မန်ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ နွေရာသီ အားလက်ရက် ရက်ရှည်ကြီးမှာ မိသားစုနဲ့အတူ အပန်းဖြေနေရင်း လေ့ကျင့်မှုတွေလည်း မပြတ်လပ်အောင် ပြုလုပ်နေတဲ့ အကြောင်းတွေကို ဆိုရှယ်မီဒီယာထက်ကနေတဆင့် ပရိသတ်တွေကို ပြသ သွားခဲ့ပါတယ်။ အသက် ၃၇ နှစ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ အတူနေချစ်သူဖြစ်သူ ဂျော်ဂျီနာရိုဒရီဂွတ်နဲ့ သူတို့ နှစ်ဦးရဲ့ ကလေးတွေနဲ့အတူ တည်နေရာ ​ဖော်ပြထားခြင်းမရှိတဲ့ ပင်လယ်ပြင် နေရာတစ်ခုထဲမှာ အားလပ်ရက် ခရီးစဥ် ထွက်နေခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ယူအီးအက်ဖ်ကနေ ကျင်းပတဲ့ နေရှင်းလိဂ်ပြိုင်ပွဲ ကစားခဲ့ရပြီးတဲ့နောက် စီရော်နယ်ဒိုဟာ မိသားစုနဲ့အတူ နွေရာသီ အားလပ်ခရီးစဥ် ထွက်နေခဲ့တာပါ။ မန်ယူနိုက်တက်နဲ့ အတူ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရတဲ့ စီရော်နယ်ဒိုဟာ အားလက်ရက်ကာလမှာတောင် စိတ်လွတ်လက်လွတ် ပျော်ပါးနေတာမျိုး မရှိပဲ လာမယ့် ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာထက်မှာ အဖြူ အမဲ ကာလာနဲ့ ဓာတ်ပုံတစ်ပုံကို vacationmode ဆိုတဲ့ ကပ်ပ်ရှင်နဲ့ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီပုံဟာ စီရော်နယ်ဒိုရဲ့ အသက် ၃၇ နှစ်အရွယ်လို့ ထင်ရက်စရာ မရှိတဲ့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ပို့ကို ကြည့်ပြီး လိုက်ခ်ပြုလုပ်သူ ၈ သန်းနီးပါး ရှိခဲ့ပြီးတော့ အရွယ်နဲ့ မလိုက်အောင် ကျန်းမာ ကြံ့ခိုင်လွန်းတဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ပရိသတ်တွေ များစွာ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဇိမ်ခံရွက်လှေပေါ်မှာ ကာယလေ့ကျင့်မှုတွေ ပြုလုပ်နိုင်မယ့် အရာတွေ ထားရှိထားပြီးတော့ မိသားစုနဲ့အတူ အနားယူနေချိန်မှာတောင် သူ့ရဲ့ဘပရော်ဖက်ရှင်နယ် အလုပ်အပေါ် ထိခိုက်မှုတွေ မရှိစေဖို့ ပြည့်ပြည့်ဝဝလေ့ကျင့်မှုတွေ ပြုလုပ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စီရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ် ဆန်လွန်းတဲ့ စိတ်နေစိတ်ထား အပေါ် ချီးကျူးမှုတွေ ပြုလုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်နဲ့ စိတ်ပျက်စရာ ကောင်းလွန်းတဲ့ ရာသီတစ်ခုကို ကြုံတွေ့ခဲ့ရပေမဲ့ လာမယ့် ဘောလုံးရာသီမှာလည်း မန်ယူနိုက်တက်ကနေ ထွက်ခွာ သွားမှာ မဟုတ်ဘူးလို့ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ဒါ့ကြောင့်စီရော်နယ်ဒို အနေနဲ့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင် ပွဲကြီးကို လာမယ့်ရာသီမှာ လွဲချော်တော့မှာ ဖြစ်ပါတယ်။ အသင်းရဲ့ ကျရှုံးနေတဲ့ အခြေအနေမှာတောင် အသင်းကို စွန့်ခွာသွားဖို့ စိတ်မကူးခဲ့တဲ့ စီရော်နယ်ဒိုရဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဓာတ်ဟာလည်း တော်တော်လေး လေးစားစရာ ကောင်းနေတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ လက်ရှိမှာ စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ဆရာဟောင်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ ရိုးမားအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရသလို စီရော်နယ်ဒိုရဲ့ ငယ်ဘဝ ကလပ်အသင်းဖြစ်တဲ့ စပို့တင်း အသင်းကလည်း ပြန်လည်ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက် သမိုင်းတလျှောက် အမှတ်အနည်းဆုံး ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး အဆင့် ၆ နေရာနဲ့သာ​ကျေနပ်ခဲ့ရချိန်မှာတောင်

စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ ပြီး မန်ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့တာပါ။ ဆိုတော့ အသက် ၃၇ နှစ်သားကြီးရဲ့ စွမ်းဆောင်ရည်က အသင်းလိုက် ကျဆင်းနေချိန်မှာတောင် ထိုးထွက်ပြီး ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ရာသီသစ်မှာလည်း နည်းပြသစ် တန်ဟတ်နဲ့ လက်တွဲပြီး ဘာတွေ လုပ်ပြသွားမလဲဆိုတာကလည်း ပရိသတ်တွေအတွက် စိတ်ဝင်တစား ရှိနေကြတဲ့အရာလို့ ဆိုရမှာ ဖြစ်ပါတယ်။

ZAWGYI: မန်ယူနိုက်တက်တို့ရဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ နွေရာသီ အားလက်ရက် ရက်ရှည်ကြီးမှာ မိသားစုနဲ့အတူ အပန်းဖြေနေရင်း လေ့ကျင့်မှုတွေလည်း မပြတ်လပ်အောင် ပြုလုပ်နေတဲ့ အကြောင်းတွေကို ဆိုရှယ်မီဒီယာထက်ကနေတဆင့် ပရိသတ်တွေကို ပြသ သွားခဲ့ပါတယ်။ အသက် ၃၇ နှစ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုဟာ အတူနေချစ်သူဖြစ်သူ ဂျော်ဂျီနာရိုဒရီဂွတ်နဲ့ သူတို့ နှစ်ဦးရဲ့ ကလေးတွေနဲ့အတူ တည်နေရာ ​ဖော်ပြထားခြင်းမရှိတဲ့ ပင်လယ်ပြင် နေရာတစ်ခုထဲမှာ အားလပ်ရက် ခရီးစဥ် ထွက်နေခဲ့တာပဲ ဖြစ်ပါတယ်။