စီရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းကတော့ ဒီနွေရာသီမှာ အာဆင်နယ် အသင်း ကစားသမားတွေကို အတော်လေး မျက်စိကျနေပုံပါပဲ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဂျူဗင်တပ်စ် အသင်းဟာ အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။ ဂျူဗင်တပ်စ် အသင်းဟာ အသင်းမှာ ၁၈ နှစ်ကြာ ကစားခဲ့တဲ့ နောက်ခံလူ ချီလီနီ နေရာ အစားထိုးဖို့ရာ ဗဟိုနောက်ခံလူ ရှာဖွေနေပြီး အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် မက်ဂါဟေးလ်စ် ကို စိတ်ဝင်စား နေတာ ဖြစ်ပါတယ် ။

အခု အခါမှာတော့ ဂျူဗင်တပ်စ် အသင်းဟာ အာဆင်နယ် အသင်းရဲ့ ဂါဘီ အငယ် ဖြစ်တဲ့ မာတင်နယ်လီ ကို ခေါ်ယူဖို့ ပစ်မှတ် ထားထားတယ်လို့ အီတလီ က သတင်းတွေမှာ ရေးသား ဖော်ပြ နေကြပါတယ် ။ Calciomercato က ဂျူဗင်တပ်စ် အသင်းဟာ မာတင်နယ်လီ အတွက် အာဆင်နယ် အသင်းကို ကစားသမား အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ် ။ ဂျူဗင်တပ်စ် အသင်းဟာ ကစားသမား အလိုက်ပေး ကမ်းလှမ်းရာမှာ အာဆင်နယ် အသင်း စိတ်ဝင်စားခဲ့ဖူးတဲ့ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လို ကို အလိုက်ပေး ကမ်းလှမ်း သွားဖို့ ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာသာ မယ်လို ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆို ခဲ့ဖူးပြီး ဂျူဗင်တပ်စ် အသင်းဘက်က ၁၈ လ အငှား စာချုပ်ကို လက်မခံ ခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ် ခဲ့ရတာ ဖြစ်ပါတယ် ။ ဂျူဗင်တပ်စ် အသင်းဟာ ဒီနွေရာသီမှာ အငှား ခေါ်ယူထားတဲ့ မိုရာတာ ၊ မွိုက်စ်ကိန်း တို့ရဲ့ အနာဂတ် မသေချာမှု ၊ ဒိုင်ဘာလား ရဲ့ စာချုပ် သက်တမ်းကုန်ဆုံးသွားမှုတို့ကြောင့် တိုက်စစ် အင်အား ဖြည့်တင်းဖို့ မာတင်နယ်လီ ကို ပစ်မှတ် ထားလာခဲ့တာပါ ။

အာဆင်နယ် အသင်းဘက်က မာတင်နယ်လီ ကို ရောင်းချ ဖို့ ဆန္ဒ မရှိတာကြောင့် ဂျူဗင်တပ်စ် အသင်းရဲ့ ကြိုးပမ်းမှု အောင်မြင်ဖို့တော့ အခွင့်အရေး နည်းပါးပါတယ် ။ မာတင်နယ်လီ ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် အသင်းအတွက် လိဂ်ပွဲ ၂၉ ပွဲ ကစားရာမှာ ၆ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီး ပေးနိုင်ခဲ့ပါတယ် ။ မာတင်နယ်လီ ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း ၂၀၂၄ ခုနှစ် အထိ ရှိနေသူ ဖြစ်ပြီး လာမယ့် ရာသီမှာ ကျောနံပါတ် ၁၁ ဝတ်ဆင် ကစားခွင့် ရရှိ ထားပါတယ် ။

ZAWGYI: စီရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းကတော့ ဒီနွေရာသီမှာ အာဆင်နယ် အသင်း ကစားသမားတွေကို အတော်လေး မျက်စိကျနေပုံပါပဲ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဂျူဗင်တပ်စ် အသင်းဟာ အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။ ဂျူဗင်တပ်စ် အသင်းဟာ အသင်းမှာ ၁၈ နှစ်ကြာ ကစားခဲ့တဲ့ နောက်ခံလူ ချီလီနီ နေရာ အစားထိုးဖို့ရာ ဗဟိုနောက်ခံလူ ရှာဖွေနေပြီး အာဆင်နယ် နောက်ခံလူ ဂါဘရီယဲလ် မက်ဂါဟေးလ်စ် ကို စိတ်ဝင်စား နေတာ ဖြစ်ပါတယ် ။