ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် က လာဇီယို အသင်း ကွင်းလယ်လူ မီလင်ကိုဆားဗစ် ဟာ အာဆင်နယ် အသင်း ခေါ်ယူ သင့်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား လေးဦး အထိ ခေါ်ယူ ထားပြီး ပေါင် ၈၃ သန်း သုံးစွဲထားပါတယ် ။ အာဆင်နယ် အသင်းဟာ နွေရာသီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆော်ပေါ်လို အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် မာကွင်ဟိုစ့် ကို ခေါ်ယူ ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ ပေါ်တို အသင်း ရဲ့ကွင်းလယ် တိုက်စစ် ကစားသမား ဖေဘီယို ဗီအဲရာ ကို ယူရို သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ နွေရာသီ တတိယမြောက် ကစားသမား ခေါ်ယူမှုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက သဘောတူညီမှု ရယူထားတဲ့ အမေရိကန် လက်ရွေးစင် ဂိုးသမား မတ်တာနာ ပါ ။ အာဆင်နယ် အသင်း လက်ရှိ နောက်ဆုံး ခေါ်ယူ ထားတဲ့ ကစားသမား ကတော့ မန်စီးတီး တိုက်စစ် ကစားသမား ဂျေးဇု ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဂျေးဇု ကို ပေါင်၄၅ သန်း၊၅ နှစ်စာချုပ် နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ ရပ်တန့် သွားဖို့ မရှိသေးဘဲ နောက်ထပ် နှစ်ဦးလောက် ထပ်မံ ခေါ်ယူ သွားဖို့ ရှိနေပါတယ်။ အာဆင်နယ် အသင်းမှာ လက်ရှိမှာ လက်စတာစီးတီး ကွင်းလယ်လူ တိုင်လေမန်းစ် နဲ့ အေဂျက်စ် နောက်ခံလူ မာတီနက်ဇ် တို့ကို ခေါ်ယူဖို့ ကြိုးပမ်း နေပါတယ် ။ အီတလီ က သတင်းတွေမှာတော့ အာဆင်နယ် အသင်းဟာ ဆားဗစ် အတွက် ပေါင် ၄၇.၂ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လာဇီယို အသင်းဘက်က ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ ရေးသား ဖော်ပြ နေကြပါတယ် ။

ဆားဘီးယား လက်ရွေးစင် ဆားဗစ် ဟာ မနှစ်က လာဇီယို အသင်း အတွက် ၁၁ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီး ပေးခဲ့ပါတယ် ။ပေါလ်မာဆင် က အာဆင်နယ် အသင်း အနေနဲ့ ဆားဗစ် ကို ခေါ်ယူ သင့်ကြောင်း Daily Star မှာ ပြောကြား သွားခဲ့ပါတယ် ။ ” အာဆင်နယ် အသင်းအနေနဲ့ ထိပ်တန်း အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားနိုင်ဖို့ဆို ထိပ်တန်း ကွင်းလယ်လူ ရှိဖို့ လိုအပ်ပါတယ် ။ ဆားဗစ် ကစားတာကို ကြည့်ရတာ သိပ်နှစ်လိုဖွယ် ကောင်းပါတယ် ၊ တကယ့် ထိပ်တန်း ကစားသမား တစ်ဦးပါ ။ ”

