ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကစားသမား ဟာကင်ဇီယက်ချ်ကို အရောင်းစာရင်းတင်လိုက်တယ်လို့ နာမည်ကျော် သတင်းထောက် ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ဇီယက်ချ်ကလည်း အသင်းကနေထွက်ခွာချင်နေတယ်လို့ သိရပြီး ပွဲထွက်ခွင့် ရမယ့် ကလပ်တွေကို သွားကစားချင်နေပါတယ်။ မန်ယူနိုက်တက်နည်းပြသစ် တန်ဟတ်ကလည်း သူ့ရဲ့ တပည့်ဟောင်းကို ခေါ်ယူချင်နေတာကြောင့် ဇီယက်ချ်တစ်ယောက် ယူနိုက်တက်ကိုရောက်သွားမလား ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဇီယက်ချ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ဆုဖလားတွေကို ပြီးခဲ့တဲ့ ရာသီက ကိုင်မြှောက်ခွင့်ရရှိခဲ့ပြီး ယခုရာသီမှာတော့ ဖလားတွေနဲ့ ဝေးကွာခဲ့ရပါတယ်။ ဇီယက်ချ်ဟာဒီရာသီမှာ ၄ဂိုးသွင်းကာ ၃ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပူလီဆစ်ကတော့ ၂၂ပွဲ ကစားပေးထားပြီး ၆ဂိုးသွင်းယူထားကာ ၂ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အေဂျက်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး ရရှိဖို့ ရုန်းကန်နေရတယ့်ဇီယက်ချ်ဟာ နည်းပြတူချယ်ရဲ့ အဓိက ကစားသမားတော့မဟုတ်ခဲ့ပါဘူး။

ချဲလ်ဆီးအသင်းဟာ ပိုင်ရှင်အသစ် ပြောင်းလဲလိုက်သလိုပဲ ကစားသမားတွေလည်း များစွာပြောင်းလဲရတော့မှာပါ။ ရာသီကုန်ဆုံးသွားပြီဖြစ်တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ကစားသမားအချို့ဟာ အသင်းကနေ ထွက်ခွာဖို့ စီစဥ်နေပါပြီ။ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ အပ်ဇ်လီကွီတာ တို့ဟာ အသင်းကနေထွက်ခွာမယ့် ကစားသမားတွေဖြစ်ပြီး ဒီကစားသမားတွေရဲ့နေရာမှာ ချဲလ်ဆီးအသင်းက အတော်များများ အစားထိုးသွားဖို့ရှိနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းဟာ အသင်းပိုင်ရှင်ပြောင်းလဲလိုက်ပြီးနောက် လာမယ့်ရာသီအတွက် ပိုင်ရှင်အသစ် ကစားသမားအသစ်တွေနဲ့ ပြိုင်ပွဲတွေကို ရင်ဆိုင်ရဖို့ရှိပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင်အသစ် တော့ပ်ဘိုလေရဲ့ ချဲလ်ဆီးအသင်းအပေါ် ထားတဲ့ စိတ်ထားကိုတော့ ရီစီဂျိမ်းက ချီးကျူးခဲ့ပါတယ်။ တော့ပ်ဘိုလေဟာ နည်းပြတွေ၊ အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေကို စကားပြောဆိုခဲ့ကြပြီး ပြီးခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပွဲစဥ်မှာလည်း ပွဲစဥ်ကို လာရောက် အားပေးခဲ့ပါသေးတယ်။

တော့ပ်ဘိုလေနဲ့ ပတ်သတ်ပြီး ရီစီဂျိမ်းက “ကျွန်တော်ဟာ တော့ဒ် ဘိုလေနဲ့ ခဏလေး စကားပြောခွင့် ရလိုက်ပါတယ်။ သူဟာဒီအသင်းကို ချစ်မြတ်နိုးတယ်ဆိုတာ သိသာသလို အောင်ပွဲတွေရဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ ဒ့ါကြောင့်အသင်းမှာ ရှိနေတဲ့သူတိုင်းဟာ ရည်မှန်းချက် ကြီးမားနေတဲ့အတွက် ကျွန်တော်တို့ဟာ ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့အသင်းမှာ ကစားသမားတွေရဲ့ အရည်အသွေးဟာ မြင့်မားသလို အားလုံးဟာ ခံယူချက်နဲ့စိတ်ဓါတ်ပိုင်းမှာပါ ကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။ ဒ့ါကြောင့်အသင်းပိုင်ရှင် ဘယ်သူပဲ ဖြစ်လာပါစေကျွန်တော်တို့ဟာ ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်သွားမှာပါပဲ။” လို့ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့် ရာသီအတွက် များစွာပြင်ဆင်ရဖို့ရှိနေပါတယ်။ ကစားသမားအသစ်တွေကိူလည်း ခေါ်ယူအားဖြည့်ရမှာဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းဟာ တိုက်စစ်ကစားသမား ဟာကင်ဇီယက်ချ်ကို အရောင်းစာရင်းတင်လိုက်တယ်လို့ နာမည်ကျော် သတင်းထောက် ရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ဇီယက်ချ်ကလည်း အသင်းကနေထွက်ခွာချင်နေတယ်လို့ သိရပြီး ပွဲထွက်ခွင့် ရမယ့် ကလပ်တွေကို သွားကစားချင်နေပါတယ်။ မန်ယူနိုက်တက်နည်းပြသစ် တန်ဟတ်ကလည်း သူ့ရဲ့ တပည့်ဟောင်းကို ခေါ်ယူချင်နေတာကြောင့် ဇီယက်ချ်တစ်ယောက် ယူနိုက်တက်ကိုရောက်သွားမလား ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။