာတီနက်ဇ် ကို ခေါ်ယူဖို့ နောက်တစ်ကြိမ် အပြိုင်အဆိုင် ဖြစ်လာပြန်ပါပြီ။