” မနှစ်က သူ လာဇီယိုမှာ ကစားတာကို ကြည့်ရသလောက် အီတလီ မှာ အကောင်းဆုံး ကွင်းလယ်လူ လို့ ကျွန်တော်ကတော့ ယုံကွညျပါတယျ။အရငျတုနျူက မန်ယူနိုက်တက် နဲ့ သူ သတင်းထွက်ခဲ့ဖူးတာကို ကြားဖူးပါတယ် ၊ ဒါပေမယ့် ဒီဆားဘီးယားသားကို ဝယ်ချင်တဲ့ အသင်း များများစားစား ဘာကြောင့် မရှိတာလဲ မသိပါဘူး ၊ အသင်းတော်တော်များများ သူ့ကို သတိမထားမိကြပုံပါပဲ ။ ထိပ်တန်း ကွင်းလယ်လူ တစ်ဦး ခေါ်နိုင်တာက အသင်း အတွက် အခွင့်အရေးတွေ အများကြီး ရစေပါတယ် ။ အဆင့် လေးနေရာ အတွက် တော့တင်ဟမ် နဲ့ ယှဉ်ပြိုင် နေရာကနေ ချဲလ်ဆီး အသင်းရဲ့ နေရာကိုတောင် ကျော်ဖြတ် ရယူ သွားနိုင်ဖွယ် ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ZAWGYI: ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် က လာဇီယို အသင်း ကွင်းလယ်လူ မီလင်ကိုဆားဗစ် ဟာ အာဆင်နယ် အသင်း ခေါ်ယူ သင့်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား လေးဦး အထိ ခေါ်ယူ ထားပြီး ပေါင် ၈၃ သန်း သုံးစွဲထားပါတယ် ။ အာဆင်နယ် အသင်းဟာ နွေရာသီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဆော်ပေါ်လို အသင်းရဲ့ ဘရာဇီး လူငယ် ကြယ်ပွင့် မာကွင်ဟိုစ့် ကို ခေါ်ယူ ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ ပေါ်တို အသင်း ရဲ့ကွင်းလယ် တိုက်စစ် ကစားသမား ဖေဘီယို ဗီအဲရာ ကို ယူရို သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ နွေရာသီ တတိယမြောက် ကစားသမား ခေါ်ယူမှုကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက သဘောတူညီမှု ရယူထားတဲ့ အမေရိကန် လက်ရွေးစင် ဂိုးသမား မတ်တာနာ ပါ ။ အာဆင်နယ် အသင်း လက်ရှိ နောက်ဆုံး ခေါ်ယူ ထားတဲ့ ကစားသမား ကတော့ မန်စီးတီး တိုက်စစ် ကစားသမား ဂျေးဇု ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဂျေးဇု ကို ပေါင်၄၅ သန်း၊၅ နှစ်စာချုပ် နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ ရပ်တန့် သွားဖို့ မရှိသေးဘဲ နောက်ထပ် နှစ်ဦးလောက် ထပ်မံ ခေါ်ယူ သွားဖို့ ရှိနေပါတယ်။ အာဆင်နယ် အသင်းမှာ လက်ရှိမှာ လက်စတာစီးတီး ကွင်းလယ်လူ တိုင်လေမန်းစ် နဲ့ အေဂျက်စ် နောက်ခံလူ မာတီနက်ဇ် တို့ကို ခေါ်ယူဖို့ ကြိုးပမ်း နေပါတယ် ။ အီတလီ က သတင်းတွေမှာတော့ အာဆင်နယ် အသင်းဟာ ဆားဗစ် အတွက် ပေါင် ၄၇.၂ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လာဇီယို အသင်းဘက်က ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ ရေးသား ဖော်ပြ နေကြပါတယ် ။

ဆားဘီးယား လက်ရွေးစင် ဆားဗစ် ဟာ မနှစ်က လာဇီယို အသင်း အတွက် ၁၁ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီး ပေးခဲ့ပါတယ် ။ပေါလ်မာဆင် က အာဆင်နယ် အသင်း အနေနဲ့ ဆားဗစ် ကို ခေါ်ယူ သင့်ကြောင်း Daily Star မှာ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းအနေနဲ့ ထိပ်တန်း အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားနိုင်ဖို့ဆို ထိပ်တန်း ကွင်းလယ်လူ ရှိဖို့ လိုအပ်ပါတယ် ။ ဆားဗစ် ကစားတာကို ကြည့်ရတာ သိပ်နှစ်လိုဖွယ် ကောင်းပါတယ် ၊ တကယ့် ထိပ်တန်း ကစားသမား တစ်ဦးပါ ။

မနှစ်က သူ လာဇီယိုမှာ ကစားတာကို ကြည့်ရသလောက် အီတလီ မှာ အကောင်းဆုံး ကွင်းလယ်လူ လို့ ကျွန်တော်ကတော့ ယုံကွညျပါတယျ။အရငျတုနျူက မန်ယူနိုက်တက် နဲ့ သူ သတင်းထွက်ခဲ့ဖူးတာကို ကြားဖူးပါတယ် ၊ ဒါပေမယ့် ဒီဆားဘီးယားသားကို ဝယ်ချင်တဲ့ အသင်း များများစားစား ဘာကြောင့် မရှိတာလဲ မသိပါဘူး ၊ အသင်းတော်တော်များများ သူ့ကို သတိမထားမိကြပုံပါပဲ ။ ထိပ်တန်း ကွင်းလယ်လူ တစ်ဦး ခေါ်နိုင်တာက အသင်း အတွက် အခွင့်အရေးတွေ အများကြီး ရစေပါတယ် ။ အဆင့် လေးနေရာ အတွက် တော့တင်ဟမ် နဲ့ ယှဉ်ပြိုင် နေရာကနေ ချဲလ်ဆီး အသင်းရဲ့ နေရာကိုတောင် ကျော်ဖြတ် ရယူ သွားနိုင်ဖွယ် ရှိနေပါတယ် ။ လို့ ပြောကြား သွားခဲ့ပါတယ် ။