မနေ့ ညကယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်တို့နဲ့ စိန့်ဂျိမ်းစ်ပတ်ခ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄လအတွင်းပထမဆုံးအကြိမ် ငှက်ကျားတို့အတွက်ပွဲချိန်ပြည့် ပြန်ကစားပေးခဲ့သူ ကယ်လ်လမ်ဝီဆင် သွားကျိုးသွားခဲ့ပြန်ပါတယ်။ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၄လကျော်ကာလအတွင်း နယူးကာဆယ်တို့အတွက် မကစားပေးနိုင်ခဲ့သူ အင်္ဂလန်တိုက်စစ်မှူးဟာ မနေ့ညကဂန်နာတို့ရဲ့ချန်ပီယံလိဂ်အိပ်မက်ကို ၂-ဝနဲ့ရိုက်ချိုးခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ်ကစားပေးခဲ့ပြီး သွားကျိုးခဲ့တယ်လို့ သိရပါတယ်။

ပွဲချိန်၂၈မိနစ်မှာ ပြိုင်ဘက်ကစားသမားနဲ့ အမြင့်ဘောကို ခုန်ပြီးယှဉ်လုဖို့ကြိုးစားခဲ့တဲ့ ဝီလ်ဆင်ဟာ အာဆင်နယ်ကစားသမားနဲ့မထိခိုက်မိခဲ့ပဲ အသင်းဖော် ဒန်နီယယ်ဘန်းရဲ့ခေါင်းတိုက်ချက်နဲ့ ပြင်းပြင်းထန်ထန်ထိခိုက်မိခဲ့ပြီးနောက် သူ့ရဲ့ရှေ့သွားကျိုးသွားခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ဆေးအဖွဲ့နဲ့ ကွင်းဘေးမှာအရေးပေါ်ကုသမှုခံယူခဲ့ပြီးနောက် သွားအတွက် ချက်ချင်းဆေးရုံသွားဖို့အတွက် အကြံဉာဏ်ကိုငြင်းပယ်ခဲ့ပြီးနောက် အင်္ဂလန်သားကပွဲချိန်ပြည့်ဆက်ကစားသွားခဲ့တာဖြစ်ပါတယ်။

သွားကျိုးလျှက်နဲ့အသင်းအတွက် ဆက်ကစားပေးခဲ့သူ ဝီဆင်ဟာ နယူးကာဆယ်တို့အတွက် ပွဲချိန်၅၅မိနစ်အဖွင့်ဂိုးမှာ ပါဝင်နိုင်ခဲ့ပြီး ဘယ်ခြမ်း စိန့်မက်ဇီမင်ရဲ့ဖြတ်ချိုးပေးမှုကို အင်္ဂလန်တိုက်စစ်မှူးက ပြေးဝင်ပိတ်ဖို့ကြိုးစားရာမှာ အာဆင်နယ်နောက်ခံလူ ဘန်ဝိုက်ထိချက်လွဲပြီး ကိုယ့်ဂိုးကိုယ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ပရိတ်သတ်တွေကတော့ သူတို့ရဲ့တိုက်စစ်မှူးရဲ့ ပထမဆုံးပွဲထွက်ခဲ့တဲ့ပွဲက အနာခံကစားပေးသွားခဲ့မှုနဲ့ ကလပ်ကိုကူညီနိုင်ခဲ့မှုတို့အပေါ် အားရနေကြပြီး လူမှုကွန်ယက်ပေါ်မှာ မှတ်ချက်မျိုးစုံရေးသားနေကြတာကိုတွေ့ရပါတယ်။

