ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်ဟာ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်တယ်လို့ အေဂျက်ကစားသမား ဒါလေဘလိုင်းက ပြောကြားလာခဲ့ပါတယ်။

နယ်သာလန်နိုင်ငံသား နည်းပြအဲရစ်တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အေဂျက်စ်အသင်းကို နယ်သာလန်လိဂ် အမှတ်ပေးဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို အေဂျက်စ်နည်းပြအဖြစ် (၅) နှစ်ကြာ တာဝန်ယူကိုင်တွယ်နေစဉ်မှာလည်း အကောင်းဆုံးနည်းဗျူဟာတွေ ချပြနိုင်ခဲ့ပြီး နာမည်ကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်အသင်းက အဆိုပါအေဂျက်စ်နည်းပြကို ယုံယုံကြည်ကြည်နဲ့ အိုးထရက်ဖို့ဒ်အရောက် ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်မှာ (၄) နှစ်ကြာ ကစားခဲ့ဖူးတဲ့ နောက်ခံလူ ဘလိုင်းက အဲရစ်တန်ဟက်ခ်အနေနဲ့ အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ ပံ့ပိုးမှုတွေ အပြည့်အဝလိုအပ်တယ်လို့ သတိပေးစကားဆိုလာခဲ့ပါတယ်။

ဘလိုင်းက “အဲရစ်တန်ဟက်ခ်က အရမ်းတော်တဲ့ နည်းပြတစ်ယောက်ပါ။ အသင်းကို ပြန်လည်တည်ထောင်ရတာ လွယ်တဲ့အလုပ်မဟုတ်ပေမယ့် သူက ရှောင်မပြေးတတ်ပါဘူး။ သူက စိန်ခေါ်မှုတွေကို တာဝန်ယူနိုင်တဲ့သူပါ။ ယူနိုက်တက်မှာ အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ပေမယ့် တန်ဟက်ခ်အနေနဲ့ ဘုတ်အဖွဲ့ရဲ့ အကူအညီတွေကိုလည်း လိုအပ်ပါတယ်။”

” အေဂျက်စ်မှာတုန်းကဆိုရင် အဆိုးဆုံးအချိန်တွေမှာတောင် ဗန်ဒါးဆားနဲ့ အိုဗာမားစ်တို့က သူ့နောက်မှာ အမြဲလိုလို ရပ်တည်ပေးခဲ့ကြပါတယ်။ တန်ဟက်ခ်အနေနဲ့ ယူနိုက်တက်မှာ အချိန်ကောင်းကောင်းရဖို့ မျှော်လင့်ပါတယ်။ သူက အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။ သူက ပွဲစဉ်တိုင်းကို နည်းဗျူးဟာပိုင်းတွေနဲ့ အသေးစိတ်ချဉ်းကပ်တတ်တဲ့ နည်းပြပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ZAWGYI: ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်ဟာ အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်တယ်လို့ အေဂျက်ကစားသမား ဒါလေဘလိုင်းက ပြောကြားလာခဲ့ပါတယ်။