စမစ်ရို က ရာသီကြို ခြေစမ်းပွဲတွေမှာ ကစားသမားသစ် ဂါဘရီယဲလ် ဂျေးဇု ရဲ့​ခြေစွမ်းဟာ အထင်ကြီးစရာ ကောင်းကြောင်း ဝန်ခံလိုက်ပြီး သူ အဲ့ဒီလောက်အထိ ကောင်းမယ်မှန်း မထင်ခဲ့မိကြောင်း ပြောကြား လိုက်ပါတယ် ။ ဂန်းနားတို့ဟာ သူတို့ရဲ့ နွေရာသီ အဓိက ပစ်မှတ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ကို ပေါင် ၄၅ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ် ။ ပရီးမီးယားလိဂ် ချန်ပီယံ လေးကြိမ် ရဖူးတဲ့ ဂျေးဇု နဲ့ အာဆင်နယ် နည်းပြ အာတေတာ ဟာ မန်စီးတီး အသင်းမှာ လက်တွဲ ခဲ့ကြဖူးသူတွေ ဖြစ်ပါတယ် ။

ဂျေးဇု အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာတာမှာ နည်းပြ အာတေတာ ရဲ့အခန်းကဏ္ဍက အများကြီး အရေးပါခဲ့ပါတယ်။ဂျေးဇု ဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီး သွင်းဂိုး ၇ ဂိုး၊ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ လူငယ် အကယ်ဒမီထွက် စမစ်ရို က လေ့ကျင့်ရေးကွင်းမှာ ဂျေးဇု ရဲ့ အရည်အသွေးကောင်းတွေကို မြင်တွေ့ ထားပြီး ဖြစ်ကြောင်း Vibe with Five YouTube Channel မှာ ပြောကြား သွားခဲ့ပါတယ် ။

” အငှား ထွက် ကစားနေရာကနေ ပြန်လာတဲ့ ကစားသမားတွေက သူတို့ ဘယ်လောက်ကောင်းကြောင်း ကျွန်တော် သိထားပြီး ဖြစ်တာကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ ရတဲ့ အခါမှာ အထူးတလည် မအံ့ဩမိပါဘူး ။ ဒါပေမယ့် ကစားသမားသစ်တွေထဲက ပြောရမယ် ဆိုရင် ဂါဘရီယဲလ် ဂျေးဇု ရဲ့ ခြေစွမ်းက လုံးဝ အထင်ကြီးစရာပါပဲ ။ သူ့ ခြေစွမ်း အဲ့ဒီလောက် အထိ ထက်မြက်မယ်လို့ ကျွန်တော် လုံးဝ မထင်မှတ် ထားခဲ့ပါဘူး ။ ”

” ကျွန်တော် သူ မန်စီးတီးမှာ ကစားစဉ်တုန်းက ယှဉ်ပြိုင် ကစားခဲ့ဖူးပါတယ် ၊ ကျွန်တော် မန်စီးတီး ပွဲတွေလည်း အများကြီး ကြည့်ခဲ့ဖူးပါတယ် ၊ဒါပေမယ့် သူ့ကို လေ့ကျင့်ရေးကွင်းမှာ တွေ့ရတဲ့ အချိန်မှပဲ သူက ရူးချင်စရာကောင်းလောက်အောင် ကောင်းတဲ့ သူမှန်း သိလိုက်ရပါတယ် ။ အသင်းက လူတွေ အားလုံးက ရာသီသစ်အတွက် စိတ်လှုပ်ရှား နေကြပါပြီ ၊ ပရိသတ်တွေလည်း စိတ်လှုပ်ရှား နေကြမယ် ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျေးဇု ဟာ မန်စီးတီး အသင်းမှာ ပွဲပေါင်း ၂၃၆ ပွဲ ကစား ၉၅ ဂိုး သွင်းယူ ပေးခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ခါရာဘောင်းဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၁ ကြိမ် ရယူ နိုင်ခဲ့သူ ဖြစ်ပါတယ်။

ZAWGYI: စမစ်ရို က ရာသီကြို ခြေစမ်းပွဲတွေမှာ ကစားသမားသစ် ဂါဘရီယဲလ် ဂျေးဇု ရဲ့​ခြေစွမ်းဟာ အထင်ကြီးစရာ ကောင်းကြောင်း ဝန်ခံလိုက်ပြီး သူ အဲ့ဒီလောက်အထိ ကောင်းမယ်မှန်း မထင်ခဲ့မိကြောင်း ပြောကြား လိုက်ပါတယ် ။ ဂန်းနားတို့ဟာ သူတို့ရဲ့ နွေရာသီ အဓိက ပစ်မှတ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ကို ပေါင် ၄၅ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ် ။ ပရီးမီးယားလိဂ် ချန်ပီယံ လေးကြိမ် ရဖူးတဲ့ ဂျေးဇု နဲ့ အာဆင်နယ် နည်းပြ အာတေတာ ဟာ မန်စီးတီး အသင်းမှာ လက်တွဲ ခဲ့ကြဖူးသူတွေ ဖြစ်ပါတယ် ။