ချဲလ်ဆီးအသင်းဟာ တောင်ပံကစားသမား ဇီယက်ချ်အတွက် အေစီမီလန်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရနိုင်မယ်လို့ မျှော်လင့်နေပေမဲ့ ပူလီဆစ်ကတော့ အသင်းကနေ အလျင်စလို ထွက်ခွာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ချဲလ်ဆီးမှာ ၂နှစ်ကြာ ကစားခဲ့တဲ့ ဇီယက်ချ်ဟာ ချဲလ်ဆီးရဲ့ အနာဂတ်အစီအစဉ်တွေမှာ အဓိကနေရာကနေ မပါဝင်တော့ပဲ အသင်းကနေ ထွက်ခွာခွင့် ရထားခဲ့ပါတယ်။ စတာလင်တစ်ယောက် ချဲလ်ဆီးနဲ့ ပူးပေါင်းတော့မယ့် အခြေအနေမှာ ဇီယက်ချ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖွယ် မရှိတော့ပါဘူး။

အလားတူ ပူလီဆစ်ကလည်း ယမန်နှစ်ရာသီက ပုံမှန်ပွဲထွက်ခွင့် အာမခံချက်မရှိခဲ့ဘဲ စိတ်ပျက်စွာနဲ့ ရာသီတစ်ခုကို ကုန်ဆုံးခဲ့ရပါတယ်။ အမေရိကန်သားဟာ ချဲလ်ဆီးနဲ့ ၂နှစ်စာချုပ်ကျန်နေသေးပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရလိုကြောင်း အတိအလင်းဝန်ခံထားခဲ့ပါတယ်။ ဇီယက်ချ်ကတော့ ချဲလ်ဆီးမှာ အရည်အချင်းအချို့ကို ပြသနိုင်ခဲ့ပေမဲ့ ခြေစွမ်းတည်ငြိမ်မှုရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ဇီယက်ချ်ဟာ ချဲလ်ဆီးအတွက် စုစုပေါင်း ၈၃ပွဲကစားပေးခဲ့ပြီး ၁၄ဂိုးသွင်းကာ ၁၀ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ဂျူဗင်တပ်စ်ခံစစ်မှူး ဒီလစ်ခ်ျဟာ ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေထဲက ၁ခုဖြစ်ပြီး နည်းပြ တူချယ်ကလည်း ခံစစ်ပိုင်းကို အားဖြည့်လိုနေပါတယ်။ ယမန်နှစ်ရာသီအကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်သွားတဲ့ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့က အသင်းကနေ ထွက်ခွာသွားခဲ့ပြီး ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုအချိန်ထိ ကစားသမားသစ်၁ဦးမှ ခေါ်ယူရခြင်း မရှိသေးပေမဲ့ ပိုင်ရှင်သစ် တော့ဒ်ဘိုလေကတော့ အပြောင်းအရွှေ့ ဈေးကွက်မှာ အပြင်းအထန် လှုပ်ရှားနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘာစီလိုနာဟာ ချဲလ်ဆီးအသင်းက မားကိုစ်အလွန်ဆိုကို ခေါ်ယူဖို့ သဘောတူညီမှုရရှိဖို့ နီးစပ်နေသော်လည်း အသင်းခေါင်းဆောင် အက်စ်ပီလီကျူရေတာကို ခေါ်ယူဖို့အတွက် ရှုပ်ထွေးနေပါတယ်လို့ သိရှိရပါတယ်။ စပိန်သို့ ပြန်ချင်နေတဲ့ စိတ်အားထက်သန်မှုကြောင့် အလွန်ဆိုရဲ့ စတန်းဖို့ဒ်ဘရစ်ချ်ရှိအနာဂတ်က ဒီနွေရာသီမှာ ပြောစမှတ်ဖြစ်နေတာဖြစ်ပါတယ်။ ရူဒီဂါ၊ ခရစ္စတီယန်ဆန်တို့ထွက်ခွာသွားပြီးနောက် ချဲလ်ဆီးရဲ့နောက်တန်းအင်အားက သိသိသာသာ အားနည်းနေတာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာလည်း နောက်တန်းအတွက် ထွက်ခွာမှုများဖြစ်လာနိုင်ပြီး ဘာစီလိုနာဟာ အလွန်ဆိုကို ပေါင် ၈.၆သန်းဖြင့် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း Sport က ဖော်ပြထားပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးကနေထွက်ခွာလိုကြောင်း ပြီးခဲ့တဲ့လက အတည်ပြုခဲ့တာဖြစ်ပြီး “စာချုပ်အရတော့ ကျွန်တော်ဟာ ချဲလ်ဆီးနှင့် တစ်နှစ်သက်တမ်းရှိနေပါသေးတယ်။ ဒါဟာ ဒီနေ့ ကျွန်တော်တို့ရှိနေတဲ့နေရာပါ။ စပိန်မှာ နောက်တစ်ကြိမ်ကစားချင်ပါတယ်လို့ ကျွန်တော်ပြောဆိုပြီးသားပါ၊ သို့သော်လည်း ဒါက ကျွန်တော်တစ်ဦးတည်းအပေါ်မှာ မူတည်နေတာတော့မဟုတ်ပါဘူး”

