မန်ယူနိုက်တက်ရဲ့ တချိန်က ကြယ်ပွင့် ကစားသမားလေး အိန်ဂျယ်ဂိုမတ်စ်ဟာ မဝေးတော့တဲ့ အနာဂတ်မှာ မန်ယူနိုက်တက်ဆီ ပြန်လာပြီး မန်ယူနိုက်တက် ရဲ့ ဂန္ဓဝင် ကစားသမား တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အိန်ဂျယ် ဂိုးမတ်စ် မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာဟာ သူ့အတွက် ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြန်ပါသေးတယ်။ အခုဆိုရင် မန်ယူနိုက်တက်ကနေ ထွက်ခွာ သွားတာ (၂)နှစ်နီးပါး ရှိနေပြီလည်းပဲ ဖြစ်ပါတယ်။

ဂိုးမတ်စ် အနေနဲ့ လွန်ခဲ့တဲ့ (၂၀၂၀)ခုနှစ် ဇွန်လရဲ့ တိမ်ထူတဲ့ နေ့တနေ့မှာ မန်ယူနိုက်တက်ကနေ ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်မှာ လူငယ် ကစားသမား ဘဝနဲ့ (၁၄)နှစ်ကြာ ရှိနေခဲ့တာ ဖြစ်ပြီး မန်ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား စစ်စစ်တစ်ယောက် ဖြစ်ခဲ့တာပါ။ ဂိုးမတ်စ် အနေနဲ့ မန်ယူနိုက်တက်မှာ ဆက်နေချင်ခဲ့တာပါ။ မန်ယူနိုက်တက်နဲ့ စာချုပ်သစ် တစ်ခု ချုပ်ဆိုပြီး သူ့ရဲ့ ခြေစွမ်းတွေကို မန်ယူနိုက်တက်အတွက် ပေးဆပ်ချင်ခဲ့တာပါ။ နည်းပြဟောင်းဆိုးလ်ရှား ကိုယ်တိုင် ဂိုးမတ်စ်ကို ထိပ်တန်း အဆင့်ရှိတဲ့ ချာတိတ်တစ်ယောက်လို့ ချီးကျူးခဲ့တာပါ။

ဒါပေမဲ့ ဂိုးမတ်စ်အတွက် ကမ်းလှမ်းမှုတွေ ရရှိလာချိန်မှာတော့ ဂိုးမတ်စ်အအနေနဲ့ ပုံမှန်ပွဲထွက် ခွင့်တွေ ရရှိဖို့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ကနေ ထှကျခှာတောာ့မယျလို့ ဆုံးဖြတ်ခဲ့တဲ့ နေ့မှာပဲ အဝတ်လဲခန်းထဲက အခြေအနေတွေက အခြားနေ့တွေက ထက်ပိုပြီးတော့ ခက်ခဲလွန်းခဲ့တယ်လို့ ဂိုးမတ်စ်က ရင်ဖွင်ခဲ့ပြန်ပါတယ်။ ကလေးဘဝကတည်းက မန်ယူနိုက်တက်ရဲ့ ပတ်ဝန်းကျင်မှာပဲ ရှင်သန် ကြီးပျင်းလာခဲ့တဲ့ ဂိုးမတ်စ်အတွက် မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာဟာ စိတ်ထိခိုက်မှုတွေတော့ အနည်းငယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော် အသင်းကို နှုတ်ဆက်စကားပြောခဲ့တဲ့ အချိန်မှာ အရာရာတိုင်းက အဆင်ပြေနေခဲ့တာပါ၊ ဒါပေမဲ့ စိတ်ထဲမှာတော့ အနည်းငယ်လောက်ပဲ ခံစားခဲ့ရတာပါ၊ ဒါပေမဲ့ အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကနေ ထွက်လာခဲ့တဲ့ အချိန်မှာ ဂါနာနဲ့ မန်ဂီတို့ကို မြင်ခဲ့ရပါတယ်၊ ဒီနှစ်ယောက်လုံးက မန်ယူနိုက်တက်မှာ ကျွန်တော်နဲ့ အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ သူတွေပါ၊ အရိုးသားဆုံး ပြောရရင် ကျွန်တော့်အတွက် အရမ်း ထိတ်လန့်ခဲ့ရပါတယ်၊ ကျွန်တော် မျက်ရည်တွေပါကျပြီး အသံထွက်တဲ့အထိ ငိုခဲ့ရပါတယ်၊ ”

