အာဆင်နယ်အသင်းဟာ အေဂျက်စတား လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းနေပြီး ယူနိုက်တက်ကိုကျော်ဖြတ်ကာ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အသက် ၂၄ နှစ်သားကို အာဆင်နယ်အပြင် ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အာတီတာရဲ့အာဆင်နယ်အသင်းဟာ မာတီနက်ဇ်ကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။ခြားတစ်ဖက်မှာလည်း ယူနိုက်တက်အသင်းဟာ အေဂျက်စတား တင်းဘားကို မရတဲ့နောက်မှာ မာတီနက်ဇ်ဘက်မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။

နယ်သာလန်သားဟာ ယူနိုက်တက်မှာ တန်ဟက်နဲ့ပြန်လည်လက်တွဲချင်နေပေမယ့် ခေါ်ယူဖို့ ဆွေးနွေးမှုက အဆင်မပြေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က တင်းဘားကိုခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်ပေမယ့် အဆင်မပြေခဲ့ရင် မာတီနက်ဇ်ကို အစားထိုးခေါ်ယူဖွယ်ရှိနေပါတယ်။ အာတီတာကလည်း စွယ်စုံရနောက်ခံလူကို သဘောကျနေပြီး ခံစစ်အပြင် ဘယ်နောက်ခံလူ နဲ့ ကွင်းလယ်ခံစစ်နေရာမှာပါ ကစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။

AMSTERDAM, NETHERLANDS – SEPTEMBER 20: Lisandro Martinez of Ajax celebrates 3-0 during the Dutch Eredivisie match between Ajax v RKC Waalwijk at the Johan Cruijff Arena on September 20, 2020 in Amsterdam Netherlands (Photo by Erwin Spek/Soccrates/Getty Images)

ရိုမာနိုက မာတီနက်ဇ်နဲ့ပတ်သက်ပြီး “အာဆင်နယ်က လီဆန်ဒရိုကို အလိုရှိနေပါတယ်။ ပထမအကြိမ်ကမ်းလှမ်းမှုပယ်ချခံခဲ့ရပေမယ့် သူတို့က အေးဂျင့်နဲ့ ဆက်သွယ်မှုတွေရှိနေပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်အထိ ကမ်းလှမ်းမှုအသစ်မလုပ်ရသေးပါဘူး။ အာဆင်နယ် ဆက်လက်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ ယူနိုက်တက်က ချိတ်ဆက်နေပေမယ့် အာဆင်နယ်က မာတီနက်ဇ်ကို အလိုရှိနေဆဲပါ။ အေဂျက်က ပေါင် ၃၉ သန်းလောက်အလိုရှိနေပါတယ်”လို့ ရိုမာနိုက ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ် အာဆင်နယ်ပြောင်းလာခဲ့ရင် ဘယ်ခြမ်းနေရာမှာကစားတဲ့ ဂါဘရီရယ်အတွက် အထောက်အကူဖြစ်လာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် တီယာနေးနေရာအတွက်လည်း အထောက်အကူဖြစ်လာဖွယ်ရှိနေသလို တာဗာရက်စ်ကတော့ မာဆေးလ်ကို အငှားထွက်ကစားရဖွယ်ရှိနေပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ မန်စီးတီးကနေ ဂါဘရီရယ်ဂျီးဆပ်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လိဒ်တောင်ပံကစားသမား ရာဖင်ဟာကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဘရာဇီးလ်သား ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ကာ အကုန်လုံးအဆင်ပြေခဲ့ပြီဖြစ်ကာ ပုဂ္ဂိုလ်ရေး နဲ့ ဆေးစစ်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ အာတီတာက ဂျီးဆပ်စ်ကို မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ တော့တင်ဟမ် နဲ့ ချဲလ်ဆီးတို့ကို ကျော်ဖြတ်ပြီး ခေါ်ယူနိုင်ခဲ့တာဖြစ်ကာ အခုရာဖင်ဟာကို ထပ်မံကြိုးပမ်းလာပါတယ်။ အသက် ၂၅ နှစ်သားဟာ လိဒ်နဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေတာဖြစ်ကာ စာချုပ်သစ်ထပ်မချုပ်တော့ဘူးလို့ တာဝန်ရှိသူတွေကို ပြောကြားထားတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လိဒ်စတားကို ပထမဆုံးအကြိမ်ကမ်းလှမ်းထားပြီးဖြစ်ပေမယ့် ပယ်ချခံထားရကာ အခုဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဝက်စ်ဟမ်းက ဇန်နဝါရီတုန်းက ဘရာဇီးလ်စတားကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပါတယ်။ ဘာစီလိုနာဟာ ဒေကိုအကူအညီနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် ဘဏ္ဍာရေးမတတ်နိုင်တဲ့အနေအထားမှာ ခေါ်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။

အာတီတာကိုတော့ အာဆင်နယ်ဘုတ်အဖွဲ့က ထောက်ခံချက်ပေးထားပြီး ပေါ်တိုစတား ဗီအဲရာ နဲ့ နယူးအင်္ဂလန်ဂိုးသမား တာနာတို့ကို ခေါ်ယူထားခဲ့ပါတယ်။ ဒါ့ပြင် ဆော်ပိုလိုစတား မာကွင်ဟို့စ်ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ကာ လာမယ့်ရာသီသစ်အတွက် သေချာလေးပြင်ဆင်နေတာဖြစ်ပါတယ်။ ကွန်တီရဲ့တော့တင်ဟမ်ကတော့ ဘစ်ဆူးမား ၊ ပါရီဆစ် နဲ့ ဖော်စတာတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

ZAWGYI: အာဆင်နယ်အသင်းဟာ အေဂျက်စတား လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းနေပြီး ယူနိုက်တက်ကိုကျော်ဖြတ်ကာ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အသက် ၂၄ နှစ်သားကို အာဆင်နယ်အပြင် ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အာတီတာရဲ့အာဆင်နယ်အသင်းဟာ မာတီနက်ဇ်ကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။ခြားတစ်ဖက်မှာလည်း ယူနိုက်တက်အသင်းဟာ အေဂျက်စတား တင်းဘားကို မရတဲ့နောက်မှာ မာတီနက်ဇ်ဘက်မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။