မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမား ဂျက်ဆီ လင်ဂါ့ဒ်အနေနဲ့ အသင်းကနေ ထွက်ခွါတော့မယ်လို့ အတည်ပြုခဲ့ပြီးနောက် ရိုးမားအသင်းအနေနဲ့ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂါ့ဒ်အနေနဲ့ အသင်းမှာ ၂၂ နှစ်တာကာလကို ဖြတ်သန်းခဲ့ရပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွါတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလထဲမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ လင်ဂါ့ဒ်အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး အသင်းကို ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကိုင်တွယ်ခဲ့တဲ့ မန်နေဂျာတွေဖြစ်တဲ့ အိုလေ ဂန်းနား ဆိုးလ်ရှားနဲ့ ရာ့ဖ် ရန်းနစ်ခ်တို့ရဲ့ အလေးပေးမှုကို မရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီသတင်းဌာနဖြစ်တဲ့ Gazzetta dello Sport သတင်းဌာနရဲ့ဖော်ပြချက်အရ ရိုးအားအသင်းအနေနဲ့ အေးဂျင့်ဘက်က လာရောက်ကမ်းလှမ်းမှုလုပ်ခဲ့တဲ့ လင်ဂါ့ဒ်ကို ခေါ်ယူဖို့အတွက် စဉ်းစားနေပြီဖြစ်ကြောင်း သိရပါတယ်။

ဒီဘက်နှစ်တွေမှာ ပွဲအများကြီးမကစားခဲ့ရပေမယ့် လင်ဂါ့ဒ်အနေနဲ့ ၂၀၂၁ ခုနှစ်တုန်းက ဝက်စ်ဟမ်းအသင်းကို အငှါးနဲ့ သွားရောက်ကစားခဲ့စဉ်မှာတော့ ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲအတွင်း ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟမ်းမားတို့အနေနဲ့လည်း လင်ဂါ့ဒ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ရိုးမားအသင်းရော ဟမ်းမားတို့ကပါ လင်ဂါ့ဒ်ကို အခွင့်အရေးပြန်ပေးတာနဲ့ သူ့ရဲ့ ပုံစံကောင်းကို ပြန်လည်ရှာဖွေနိုင်မှာဖြစ်ကြောင်း ယုံကြည်နေတာဖြစ်ပါတယ်။

ရိုးမားအသင်းရဲ့မန်နေဂျာ ဂျိုဆေး မော်ရင်ညိုအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့စဉ်တုန်းက လင်ဂါ့ဒ်နဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ လက်တွဲအလုပ်လုပ်ခဲ့ဖူးပြီး သူ့ရဲ့အကောင်းဆုံးပုံစံအချို့ကို ထုတ်ပြနိုင်ဖို့အတွက် စိတ်အားတက်စေခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လင်ဂါ့ဒ်အနေနဲ့ သရဲနီတို့အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲသာ ကစားခဲ့ရပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချိုနဲ့ အန်ထော်နီ အီလန်ဂါတို့လို ကစားသမားတွေရဲ့နောက်မှာသာ ဦးစားပေးခံရတဲ့အဆင့်အထိ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စီနီယာအသင်းကြီးနဲ့အတူ ဆယ်စုနှစ်တစ်စုစာမက ကစားခဲ့တဲ့ကာလအတွင်း လင်ဂါ့ဒ်အနေနဲ့ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်တို့ကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ထွက်ခွါမှုနဲ့ ပတ်သက်ပြီး လင်ဂါ့ဒ်က “အနီရောင်အဖြစ် မွေးဖွားလာခဲ့တယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်း ကျွန်တော့်အနေနဲ့ မိသားစုလိုဖြစ်နေတဲ့ အသင်းကနေ ထွက်ခွါဖို့အတွက် စိတ်ခံစားချက်ပြင်းထန်နေပါတယ်”

“၂၂ နှစ်ကြာမြင့်ပြီးနောက် ကျွန်တော့်အနေနဲ့ အမြဲတမ်းအမှတ်ရနေမယ့် အမှတ်တရများစွာနဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ ချစ်ခြင်းများစွာဖြင့် ဂျေလင်းဂ်”လို့ လူမှုကွန်ရက်အကောင့်မှာ တင်သွားခဲ့ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမား ဂျက်ဆီ လင်ဂါ့ဒ်အနေနဲ့ အသင်းကနေ ထွက်ခွါတော့မယ်လို့ အတည်ပြုခဲ့ပြီးနောက် ရိုးမားအသင်းအနေနဲ့ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ဆန္ဒရှိနေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂါ့ဒ်အနေနဲ့ အသင်းမှာ ၂၂ နှစ်တာကာလကို ဖြတ်သန်းခဲ့ရပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကို စွန့်ခွါတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။