“ကျွန်တော် ကားထဲကို ရောက်တဲ့ အချိန်မှာလည်း လုံခြုံဝန်ထမ်းကို မျက်ရည်တွေနဲ့ အတူ နှုတ်ဆက်စကားပြောခဲ့ရပါသေးတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် ထိန်းချုပ်နိုင်ခဲ့ ခြင်းမရှိခဲ့ပါဘူး၊ ကျွန်တော့် ခေါင်းထဲမှာ ကျွန်တော့်ရဲ့ လက်ကျန် ကစားသမားဘဝကို မန်ယူနိုက်တက်မှာပဲ ရှိနေမယ်လို့ မြင်ခဲ့တာပါ၊ မန်ယူနိုက်တက်ရဲ့ ဂန္ဓဝင် ကစားသမားကြီး ဖြစ်လာဖို့ အထိ ကျွန်တော် ရှိချင်ခဲ့တာပါ၊ အဲ့ဒါက ကျွန်တော့် ရဲ့ ရည်မှန်းချက်ပါပဲ၊ ”

“ကျွန်တော့်ရဲ့ အကယ်ဒမီက အသင်းဖော်တွေနဲ့ အတူ မန်ယူနိုက်တက်မှာ ၉၂ တူန်းက မျိုးဆက်သစ်လို ဖြစ်လာခဲ့ဖို့ အထိ ရည်ရွယ်ထားခဲ့တာပါ၊ ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်နိုင်ဖို့ သတ္တိတွေတော့ ရှိရပါမယ် ” လို့ ဂိုးမတ်စ်က ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဂိုးမတ်စ်ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ ကစားသမားအဖြစ်ရှိနေပြီး လိုင်လီအသင်းကနေ တဆင့် ဘိုအာဗီစတာ အသင်းထံမှာ အငှားနဲ့ သွားရောက် ကစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်ရဲ့ တချိန်က ကြယ်ပွင့် ကစားသမားလေး အိန်ဂျယ်ဂိုမတ်စ်ဟာ မဝေးတော့တဲ့ အနာဂတ်မှာ မန်ယူနိုက်တက်ဆီ ပြန်လာပြီး မန်ယူနိုက်တက် ရဲ့ ဂန္ဓဝင် ကစားသမား တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အိန်ဂျယ် ဂိုးမတ်စ် မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာဟာ သူ့အတွက် ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြန်ပါသေးတယ်။ အခုဆိုရင် မန်ယူနိုက်တက်ကနေ ထွက်ခွာ သွားတာ (၂)နှစ်နီးပါး ရှိနေပြီလည်းပဲ ဖြစ်ပါတယ်။

ဂိုးမတ်စ် အနေနဲ့ လွန်ခဲ့တဲ့ (၂၀၂၀)ခုနှစ် ဇွန်လရဲ့ တိမ်ထူတဲ့ နေ့တနေ့မှာ မန်ယူနိုက်တက်ကနေ ထွက်ခွာ သွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်မှာ လူငယ် ကစားသမား ဘဝနဲ့ (၁၄)နှစ်ကြာ ရှိနေခဲ့တာ ဖြစ်ပြီး မန်ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား စစ်စစ်တစ်ယောက် ဖြစ်ခဲ့တာပါ။ ဂိုးမတ်စ် အနေနဲ့ မန်ယူနိုက်တက်မှာ ဆက်နေချင်ခဲ့တာပါ။ မန်ယူနိုက်တက်နဲ့ စာချုပ်သစ် တစ်ခု ချုပ်ဆိုပြီး သူ့ရဲ့ ခြေစွမ်းတွေကို မန်ယူနိုက်တက်အတွက် ပေးဆပ်ချင်ခဲ့တာပါ။ နည်းပြဟောင်းဆိုးလ်ရှား ကိုယ်တိုင် ဂိုးမတ်စ်ကို ထိပ်တန်း အဆင့်ရှိတဲ့ ချာတိတ်တစ်ယောက်လို့ ချီးကျူးခဲ့တာပါ။

