အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ပြောင်းရွှေ့သွားဖို့အတွက် သတင်းပြေးနေတဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကို မန်ချက်စတာစီးတီးအသင်းဘက်က ပေါင်သန်း ၄၀ တန်ကြေး သတ်မှတ်ထားကြောင်း သိရပါတယ်။ လက်ရှိအာဆင်နယ်အသင်းရဲ့ မန်နေဂျာ မီခဲလ် အာတီတာအနေနဲ့ အာဆင်နယ်အသင်းကို မကိုင်တွယ်မီ မန်ချက်စတာစီးတီးအသင်းရဲ့မန်နေဂျာ ပက်ပ် ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ကတည်းက ဂျေဆူးစ်ရဲ့ခြေစွမ်းကို သဘောကျနှစ်သက်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေမှာ တိုက်စစ်မှူးခေါ်ယူမှုနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့အတွက် စီစဉ်ထားပြီး ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူးတွေဖြစ်တဲ့ အလက်ဇန္ဒား လာကာဇက်နဲ့ အက်ဒီ အန်ကက်တီးယားတို့ကို စာချုပ်သစ်ချုပ်မယ့်အလားအလာ မမြင်ရသေးတာပါ။ ဂျေဆူးစ်အနေနဲ့ အာတီတာရဲ့ နံပါတ် ၁ ပစ်မှတ်ကစားသမားဖြစ်ပေမယ့် သူ့ရဲ့ အကောင်းဆုံးပုံစံကို လက်ရှိမှာ စီးတီးနဲ့အတူ ပြသနေပြီး ပွဲထွက်ကစားသမားနေရာတစ်နေရာကို ပြန်လည်ရယူနိုင်နေခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း စီးတီးအနေနဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟော်လန်းကို ပေါင် ၆၂ သန်းနဲ့ ခေါ်ယူဖို့အတွက် စီစဉ်ထားပြီး ဂျေဆူးစ်ကို ရောင်းချကာ ငွေကြေးသုံးစွဲမှုကို လျှော့ချလိုနေတာဖြစ်ပါတယ်။ Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ စီးတီးအနေနဲ့ ဂျေဆူးစ်အတွက် ပေါင်သန်း ၄၀ အလိုရှိနေပြီး အဆိုပါရောင်းရငွေအပြင် အိတ်ထဲက နည်းနည်းထပ်စိုက်ကာ ဟော်လန်းကို ခေါ်ယူလိုနေတာလည်းဖြစ်သလို အသင်းရဲ့ အသားတင်ငွေသုံးစွဲမှုကို လျော့နည်းအောင် ကြံဖန်နေတာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဂျေဆူးစ်ကို ခေါ်ယူဖို့အတွက် မျှော်လင့်ချက်တွေကတော့ လာမယ့်ဘောလုံးရာသီကို ချန်ပီယံလိဂ်ကန်ခွင့် ရမရအပေါ် များစွာမူတည်နေပြီး မြောက်လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ လက်ရှိမှာ ယှဉ်ပြိုင်နေရတာပါ။ ဂျေဆူးစ်အနေနဲ့ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာဖို့အတွက် တံခါးဖွင့်ထားတယ်ဆိုပေမယ့်လည်း ချန်ပီယံလိဂ်ကစားချင်ပြီး ဂန်းနားတို့အနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကျန်သေးတာကြောင့် အဆိုပါပွဲကို အနိုင်ကန်နိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသလောက် ရှိစေမှာပါ။

ဒါပေမယ့် အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးအတွက် ဂျေဆူးစ် တစ်ယောက်တည်းသာ ခေါ်ယူသွားမှာမဟုတ်ဘဲ အခြားတိုက်စစ်ကစားသမားတွေအတွက်လည်း ရှာပုံတော်ဖွင့်ပြီးပြီလို့တောင် ဆိုနိုင်ပါတယ်။ ဂန်းနားတို့အနေနဲ့ ဘင်ဖီကာကြယ်ပွင့်တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ကာ အပြောင်းအရွှေ့ဖြစ်နိုင်ချေကို စုံစမ်းနေပြီး နူးညက်ဇ်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ကုန်ကျမှာဖြစ်သလို အသင်းပိုင်ရှင် ခရိုယန်ကီ မိသားစုတွေ ဘယ်လောက်ထုတ်ပေးမှာလဲဆိုတာအပေါ် မူတည်နေတာပါ။

ဒါ့အပြင် အသင်းရဲ့ ရှိရင်းစွဲတိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်နဲ့ အန်ကက်တီးယားတို့ကို စာချုပ်သက်တမ်း တိုးနိုင်ချေလည်း တစ်ဖက်မှာရှိနေပြီး သူတို့နဲ့ အခြေအနေအတူတူပဲဖြစ်သလို ရာသီကုန်ရင် ယူဗင်တပ်စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွါမှာဖြစ်ကြောင်း အတည်ပြုထားတဲ့ တိုက်စစ်ကစားသမား ပါအူလို ဒီဘားလားကိုလည်း ဂန်းနားတို့အနေနဲ့ ချိတ်ဆက်နေကြောင်း သိရပါတယ်။

ZAWGYI: အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ပြောင်းရွှေ့သွားဖို့အတွက် သတင်းပြေးနေတဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကို မန်ချက်စတာစီးတီးအသင်းဘက်က ပေါင်သန်း ၄၀ တန်ကြေး သတ်မှတ်ထားကြောင်း သိရပါတယ်။ လက်ရှိအာဆင်နယ်အသင်းရဲ့ မန်နေဂျာ မီခဲလ် အာတီတာအနေနဲ့ အာဆင်နယ်အသင်းကို မကိုင်တွယ်မီ မန်ချက်စတာစီးတီးအသင်းရဲ့မန်နေဂျာ ပက်ပ် ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ကတည်းက ဂျေဆူးစ်ရဲ့ခြေစွမ်းကို သဘောကျနှစ်သက်ခဲ့သူဖြစ်ပါတယ်။