ယူနိုက်တက်ဟာ ဂိုးသမားဒီဂီယာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကွင်းတွင်း ကွင်းပြင်‌ရလဒ်‌ဆိုးရွားလှတဲ့ ယူနိုက်တက်ရဲ့ ယခုနှစ်ရာသီမှာတော့ အသက် ၃၁ နှစ်အရွယ် ကစားသမား ဒီဂီယာဟာ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ စာချုပ်အသစ်ချုပ်ဆိုပြီး ဒီဂီယာရဲ့အားထုတ်မှုကို ဆုချီးမြင့်ဖို့ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။ အသင်းနဲ့ကစားသမားဖြစ်သူဟာ စာချုပ်သစ်ချုပ်ဆိုနေခဲ့တာ နောက်ဆုံးအဆင့်ရောက်နေခဲ့ပြီလို့ သတင်းထောက်ခရမ်ကိုနာကဆိုပါတယ်။

စာချုပ်အသစ်ကိုတော့ ၂၀၂၅ အထိချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ဒီဂီယာရဲ့လက်ရှိစာချုပ်ဟာ တစ်နှစ်ထပ်တိုးခွင့်ရှိပြီး နောက်ရာသီမှာသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ သူဟာတစ်ပတ်ကို ပေါင် ၃၅၀၀၀၀ ရရှိနေတာဖြစ်ပါတယ်။ စပိန်လူမျိုးကစားသမားဖြစ်သူကို အသင်းမှာထပ်မံထားရှိတာကို ကြည့်ခြင်းအားဖြင့် ဒီဂီယာဟာ တန်ဟက်ရဲ့အနာဂတ်အစီအစဉ်မှာ ပါဝင်နေကြောင်း သေချာတိကျစွာသိနိုင်တာပဲဖြစ်ပါတယ်။

အသင်းရဲ့အနေအထားနဲ့ခြေစွမ်းကို ပြောင်းလဲနိုင်ဖို့အတွက် နယ်သာလန်နည်းပြဖြစ်သူဟာ သူ့ရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အဝသုံးစွဲဖို့ ရည်ရွယ်ထားပုံပေါ်ပါတယ်။ ဒီဂီယာဟာ ၂၀၂၅ အထိ စာချုပ်သက်တမ်း အတိုးခံရပြီဖြစ်တာကြောင့် သူဟာ အသင်းမှာရောက်ရှိနေတာ ၁၄ နှစ်အထိဖြစ်သွားမှာဖြစ်ပြီး တန်ဟက်ဟာ သူ့ကို နံပါတ် ၁ ကစားသမားအဖြစ် မြင်ပုံပေါ်ပါတယ်။

ယူနိုက်တက်မှာ အကောင်းဆုံး ကစားသမားဖြစ်နေပေမဲ့ ဒီဂီယာဟာ နိုင်ငံအသင်းကနေတော့ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့ကို အယ်ဘေးနီးယား နဲ့ အိုက်စ်လန်နဲ့ကန်မယ့် ခြေစမ်းပွဲမှာ ချန်လှပ်ထားခဲ့တာဖြစ်ပြီး ဆီမွန်၊ ဆန်းချက်ဇ်နဲ့ ရာယာတို့ကိုတော့ ခေါ်ယူခဲ့ပါတယ်။

နောက်လနေရှင်းလိဂ်ပွဲတွေမှာလည်း ထိုကဲ့သို့ချန်လှပ်ထားမှာပဲဖြစ်ပါတယ်။ စပိန်ယူရို ၂၀၂၀ မှာ ဒီဂီယာထက်စာရင် ဆန်းချက်ဇ်နဲ့ ရာယာတို့အတွဲနဲ့ ဆီမွန်တို့ကို ပိုမိုဦးစားပေးနေခဲ့တာဖြစ်ပါတယ်။

ZAWGYI: ယူနိုက်တက်ဟာ ဂိုးသမားဒီဂီယာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကွင်းတွင်း ကွင်းပြင်‌ရလဒ်‌ဆိုးရွားလှတဲ့ ယူနိုက်တက်ရဲ့ ယခုနှစ်ရာသီမှာတော့ အသက် ၃၁ နှစ်အရွယ် ကစားသမား ဒီဂီယာဟာ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။