“ကယ်လ်လမ်ဝီဆင်က သူ့ရဲ့သွားကိုဆွဲနုတ်ပြီးဘောလုံးအောက်မှာထား ဆက်ကစားပြီး အနိုင်ဂိုးကိုသွင်းပေးတယ်။ သူ့ရဲ့ဒဏ်ရာကို ခေါင်းအုံးနဲ့ထိတဲ့ပုံစံဟန်ဆောင်ပြီးကစားသွားခဲ့တယ်။ ဒါ ငါတို့လိုချင်တဲ့အရာတွေအားလုံးပဲ” လို့ သူ့ရဲ့ပေးဆပ်မှုကို ဂုဏ်ပြုပါတယ်။ နောက်တဦးကတော့ “လပေါင်းများစွာအကြာမှာ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရပြီး သူ့ရှေ့သွားထပ်ကျိုးသွားခဲ့ရပြန်တယ်။ ဒီလူ့မှာ လက်ကီးမရှိဘူးနော်။” လို့ရေးသားပြန်ပါတယ်။

တတိယတဦးတေကာ့ “ကယ်လ်လမ်ဝီဆင်ကတော့ မနက်ဖန်မနက်ထတာနဲ့ သွားနာလွန်းလို့ သွားဆရာဝန်ဆီ အမြန်ပြေးရမှာသေချာတယ်”လို့ဆိုပါတယ်။ နောက်ထပ်နယူးကာဆယ်ပရိတ်သတ်တဦးကတော့ ဘရာဇီးရော်နယ်ဒိုသွားကျိုးတုန်းကဖြစ်ရပ်နဲ့နှိုင်းယှဉ်ပြီး အင်္ဂလန်သားကို ချီးကျူးခဲ့ပါတယ်။ “ကယ်လ်လမ်ဝီဆင်က သူ့ရဲ့ အတွင်းက R9 စိတ်ဓာတ်ကို အသက်ဝင်စေခဲ့ပြီး သူ့သွားသူဆွဲနုတ်ပြပြီး ဘောလုံးဆက်ကစားခဲ့တယ်။ ဘယ်လိုတောင်မိုက်လိုက်တဲ့ ကစားသမားလဲ” လို့ရေးသားထားပါတယ်။

“ကယ်လ်လမ်ဝီဆင် ရဲ့ရှေ့သွားလေးရေ အာအိုင်ပီပါ။” “ကယ်လယ်ဝီဆင်ရဲ့သွားလေးကတော့ ပိုကောင်းတဲ့နေ့ရက်တွေပိုင်ဆိုင်သွားပြီ။” “ကယ်လ်လမ်ဝီဆင်ကတော့ ရှာမှရှားတဲ့သူပါပဲ။” စသဖြင့်လဲ အသီးသီးရေးသားသွားခဲ့ကြပါတယ်။ ကယ်လမ်ဝီဆင်ဟာ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ မိနစ်၂၀ကျော်ခန့်လူစားဝင်ကစားပေးခဲ့ပေမဲ့ ယနေ့ပွဲမှာမှ ပထမဆုံးအကြိမ်ကပ္ပတိန်လက်ပတ်နဲ့အတူ ပွဲထွက်လာခဲ့သူဖြစ်ပြီး ယခုနှစ်ရာသီမှာ ၁၇ပွဲသာကစားပေးထားနိုင်ပြီး ၆ဂိုးရထားသူဖြစ်ပါတယ်။

ZAWGYI: မနေ့ ညကယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်တို့နဲ့ စိန့်ဂျိမ်းစ်ပတ်ခ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄လအတွင်းပထမဆုံးအကြိမ် ငှက်ကျားတို့အတွက်ပွဲချိန်ပြည့် ပြန်ကစားပေးခဲ့သူ ကယ်လ်လမ်ဝီဆင် သွားကျိုးသွားခဲ့ပြန်ပါတယ်။ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၄လကျော်ကာလအတွင်း နယူးကာဆယ်တို့အတွက် မကစားပေးနိုင်ခဲ့သူ အင်္ဂလန်တိုက်စစ်မှူးဟာ မနေ့ညကဂန်နာတို့ရဲ့ချန်ပီယံလိဂ်အိပ်မက်ကို ၂-ဝနဲ့ရိုက်ချိုးခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ်ကစားပေးခဲ့ပြီး သွားကျိုးခဲ့တယ်လို့ သိရပါတယ်။