“ချဲလ်ဆီးနဲ့ပတ်သက်ပြီး ကျွန်တော်ဘာကိုမှ စောဒက မတက်ချင်ပါဘူး၊ သို့သော်လည်း စပိန်မှာတော့ ကစားချင်နေပါတယ်။ ဒါဟာ လုံးဝကျွန်တော့်အပေါ်မူတည်နေတာမဟုတ်ဘဲ အရိုးသားဆုံးပြောရရင် ချဲလ်ဆီးမှာ ကစားရတာကိုလည်း ပျော်ရွင်မိပါတယ်” လို့ အလွန်ဆိုက ပြောပါတယ်။ ဘာစီလိုနာဟာ နောက်ထပ်ခံစစ်မှုးတစ်ဦးဖြစ်တဲ့ အက်စ်ပီလီကျူရေတာကိုလည်း ချဉ်းကပ်နေတာဖြစ်ပြီး ကလပ်က ပြောင်းရွေ့ခွင့်ပေးထားသော်လည်း အခြေအနေတွေက ရှုပ်ထွေးနေတုန်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ကစားသမားကို ထွက်ခွာခွင့်ပေးထားပြီး ဘာစီလိုနာနှင့်ဆွေးနွေးမယ်လို့ ပြောဆိုထားကာ ချဲလ်ဆီးရဲ့ အသင်းပိုင်ရှင်ပြောင်းလဲမှုက အဆိုပါကိစ္စကို နှောက်နှေးစေခဲ့တာဖြစ်ပါတယ်လို့ Sport က ဖော်ပြထားပါတယ်။ စာချုပ်အတွက် လာမယ့်ရက်သတ္တပတ်မှာ နှစ်သင်းစလုံးက တွေ့ဆုံဖို့ရှိနေပါတယ်။ အလွန်ဆိုလိုပဲ ဘာစီလိုနာဟာ အက်စ်ပီလီကျူရေတာအတွက် ပေါင် ၈.၆ သန်း သတ်မှတ်ထားသော်လည်း ချဲလ်ဆီးက ပိုမိုလိုချင်နေကာ ဇာဗီရဲ့အသင်းကတော့ အဆိုပါ ပမာဏထက်ပိုပြီး ပေးချေဖို့ ဆန္ဒမရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟာ လာမယ့်နှစ်အထိ ကလပ်နှင့်စာချုပ်သက်တမ်းရှိနေသေးတာဖြစ်သော်လည်း စပိန်သို့ ပြန်ချင်နေတာဖြစ်ပါတယ်။ အသက် ၃၂နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးမှာရှိစဉ်ကာလအတွင်း ဥရောပနှင့် ပြည်တွင်းရှိ ဆုဖလားများကိုရရှိခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာဟာ အသင်းကနေဒုတိယအကြိမ်ထွက်ခွာသွားတဲ့ အဲလ်ဗက်စ်ရဲ့နေရာကို အစားထိုးဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ လာလီဂါအသင်းကြီးဟာ ချဲလ်ဆီးကစားသမားဟောင်း ခရစ္စတီယန်ဆန်ကို အပြီးသတ်စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပြီး ကွင်းလယ်ကစားသမား ကက်စ်ဆီရဲ့စာချုပ်ကလည်း အပြီးသတ်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် လိဒ်စ်က ဘရာဇီးတိုက်စစ်မှုး ရာဖင်ဟာအတွက်လည်း ညှိနှိုင်းမှုများ ပြုလုပ်နေတာဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးအသင်းဟာ တောင်ပံကစားသမား ဇီယက်ချ်အတွက် အေစီမီလန်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရနိုင်မယ်လို့ မျှော်လင့်နေပေမဲ့ ပူလီဆစ်ကတော့ အသင်းကနေ အလျင်စလို ထွက်ခွာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ချဲလ်ဆီးမှာ ၂နှစ်ကြာ ကစားခဲ့တဲ့ ဇီယက်ချ်ဟာ ချဲလ်ဆီးရဲ့ အနာဂတ်အစီအစဉ်တွေမှာ အဓိကနေရာကနေ မပါဝင်တော့ပဲ အသင်းကနေ ထွက်ခွာခွင့် ရထားခဲ့ပါတယ်။ စတာလင်တစ်ယောက် ချဲလ်ဆီးနဲ့ ပူးပေါင်းတော့မယ့် အခြေအနေမှာ ဇီယက်ချ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖွယ် မရှိတော့ပါဘူး။