အာဆင်နယ် အသင်းဟာ သူတို့ရဲ့လစ်လပ် နေတဲ့ ယူ၁၈ ၊ ယူ၂၃ အသင်း နည်းပြ နေရာ နှစ်ခုမှာ ကွင်းလယ်လူဟောင်း ဝီလ်ရှီးယား ကို တစ်နေရာပေးပြီး ခန့်အပ်ဖို့ ဆွေးနွေး ပြောဆို နေတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်း ယူ၂၃ နည်းပြ ကယ်ဗင် ဘတ်ဆေ နဲ့ ယူ၁၈ နည်းပြ မစ်စီချီ တို့နှစ်ဦးစလုံးဟာ ခရော်လေတောင်း အသင်းကို ပြောင်းရွှေ့ သွားခဲ့တာကြောင့် အကယ်ဒမီ မန်နေဂျာ မာတီဆက်ကာ ဟာ လူငယ် အသင်း နည်းပြ နေရာတွေကို အစားထိုးဖို့ လုပ်ဆောင် နေတာ ဖြစ်ပါတယ် ။

Evening Standard ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ ဝီလ်ရှီးယား ကို လူငယ် နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေးနွေး ပြောဆို နေတယ်လို့ သိရပါတယ် ။ ဝီလ်ရှီးယားဟာ ပြီးခဲ့တဲ့လတုန်းက နည်းပြလုပ်ဖို့ အခွင့်အရေးသာ ရှိလာပါက ကစားသမားဘဝက အနားယူဖို့ ဝမ်းနည်းနေမှာ မဟုတ်ကြောင်း ပြောကြား ထားသူပါ ။ ဝီလ်ရှီးယား ဟာ ၂၀၁၇ ခုနှစ်ကတည်းက FA Level 2 Coach qualification ပြီးဆုံးခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက FA level 3( UEFA B) လိုင်စင် အတွက် ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နှစ်ရာသီဟာ အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယားး အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ။ လက်ရှိမှာ ဝီလ်ရှီးယား ဟာ အာဘက်စ် အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ကွင်းလယ်လူ ဝီလ်ရှီးယား ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ဒိန်းမတ် ကလပ် အာဘက်စ် အသင်းထံ အလွတ်ပြောင်းရွှေ့ကြေး နဲ့ သွားရောက် ကစားခဲ့ပြီး ၁၀ ပွဲ ကစားကာ တန်းကျန်ရစ်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

ဒါပေမယ့် ဂျက်ဝီလ်ရှီးယားဟာ ရာသီကုန် အထိပဲ စာချုပ် ချုပ်ဆို ထားတာကြောင့် လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေခဲ့ပါတယ် ။ ဝီလ်ရှီးယားအတွက်တော့ ပြီးခဲ့တဲ့ ၁၈ လ အတွင်း သုံးကြိမ်မြောက် အသင်းလက်မဲ့ ဖြစ်ခြင်းပါ ။ ဒါကြောင့် ဝီလ်ရှီးယား ဟာ နည်းပြ လောကထဲ ဝင်ရောက်ဖို့ အာဆင်နယ် နဲ့ ဆွေးနွေး ပြောဆို နေတာ ဖြစ်ပါတယ် ။ ဝီလ်ရှီးယား ဟာ အာဆင်နယ် အသင်း လူငယ် အကယ်ဒမီ ကို ကိုးနှစ်သား အရွယ်တုန်းက စတင် ရောက်ရှိ လာတာ ဖြစ်ပြီး အသင်းကြီး အတွက် အသက် ၁၆ နှစ် အရွယ်မှာတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။

ဝီလ်ရှီးယား ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ထိပ်တန်းအဆင့်ကို မရောက်ခဲ့သူပါ ။ ဝီလ်ရှီးယား ဟာ အာဆင်နယ် အသင်း အတွက် ပွဲပေါင်း ၁၉၇ ပွဲ ကစားခဲ့ပြီး အက်ဖ်အေဖလား ၂ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ လပိုင်းမှာ အာဆင်နယ် အသင်းဟာ ဝီလ်ရှီးယားကို အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းဖို့ ဖိတ်ခေါ် ခဲ့ပါတယ် ။

ZAWGYI: အာဆင်နယ် အသင်းဟာ သူတို့ရဲ့လစ်လပ် နေတဲ့ ယူ၁၈ ၊ ယူ၂၃ အသင်း နည်းပြ နေရာ နှစ်ခုမှာ ကွင်းလယ်လူဟောင်း ဝီလ်ရှီးယား ကို တစ်နေရာပေးပြီး ခန့်အပ်ဖို့ ဆွေးနွေး ပြောဆို နေတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်း ယူ၂၃ နည်းပြ ကယ်ဗင် ဘတ်ဆေ နဲ့ ယူ၁၈ နည်းပြ မစ်စီချီ တို့နှစ်ဦးစလုံးဟာ ခရော်လေတောင်း အသင်းကို ပြောင်းရွှေ့ သွားခဲ့တာကြောင့် အကယ်ဒမီ မန်နေဂျာ မာတီဆက်ကာ ဟာ လူငယ် အသင်း နည်းပြ နေရာတွေကို အစားထိုးဖို့ လုပ်ဆောင် နေတာ ဖြစ်ပါတယ် ။