ဒါပေမဲ့ ဂိုးမတ်စ်အတွက် ကမ်းလှမ်းမှုတွေ ရရှိလာချိန်မှာတော့ ဂိုးမတ်စ်အအနေနဲ့ ပုံမှန်ပွဲထွက် ခွင့်တွေ ရရှိဖို့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ကနေ ထှကျခှာတောာ့မယျလို့ ဆုံးဖြတ်ခဲ့တဲ့ နေ့မှာပဲ အဝတ်လဲခန်းထဲက အခြေအနေတွေက အခြားနေ့တွေက ထက်ပိုပြီးတော့ ခက်ခဲလွန်းခဲ့တယ်လို့ ဂိုးမတ်စ်က ရင်ဖွင်ခဲ့ပြန်ပါတယ်။ ကလေးဘဝကတည်းက မန်ယူနိုက်တက်ရဲ့ ပတ်ဝန်းကျင်မှာပဲ ရှင်သန် ကြီးပျင်းလာခဲ့တဲ့ ဂိုးမတ်စ်အတွက် မန်ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာဟာ စိတ်ထိခိုက်မှုတွေတော့ အနည်းငယ်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော် အသင်းကို နှုတ်ဆက်စကားပြောခဲ့တဲ့ အချိန်မှာ အရာရာတိုင်းက အဆင်ပြေနေခဲ့တာပါ၊ ဒါပေမဲ့ စိတ်ထဲမှာတော့ အနည်းငယ်လောက်ပဲ ခံစားခဲ့ရတာပါ၊ ဒါပေမဲ့ အသင်းရဲ့ လေ့ကျင့်ရေး ကွင်းကနေ ထွက်လာခဲ့တဲ့ အချိန်မှာ ဂါနာနဲ့ မန်ဂီတို့ကို မြင်ခဲ့ရပါတယ်၊ ဒီနှစ်ယောက်လုံးက မန်ယူနိုက်တက်မှာ ကျွန်တော်နဲ့ အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ သူတွေပါ၊ အရိုးသားဆုံး ပြောရရင် ကျွန်တော့်အတွက် အရမ်း ထိတ်လန့်ခဲ့ရပါတယ်၊ ကျွန်တော် မျက်ရည်တွေပါကျပြီး အသံထွက်တဲ့အထိ ငိုခဲ့ရပါတယ်၊

ကျွန်တော် ကားထဲကို ရောက်တဲ့ အချိန်မှာလည်း လုံခြုံဝန်ထမ်းကို မျက်ရည်တွေနဲ့ အတူ နှုတ်ဆက်စကားပြောခဲ့ရပါသေးတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် ထိန်းချုပ်နိုင်ခဲ့ ခြင်းမရှိခဲ့ပါဘူး၊ ကျွန်တော့် ခေါင်းထဲမှာ ကျွန်တော့်ရဲ့ လက်ကျန် ကစားသမားဘဝကို မန်ယူနိုက်တက်မှာပဲ ရှိနေမယ်လို့ မြင်ခဲ့တာပါ၊ မန်ယူနိုက်တက်ရဲ့ ဂန္ဓဝင် ကစားသမားကြီး ဖြစ်လာဖို့ အထိ ကျွန်တော် ရှိချင်ခဲ့တာပါ၊ အဲ့ဒါက ကျွန်တော့် ရဲ့ ရည်မှန်းချက်ပါပဲ၊

ကျွန်တော့်ရဲ့ အကယ်ဒမီက အသင်းဖော်တွေနဲ့ အတူ မန်ယူနိုက်တက်မှာ ၉၂ တူန်းက မျိုးဆက်သစ်လို ဖြစ်လာခဲ့ဖို့ အထိ ရည်ရွယ်ထားခဲ့တာပါ၊ ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်နိုင်ဖို့ သတ္တိတွေတော့ ရှိရပါမယ် လို့ ဂိုးမတ်စ်က ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဂိုးမတ်စ်ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ ကစားသမားအဖြစ်ရှိနေပြီး လိုင်လီအသင်းကနေ တဆင့် ဘိုအာဗီစတာ အသင်းထံမှာ အငှားနဲ့ သွားရောက် ကစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။