ချဲလ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းခါနီးမှာမှ ခြေလှမ်း ခပ်စိတ်စိတ်နဲ့ လှုပ်ရှားနေပေမယ့် ၊ စီနီယာ အသင်း အတွက် ကစားသမားသစ် ၂ဦးသာ တရားဝင် ခေါ်ယူထားနိုင်ပါသေးတယ် ။ ပိုင်ရှင်သစ် ဖြစ်သူ တော့ဒ်ဘိုလီ ဟာ ဒီနွေတတွင်းမှာ ကစားသမားသစ် ၅ဦးခန့် ခေါ်ယူပေးမယ်လို့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ထံ ကတိပြုထားပါတယ် ။ ကစားသမားသစ် ၂ဦးတည်း ခေါ်ယူနိုင်ခဲ့တာကလည်း အကြောင်း အမျိုးမျိုးသော အချို့သော ပစ်မှတ်တွေကို လက်လွှတ်ခဲ့ရတာကြောင့် ဖြစ်ပါတယ် ။

ဒီအထဲမှာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တဲ့ ဘရာဇီး လက်ရွေးစင် တောင်ပံ ကစားသမား ရာဖင်ဟာ ၊ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဂျူးလ်စ်ကွန်းဒေးတို့ ပါဝင်နေပါတယ် ။ အခုအခါမှာတော့ ဘာစီလိုနာ ဟာ အပြောင်းအရွှေ့ စျေးကွက်ထဲ ထင်တိုင်းကြဲခဲ့ပြီးနောက် ၊ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေပြီး ၊ စီနီယာ အသင်းသား ၃ဦး ဖြစ်တဲ့ ပီယာ အမ်းမရစ် အူဘားမီးယန်း ၊ မမ်းဖစ် ဒီပိုင်းနဲ့ ဖရန်ကီ ဒီယွန်တို့ကို လာရောက် ခေါ်ယူဖို့ ချဲလ်ဆီးထံ ကမ်းလှမ်းထားကြောင်း Evening Standard ရဲ့ ချဲလ်ဆီး ဂျာနယ်လစ် နစ်ဇာ ကင်ဆဲလာ က ဆိုပါတယ် ။

ဂါဘွန် ဝါရင့် တိုက်စစ်မှူး အူဘားမီးယန်း ဟာ အာဆင်နယ်ကနေ ဘာစီလိုနာသို့ ပြောင်းရွှေ့လာခဲ့တာ နှစ်ဝက်ကျော်ကျော်သာ ရှိသေးပေမယ့် ၊ ရောဘတ် လီဝမ်ဒေါစကီး ဘာဆာသို့ ရောက်လာလို့ ၊ ပွဲကစားခွင့် ပိုနည်းနိုင်တဲ့ အပြင် ၊ အနာဂတ် မရေရာမှုနဲ့ပါ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ကတော့ တိုက်စစ် ကစားသမားသစ် ထပ်ခေါ်ဖို့ ဆိုတာ ၄င်းတို့ရဲ့ အဓိက ဦးစားပေး ပစ်မှတ် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုထားသည့်တိုင် ၊ အူဘားမီးယန်း ဟာ ၄င်းရဲ့ တပည့်ဟောင်း တဦး ဖြစ်သလို ၊ လက်ရှိ အထောင် တိုက်စစ်မှာ အူဘားမီးယန်းကဲ့သို့ ဒေါင်ဒေါင်မြည် ဂိုးသွင်းပေးမယ့် တိုက်စစ်မှူးမျိုး ရှိမ နေတာ တူချယ် တယောက် သတိထားမိမှာ သေချာပါတယ် ။

ဒတ်ခ်ျကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ဒီပိုင်းနဲ့ ဒီယွန်တို့ဟာ တူချယ် သဘောကျ နှစ်သက်တဲ့ ကစားသမားတွေ ဖြစ်ပေမယ့် ၊ နောက်ခံလူ အသစ်တွေ ထပ်ဖြည့်လို့ မပြီးသေးတာကြောင့် ၄င်းတို့ ၂ဦးနဲ့ ပတ်သက်ပြီး သတင်း မေးမြန်းမှု ၊ စောင့်ကြည့်မှုတွေလောက်သာ လုပ်ထားပါတယ် ။ အထူးသဖြင့် ဒီယွန် ဟာ လက်ရှိ ကလပ် လစာ အများဆုံး ကစားသမား ဖြစ်နေပြီး ၊ လစာ အ‌ေကြပေးစရာ သန်းချီ ကျန်ရှိနေတာကြောင့် ဘာစီလိုနာဖက်မှ ၄င်းနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်း မှန်သမျှကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ် ။

ဘာစီလိုနာ ဟာ ဒီယွန် အတွက် မန်ချက်စတာ ယူနိုက်တက်ထံမှ ယူရို ၈၅သန်းနဲ့ ကမ်းလှမ်းမှုကို သဘောတူထားပေမယ့် ၊ ကစားသမားဖက်က ချန်ပီယံလိဂ် ဝင်ခွင့် မရထားတဲ့ မန်ယူနိုက်တက်ဆီ မပြောင်းချင်ပဲ ရှိနေပါတယ် ။ ဒီအတွက်ကြောင့်လည်း ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ ချဲလ်ဆီးဆီက ဒီယွန်အတွက် ကမ်းလှမ်းမှုကို စောင့်မျှော်နေတာ ဖြစ်ပါတယ် ။ လက်ရှိ အချိန် အထိတော့ ချဲလ်ဆီးဖက်က ထိုကစားသမား ၃ဦးလုံး အတွက် တရားဝင် ကမ်းလှမ်းထားတာမျိုး လုံးဝ မလုပ်ထားပဲ ၊ စိတ်ဝင်စားတဲ့ အဆင့်သာ ရှိပါသေးတယ် ။

တဖက်မှာ ဘာဆာ ဟာ ချဲလ်ဆီး ဝါရင့် နောက်ခံလူ ၂ဦး ဖြစ်တဲ့ မားကို့စ် အလွန်ဆိုနဲ့ ဆီဆာ အက်ဇ်ပီလီကွီတာတို့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ် ။ ချဲလ်ဆီးဖက်ကတော့ ဘရိုက်တန် ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာကို အပြီးသတ် ခေါ်ယူပြီးရင် ၊ အလွန်ဆိုကို ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ပြုမှာ ဖြစ်ပေမယ့် ၊ ကလပ် အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာကိုတော့ အတတ်နိုင်ဆုံး ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားသွားဖို့ ရှိပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းခါနီးမှာမှ ခြေလှမ်း ခပ်စိတ်စိတ်နဲ့ လှုပ်ရှားနေပေမယ့် ၊ စီနီယာ အသင်း အတွက် ကစားသမားသစ် ၂ဦးသာ တရားဝင် ခေါ်ယူထားနိုင်ပါသေးတယ် ။ ပိုင်ရှင်သစ် ဖြစ်သူ တော့ဒ်ဘိုလီ ဟာ ဒီနွေတတွင်းမှာ ကစားသမားသစ် ၅ဦးခန့် ခေါ်ယူပေးမယ်လို့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ထံ ကတိပြုထားပါတယ် ။ ကစားသမားသစ် ၂ဦးတည်း ခေါ်ယူနိုင်ခဲ့တာကလည်း အကြောင်း အမျိုးမျိုးသော အချို့သော ပစ်မှတ်တွေကို လက်လွှတ်ခဲ့ရတာကြောင့် ဖြစ်ပါတယ် ။