အင်တာ မီလန်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးကို တစ်ရာသီ အငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့ အကြောင်းကို တရားဝင် ကြေညာသွားခဲ့ပါတယ်။ အင်တာမီလန်ကနေ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် တစ်နှစ် မပြည့်သေးခင်မှာပဲ အင်တာမီလန်အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒီဇင်ဘာလတုန်းက အင်တာဗျူးတစ်ခုမှာ တူချယ်ရဲ့ ကစားဟန်တွေ အပေါ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ချဲလ်ဆီး ပရိသတ်တွေက လူကာကူ အပေါ်ကို တော်တော်လေး ကြည့်မရဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ တူချယ်ကို ပြန်လည်တောင်းပန်ခဲ့ပေမယ့် အသင်းရဲ့ ပွဲစဉ်(၂)ပွဲမှာတော့ လူစာရင်းကနေ ချန်လှပ်ခြင်းကို ခံခဲ့ရပြီး၊ တူချယ်နဲ့ နှစ်ဦးထဲ ထိပ်တိုက်တွေ့ကာ ပြဿနာကို ဖြေ ရှင်းခဲ့ရတာပါ။ လက်ရှိမှာတော့ အင်တာမီလန်သို့ တရားဝင် ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ အင်တာနဲ့ ပထမဆုံး အကြိမ် ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ ပြောခဲ့တဲ့စကားတွေ ကြောင့် ချဲလ်ဆီး ပရိသတ်တွေရဲ့ လူကာကူအပေါ် အမြင် မကြည်လင်မှုတွေက ပိုပြီးတော့ တိုးလာခဲ့ပြီ ဖြစ်ပါတယ်။

လူကာကူက ” ပရိသတ်တွေ အသင်းဖော်တွေနဲ့သာမက နည်းပြလည်း အလုပ်တွဲလုပ်ဖို့ အတွက်လည်း အခွင့်အရေးတွေ ပြန်ရလာတာပါ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ တလျှောက်လုံး ကျွန်တော် သူနဲ့ အဆင်အသွယ် ရှိနေခဲ့ပါတယ်၊ သူက ကလပ်အတွက် အကောင်းဆုံး လုပ်နေတဲ့သူလို့ ကျွန်တော် ထင်ပါတယ်၊ ဒါ့ကြောင့်မလို အင်တာ အတွက် အကောင်းဆုံးတွေ ဖြစ်လာဖို့ ကျွန်တော် ကူညီပေးချင်ပါတယ်၊ အင်္ဂလန်မှာတုန်းက ကျွန်တော် အိမ်ထဲကနေတောင် အပြင် သိပ်မထွက်ခဲ့ပါဘူး၊ ”

” အခု အင်တာကို ပြန်ရောက်လာရတာ ကျွန်တော် အရမ်းပျော်ပါတယ်၊ မြက်ခင်းစိမ်းတွေထက်မှာ ကျွန်တော် အသင်းဖော်တွေကို ပြန်တွေ့ ချင်နေပါပြီ ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ လူကာကူရဲ့ ပြောစကားတွေဟာ ချဲလ်ဆီး ပရိသတ်တွေကြားထဲမှာ တော်တော်လေး ဂယက်ထသွားခဲ့တာ ဖြစ်ပြီး၊ အင်တာနဲ့ တစ်ရာသီ အငှားပြီးရင်တောင် ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းကို ဖျက်သိမ်းလိုက်ဖို့ ပရိသတ်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ပရိသတ် တစ်ဦးက

” လူကာကူက အင်ဇာဂီနဲ့ ပြီးခဲ့တဲ့ တရာသီလုံး အဆက်အသွယ်ရှိနေတယ်ဆိုတဲ့ စကားက ငါကို တော်တော်လေး မခံမရပ်နိုင် ဖြစ်စေပါတယ်၊ အဲ့ဘဲကို အင်တာက ရာသီကုန်လို့ စာချုပ်သစ်ချုပ်ဖို့ အလိုမရှိဘူးဆိုရင်တောင် ချဲလ်ဆီးက သူနဲ့ စာချုပ်ကို ဖျက်သိမ်းသင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ” ဒီဘဲ က အင်တာကိုရောက်တော့ အင်ဇာဂီနဲ့ တရာသီလုံး အဆက်အသွယ်ရှိခဲ့တဲ့ အကြောင်းပြောခဲ့တယ်၊ ဇာပါတာကော်စတာထက် တောင်ဆိုးရွားတဲ့ အပြောင်းအရွှေ့ကို လက်လျှော့လိုက်ပါတော့ ” လို့ ပြောဆိုခဲ့တာပါ။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း ” ကျွန်တော် လူကာကူရဲ့ အင်တာနဲ့ အင်တာဗျုးကို ကြည့်ခဲ့ပါတယ်၊ အခုသူက အင်တာကို အငှားနဲ့ ရောက်နေတာပါ၊ အခုချိန်ထိ ချဲလ်ဆီးရဲ့ ကစားသမားအဖြစ် ရှိနေဆဲ ဆိုတာ သတိရစေချင်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ လူကာကူဟာ ချဲလ်ဆီးနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံး ကောင်းမွန်တဲ့ အခြေအနေမှာ မရှိခဲ့ပေမဲ့ ချဲလ်ဆီးအတွက် သွင်းဂိုး (၁၅)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုး သွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ZAWGYI: အင်တာ မီလန်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးကို တစ်ရာသီ အငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့ အကြောင်းကို တရားဝင် ကြေညာသွားခဲ့ပါတယ်။ အင်တာမီလန်ကနေ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် တစ်နှစ် မပြည့်သေးခင်မှာပဲ အင်တာမီလန်အသင်းထံကို တစ်ရာသီ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒီဇင်ဘာလတုန်းက အင်တာဗျူးတစ်ခုမှာ တူချယ်ရဲ့ ကစားဟန်တွေ အပေါ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ချဲလ်ဆီး ပရိသတ်တွေက လူကာကူ အပေါ်ကို တော်တော်လေး ကြည့်မရဖြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။