အာဆင်နယ် အသင်း ရဲ့ ဝါရင့် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ က နော်ဝေ လက်ရွေးစင် မာတင် အိုဒီဂတ် ဟာ ဂန်းနားတို့ရဲ့အနာဂတ် အသင်း ခေါင်းဆောင် ဖြစ်ကြောင်း အာမခံ ပြောကြား လိုက်ပါတယ် ။ ဂန်းနား တို့ဟာ အူဘာမီယန်း ကို အသင်း ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီးကတည်းက အခုအချိန်အထိ အသင်း ခေါင်းဆောင်သစ် တရားဝင် ခန့်အပ်ရခြင်း မရှိသေးပါဘူး ။ လက်ရှိမှာ အာဆင်နယ် အသင်း ခေါင်းဆောင်သစ် အဖြစ် ပွဲထွက် ကစားနေသူကတော့ တိုက်စစ်မှူး လာကာဇက် ဖြစ်ပြီး လာကာဇက် မပါချိန်မှာ အိုဒီဂတ် က အသင်း ခေါင်းဆောင် အဖြစ် ကစားနေပါတယ် ။

ဒါပေမယ့်လည်း လာကာဇက် ဟာ ရာသီကုန်မှာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အာတေတာ အနေနဲ့ အမြဲတမ်း အသင်း ခေါင်းဆောင် အဖြစ် ဘယ်သူ့ကို ခန့်အပ်မလဲ ဆိုတာ ရွေးချယ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။ လက်ရှိမှာ အာဆင်နယ် အသင်း ခေါင်းဆောင်သစ် အဖြစ် အိုဒီဂတ် ၊ ဂါဘရီရဲလ် ၊ ဘန်ဝှိုက် ၊ တီယာနေး ၊ လာကာဇက် ၊ ရှာကာ နဲ့ ရမ်စ်ဒဲလ် တို့ ရေပန်းစား နေကြပါတယ် ။

အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ရှာကာ ကတော့ အိုဒီဂတ် ဟာ အသင်းဖော်တွေရဲ့ ယုံကြည်လေးစားမှုကို ရရှိထားပြီး အသင်း ခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်တဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ် ။ အိုဒီဂတ် ဟာ နော်ဝေ အသင်းရဲ့ အသင်း ခေါင်းဆောင်လည်း ဖြစ်ပါတယ် ။ ရှာကာ က TV2 မှာ ” သူက ဒီအသင်းရဲ့ အနာဂတ်ပါပဲ ၊ လာကာဇက် မကစားနိုင်ချိန်မှာဆို သူ အာဆင်နယ် အသင်းရဲ့အသင်း ခေါင်းဆောင် အဖြစ်တောင် တာဝန် ယူခဲ့ပါတယ် ၊ သူ့ရဲ့အတွေးအခေါ်ကော စိတ်ပိုင်းဆိုင်ရာကော ဘယ်လောက် အထိ ရင့်ကျက်သလဲ ဆိုတာ ခင်ဗျားတို့ တွေ့ကြမှာပါ ။ ”

” သူက အသက် ငယ်ပါသေးတယ် ၊ ခုမှ ၂၃ နှစ်ပဲ ရှိသေးတာပါ ၊ ဒါပေမယ့် သူ့ရဲ့အပြုအမူ ကွင်းတွင်း စွမ်းဆောင်ရည်က အသက် ၃၀ အရွယ် ကစားသမားလိုပါပဲ ၊ အခုဆို သူ က ပွဲ ၅၀၀/၆၀၀ ကစားထားတဲ့ ကစားသမားလိုပါပဲ ။ သူက သေချာပေါက် အာဆင်နယ် အသင်းရဲ့အသင်း ခေါင်းဆောင် ဖြစ်လာမှာပါ။သူ့မှာ ခေါင်းဆောင် DNA ရှိနေပါတယ်၊သူက နေ့တိုင်း နေ့တိုင်း အပြင်းအထန် အလုပ်ကြိုးစားသူပါ ၊ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူလည်း ဖြစ်ပါတယ် ၊ အဝတ်လဲခန်းအတွင်းမှာဆို လူတွေအားလုံးက သူ့စကား နားထောင်ကြပါတယ်။”

“အသင်း ခေါင်းဆောင် ဖြစ်ဖို့အတွက် အော်ဟစ် နေစရာမလိုပါဘူး ၊ ဘယ်အချိန်မှာ ဘာပြောသင့်သလဲ ဘယ်သူ့ကို ဘာပြောရမလဲ ဆိုတာ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ် ၊ သူက သိပ်ကို နှိမ့်ချ ဆက်ဆံတတ်သူပါ ၊ အေးအေးဆေးဆေးပဲ နေပါတယ် ၊ သူက စကားအများကြီး မပြောသလို အော်ကျယ် အော်ကျယ်လည်း မပြောတတ်ပါဘူး ။ ဒါပေမယ့် သူ ပြောလိုက်တဲ့ စကားတိုင်းက ကစားသမားတွေအတွက် ရှင်းလင်းနားလည် လွယ်စေပါတယ် ၊ ဒါက အဓိက သော့ချက်ပါပဲ ၊ အဲ့ဒီအရာကပဲ သူ့ကို တစ်မူ ထူးခြား စေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ZAWGYI: အာဆင်နယ် အသင်း ရဲ့ ဝါရင့် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ က နော်ဝေ လက်ရွေးစင် မာတင် အိုဒီဂတ် ဟာ ဂန်းနားတို့ရဲ့အနာဂတ် အသင်း ခေါင်းဆောင် ဖြစ်ကြောင်း အာမခံ ပြောကြား လိုက်ပါတယ် ။ ဂန်းနား တို့ဟာ အူဘာမီယန်း ကို အသင်း ခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီးကတည်းက အခုအချိန်အထိ အသင်း ခေါင်းဆောင်သစ် တရားဝင် ခန့်အပ်ရခြင်း မရှိသေးပါဘူး ။ လက်ရှိမှာ အာဆင်နယ် အသင်း ခေါင်းဆောင်သစ် အဖြစ် ပွဲထွက် ကစားနေသူကတော့ တိုက်စစ်မှူး လာကာဇက် ဖြစ်ပြီး လာကာဇက် မပါချိန်မှာ အိုဒီဂတ် က အသင်း ခေါင်းဆောင် အဖြစ် ကစားနေပါတယ် ။