နည်းပြအဲရစ်တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်ပစ်မှတ် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား မာကိုအဆန်စီယိုကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကရေပန်းစားနေကြောင်း Mundo Deportivoက ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရတော့ မက်ဒရစ်ကြယ်ပွင့် အဆန်စီယိုဟာ နည်းပြမီခေးလ်အာတီတာရဲ့ အာဆင်နယ်နဲ့ သတင်းတွေထွက်နေတာဖြစ်ပေမယ့် စပိန်ကလပ်မဟုတ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့ကသာ ခေါ်ယူနိုင်ဖို့ ပိုပြီးရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ လာလီဂါနဲ့ချန်ပီယံလိဂ် ချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၃ နွေရာသီအထိသာ စာချုပ်သက်တမ်း ကျန်တော့တာကြောင့် သူ့ရဲ့အနာဂတ်နဲ့ ပက်သက်လို့ အသင်းနဲ့ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

အဆန်စီယိုရဲ့ ဆန္ဒကတော့ ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပုံမှန်နေရာရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီကတော့ ဒီအချက်ကို အာမခံနိုင်ခြင်းမရှိဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။

အန်ဆယ်လော့တီကတော့ ပြီးခဲ့တဲ့ဧပြီတုန်းက စပိန်လက်ရွေးစင်ဟာ သူမတူတဲ့ အရည်အသွေးတွေ ရှိနေတဲ့ ကစားသမား တစ်ယောက်ဖြစ်ကြောင်း ချီးကျူးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဧပြီထိတော့ အဆန်စီယိုကိုခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းကတော့ အာဆင်နယ်နဲ့အေစီမီလန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်က အဆန်စီယိုကို စိတ်ဝင်စားလာမှုက အာဆင်နယ်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ရော၊ အာဆင်နယ်ရောက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အသင်း ၂ သင်းဖြစ်နေပါတယ်။

အာဆင်နယ်ကတော့ အခြေကျပြီးသားအသင်းဖြစ်ပြီး ယူနိုက်တက်ကတော့ နည်းပြသစ်တန်ဟတ်နဲ့အတူ အသစ်ကနေပြန်စရမှာ ဖြစ်ပါတယ်။ တကယ်လို့ အဆန်စီယိုသာ ယူနိုက်တက်ကိုပြောင်းရွှေ့ဖြစ်မယ်ဆိုရင်တော့ ပွဲထွက်လူစာရင်း တန်းဝင်နိုင်ဖို့များပါတယ်။

ZAWGYI: နည်းပြအဲရစ်တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်ပစ်မှတ် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား မာကိုအဆန်စီယိုကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကရေပန်းစားနေကြောင်း Mundo Deportivoက ဖော်ပြခဲ့ပါတယ်။