အီတလီက သတင်းရင်းမြစ်တွေအရ အာဆင်နယ်အသင်းရဲ့ နာပိုလီအသင်းရဲ့တိုက်စစ်မှူး ဗစ်တာ အိုစင်းမ်ဟန်အတွက် ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း)တန် ကမ်းလှမ်းချက်ကို နာပိုလီအသင်းဘက်က ပါယ်ချခဲ့ကြောင်း သိရပါတယ်။ ဂန်းနားတို့အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမကုန်ဆုံးခင်မှာ တိုက်စစ်မှူးသစ် ၂ ဦးအထိ ခေါ်ယူဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအစတုန်းက ရှိခဲ့တဲ့ ပျယ်-အမ်မရိခ် အော်ဘာမီယန်းရော အလက်ဇန္ဒား လာကာဇက်တို့ပါ အခုအချိန်မှာ တစ်ယောက်မှ မရှိကြတော့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးနေရာအတွက် မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေရှိနေပေမယ့်လည်း အိုစင်းမ်ဟန်ကလည်း အသင်းရဲ့ပစ်မှတ်ကစားသမားတွေထဲက တစ်ယောက်အဖြစ် ပါဝင်နေခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက လီလ်အသင်းကနေ နာပိုလီအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၉.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် ၆၂ ပွဲမှာ ၂၈ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အီတလီသတင်းဌာနတွေရဲ့ဖော်ပြချက်အရတော့ နာပိုလီအသင်းအနေနဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၀၀(ပေါင် ၈၅ သန်း)အထိ အလိုရှိနေကြောင်း သိရပါတယ်။ အိုစင်းမ်ဟန်အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမှ နာပိုလီအသင်းအတွက် ၃၂ ပွဲမှာ ၁၈ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အီတလီကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း စီးရီးအေပွဲစဉ် ၅၁ ပွဲအတွင်း ၂၄ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါတိုက်စစ်မှူးအနေနဲ့ နာပိုလီအသင်းနဲ့အတူ စာချုပ်သက်တမ်း ၃ နှစ်အထိ ကျန်ရှိနေသေးတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလည်း နာပိုလီအသင်းကစားသမားကို ခေါ်ယူဖို့အတွက် ကြည့်နေပြီး နာပိုလီအသင်းရဲ့ ခံစစ်မှူး ကာလီဒူး ကူလီဘာလီကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခံစစ်မှူးအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ အန်တိုနီယို ရူဒီဂျာ ထွက်ခွါသွားတာကြောင့် လစ်လပ်နေမယ့် နေရာကို အစားထိုးဝင်ရောက်လာနိုင်မယ့် ကစားသမားတစ်ဦးလို့ ရှုမြင်ခံနေရတာဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ခံစစ်မှူး ရူဒီဂျာကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ကူလီဘာလီအနေနဲ့ လက်ရှိမှာတော့ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး နာပိုလီအသင်းကတော့ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုလိုခြင်းမရှိတာ သေချာပြီဆိုရင် ကူလီဘာလီကို လာမယ့်နွေရာသီအပြောင်းအရွှေ့ရာသီမှာ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာပါ။

ZAWGYI: အီတလီက သတင်းရင်းမြစ်တွေအရ အာဆင်နယ်အသင်းရဲ့ နာပိုလီအသင်းရဲ့တိုက်စစ်မှူး ဗစ်တာ အိုစင်းမ်ဟန်အတွက် ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း)တန် ကမ်းလှမ်းချက်ကို နာပိုလီအသင်းဘက်က ပါယ်ချခဲ့ကြောင်း သိရပါတယ်။ ဂန်းနားတို့အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမကုန်ဆုံးခင်မှာ တိုက်စစ်မှူးသစ် ၂ ဦးအထိ ခေါ်ယူဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီအစတုန်းက ရှိခဲ့တဲ့ ပျယ်-အမ်မရိခ် အော်ဘာမီယန်းရော အလက်ဇန္ဒား လာကာဇက်တို့ပါ အခုအချိန်မှာ တစ်ယောက်မှ မရှိကြတော့တာဖြစ်ပါတယ်။