လာမယ့် ဘောလုံးရာသီမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆီမန်ကို အရခေါ်ယူသွားနိုင်ဖို့အတွက် တောက်လျှောက် ကြိုးပမ်းလျက်ရှိနေရာ အခုလက်ရှိမှာလည်း ယူနိုက်တက်က သူတို့ရဲ့ ကစားသမား အန်တိုနီမာစီယဲလ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တစ်ပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းသွားဖို့ အဆင့်သင့် ဖြစ်နေပြီလို့ သိရှိရပါတယ်။

အသက်(၂၆)နှစ်အရွှယ် ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကမှ မိုနာကိုကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ သူရဲ့ခြေစွမ်းပိုင်း ကျဆင်းလာမှုတွေကြောင့် ပွဲကစားခွင့်တွေပါ နည်းပါးလာခဲ့ရသလို အခုလက်ရှိမှာလည်း ဆီဗီလာအသင်းဆီ ရာသီကုန်အထိ အငှားချထားခံခဲ့ရပါတယ်။ မာစီယဲလ်ကို အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဆီဗီလာအသင်းက အငှားစာချုပ် သက်တမ်းပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒမရှိတော့ပဲ ယူနိုက်တက်ဆီသာ ပြန်ပို့ဆောင်တော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ကလည်း မာစီယဲလ်ကို အသင်းမှာ ဆက်အသုံးပြုဖွယ် မရှိပဲ အိုဆီမန်ရဲ့ အပြောင်းအရွှေ့မှာသာ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ လိုင်လီတိုက်စစ်မှူးဟောင်း အိုဆီမန်ဟာ လိုင်လီကနေ နာပိုလီအသင်းဆီကို ယူရိုသန်း(၈၀)ဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး သူရဲ့ နာပိုလီ ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ စီးရီးအေသွင်းဂိုး (၁၀)ဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယရာသီဖြစ်တဲ့ ဒီရာသီမှာဆိုရင် စီးရီးအေသွင်းဂိုး (၁၃)ဂိုးအပြင် ပြိုင်ပွဲစုံသွင်းဂိုး (၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

အရပ်အမောင်း မြင့်မားပြီး တိုက်စစ်အရည်အသွေးကောင်းတွေ ကြွယ်ဝထားသူဖြစ်တဲ့ အိုဆီမန်ကို ယူနိုက်တက်ဘက်က အလိုရှိလာခဲ့ပေမယ့်လည်း ကစားသမားရဲ့ လက်ရှိတန်ကြေးက အလွန်မြင့်မားနိုင်သလို နာပိုလီနဲ့လည်း ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့အတွက် ပြောင်းရွှေ့ကြေးကို များစွာပေးချေရနိုင်လို့ ယူနိုက်တက်ဘက်က အိုဆီမန်အတွက် ပြောင်းရွှေ့ကြေးတချို့အပြင် အသင်းရဲ့ တိုက်စစ်ကစားသမား မာစီယဲလ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ယူ-၁၈အသင်းနဲ့ နော်တင်ဟမ်ဖောရက်စ် ယူ-၁၈အသင်းတို့ရဲ့ အက်အေလူငယ်ဖလား ဗိုလ်လုပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပြီး ဆုဖလားပါ ရယူပေးခဲ့တဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ စီစဉ်လျက် ရှိနေပြီလို့ သိရှိရပါတယ်။ အသက်(၁၇)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား ဆယ်ကျော်သက် ကစားသမားလေး ဂါနာချိုဟာ ၂၀၂ဝခုနှစ်ကမှ အသက်လက်တီကို လူငယ်အသင်းကနေ ယူနိုက်တက် အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပွဲဦးထွက်ရာသီမှာပဲ ယူ-၁၈အသင်းအတွက် (၇)ဂိုးသွင်း (၄)ဂိုးဖန်တီးနိုင်ခဲ့သလို ဒီရာသီမှာလည်း (၁၅)ဂိုးသွင်း (၆)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘယ်တောင်ပံ ကစားသမားလေး ဂါနာချိုဟာ FA Youth Cup ပြိုင်ပွဲမှာလည်း ဖိုင်နယ်သွင်းဂိုး(၂)ဂိုး အပါအဝင် စုစုပေါင်း သွင်းဂိုး(၇)ဂိုးနဲ့ ပြိုင်ပွဲတလျှောက် အကောင်းဆုံးသော ခြေစွမ်းတွေပြသခဲ့ပြီး FA Youth Cup ချန်ပီယံဆုကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီ ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးသော လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဂါနာချိုဟာ နောဝစ်ချ် လီဗာပူးလ် အာဆင်နယ် ချယ်လ်ဆီး ဘရန့်ဖို့ဒ် ဘရိုက်တန်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းရဲ့ အရန်လူစာရင်းထဲ ပါဝင်လာခဲ့ရသလို ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာတော့ ပွဲပြီးဆုံးခါနီးမှာ လူစားဝင်အဖြစ်နဲ့ ပါဝင်ခွင့် ရရှိခဲ့ရပါတယ်။

စီနီယာအသင်းကြီးအတွက် တစ်မိနစ်ခန့်လောက်သာ ကစားထားရသေးပေမယ့်လည်း လူငယ်အသင်းမှာ သူရဲ့ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသထားနိုင်မှုကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမယ့် ရာသီအပိတ်ပွဲစဉ်မှာ ပွဲကစားခွင့်တွေ ပိုမိုရရှိဖွယ် ရှိနေသလို လာမယ့်ရာသီ အသင်းကို အဲရစ်တန်ဟက်ဂ် ကိုင်တွယ်ချိန်မှာလည်း ဘောလုံးစွမ်းရည် ကောင်းမွန်လှတဲ့ ဂါနာချိုအနေနဲ့ စီနီယာအသင်းကြီးအတွက် ပွဲကစားခွင့်တွေ ရရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဂါနာချိုနဲ့ ယူနိုက်တက်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်ဘက်က သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေးအတွက် ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်နေတဲ့အပြင် ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေမှာ သွားရောက်ကျင်းပမယ့် ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာလည်း အသင်းနဲ့အတူ ခေါ်ဆောင်သွားဖွယ် ရှိနေရပါတယ်။

ZAWGYI: လာမယ့် ဘောလုံးရာသီမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆီမန်ကို အရခေါ်ယူသွားနိုင်ဖို့အတွက် တောက်လျှောက် ကြိုးပမ်းလျက်ရှိနေရာ အခုလက်ရှိမှာလည်း ယူနိုက်တက်က သူတို့ရဲ့ ကစားသမား အန်တိုနီမာစီယဲလ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တစ်ပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းသွားဖို့ အဆင့်သင့် ဖြစ်နေပြီလို့ သိရှိရပါတယ်။