ယခုနွေရာသီမှာ အသင်းအများအပြားက ခေါ်ယူချင်နေတဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို အာဆင်နယ်ကို ငြင်းပယ်ဖို့ တောင်းဆိုခြင်းခံခဲ့ရပြီး လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းဆီကို ပြောင်းရွေ့ဖို့ ပြောကြားခြင်းခံခဲ့ရပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးရဲ့ အစ်တီဟတ်က အနာဂတ်ဟာ မရေမရာဖြစ်နေတာကြောင့် ကောလာဟလတွေ မျိုးစုံ ထွက်ပေါ်နေပြီး အာလင်း ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ဟာ လာမယ့်ရာသီ မန်စီးတီးလူစာရင်းထဲ ပါဝင်လာတော့မှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးဟာ အစ်တီဟတ်ကို စွန့်ခွာဖွယ်ရှိနေတဲ့ ဂျေဆူးကို ယခုနွေရာသီမှာ အရခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ၄၁ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ကြယ်ပွင့်တိုက်စစ်မှူးကို လာမယ့်နှစ်နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဂါဘရီယယ်လ် ဂျေဆူးရဲ့ အပြောင်းအရွှေ့အကြောင်း စကားပြောဆိုရာမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက “ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလတွေထွက်နေပြီး အာဆင်နယ်က ဒီနွေရာသီမှာ သူ့အတွက် ပြိုင်ပွဲဝင်နေတဲ့ တစ်ခုတည်းသော အသင်းလို့ ကျွန်တော် မထင်ပါဘူး။ အာဆင်နယ်က သူ့ကို ရသွားပြီပဲ ထားပါတော့။ ကျွန်တော့်ရဲ့ အာဆင်နယ်နဲ့ပတ်သက်ပြီး အထွေထွေ စိုးရိမ်ပူပင်မှုတွေက ဂျေဆူးရဲ့ အကောင်းဆုံးပုံစံကို အာတီတာက ရအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်နိုင်လား။”

“သူက သူ့ရဲ့ အလားအလာအတိုင်း ပြည့်မြောက်အောင် လုပ်ပေးနိုင်တဲ့ နည်းပြဖြစ်နိုင်လား။ဂွါဒီယိုလာတောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်ကတော့ သူလုပ်နိုင်လို့ မထင်ပါဘူး။ ဒါပေမယ့် သူ ချဲလ်ဆီးကို သွားမယ်ဆိုရင် သူက အလားအလာရှိပေမယ့် မဖြစ်လာတဲ့ လူကာကူးလို ကစားသမားဖြစ်မှာမဟုတ်ပါဘူး။ ချဲလ်ဆီးမှာ သူတို့တွေက အခွင့်အရေးတွေ အများကြီးဖန်တီးတယ်။ သူတို့တွေက ပင်နယ်တီဧရိယာထဲကို ဘောလုံးကို ပေးပို့မယ်။ ဂျေဆူးက ပင်နယ်တီဧရိယာထဲက မြေခွေးတစ်ကောင်ဖြစ်လာနိုင်ပါတယ်။”

“ကျွန်တော် မကြာခဏ သူတို့တွေ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျေဆူးသာ ပင်နယ်တီဧရိယာထဲမှာ တကယ်ကောင်းမွန်တဲ့အလုပ်အချို့ကို အာရုံစိုက်နိုင်ရင် သူက အဲဒီလို လူမျိုး ဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်မှာဆိုရင် သူတို့မှာ လူသစ်ဖြစ်နေသေးတဲ့ စမစ် ရိုးနဲ့ ဆာကာတို့လို ကစားသမား ၂ ဦးရှိပြီး သူတို့တွေက နောက်ထပ် ၂ နှစ်လောက်အထိ အာဆင်နယ်ရှပ်ကို ဝတ်ဆင်နေဦးမလားဆိုတာ ကျွန်တော်တို့ သေချာမသိနိုင်ပါဘူး။ အဲဒီတော့ ကျွန်တော်သာ ဂျေဆူးဆိုရင် စတမ်းဖို့ဒ် ဘရစ်ချ်ကိုပဲ သွားမှာပါ”

“မေဆန် မောင့်၊ ခိုင် ဟာဗတ်ဇ်နဲ့ တီမို ဗာနာသာ ဆက်နေမယ်ဆိုရင် သူက ကျွန်တော့်အတွက် ဂိုးတွေ လက်တင်သွင်းနိုင်အောင် လုပ်ပေးလိမ့်မယ်လို့ ကျွန်တော် တွေးမှာပါ။ ကျွန်တော့်အနေနဲ့ သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ပြီး လာမယ့်ရာသီမှာ သူတို့ရဲ့ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာပါလိမ့်မယ်။ သူ မလုပ်နိုင်မယ့်အရာက အာဆင်နယ်ကို လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်ပါ။ ဘာလို့လဲဆိုတော့ သူတို့အတွက်က အဆုံးသတ်ပေးမယ့်သူပဲ လိုအပ်နေတာမဟုတ်တာကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။

ZAWGYI: ယခုနွေရာသီမှာ အသင်းအများအပြားက ခေါ်ယူချင်နေတဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို အာဆင်နယ်ကို ငြင်းပယ်ဖို့ တောင်းဆိုခြင်းခံခဲ့ရပြီး လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းဆီကို ပြောင်းရွေ့ဖို့ ပြောကြားခြင်းခံခဲ့ရပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးရဲ့ အစ်တီဟတ်က အနာဂတ်ဟာ မရေမရာဖြစ်နေတာကြောင့် ကောလာဟလတွေ မျိုးစုံ ထွက်ပေါ်နေပြီး အာလင်း ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ဟာ လာမယ့်ရာသီ မန်စီးတီးလူစာရင်းထဲ ပါဝင်လာတော့မှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးဟာ အစ်တီဟတ်ကို စွန့်ခွာဖွယ်ရှိနေတဲ့ ဂျေဆူးကို ယခုနွေရာသီမှာ အရခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ၄၁ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ကြယ်ပွင့်တိုက်စစ်မှူးကို လာမယ့်နှစ်နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဂါဘရီယယ်လ် ဂျေဆူးရဲ့ အပြောင်းအရွှေ့အကြောင်း စကားပြောဆိုရာမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက “ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလတွေထွက်နေပြီး အာဆင်နယ်က ဒီနွေရာသီမှာ သူ့အတွက် ပြိုင်ပွဲဝင်နေတဲ့ တစ်ခုတည်းသော အသင်းလို့ ကျွန်တော် မထင်ပါဘူး။ အာဆင်နယ်က သူ့ကို ရသွားပြီပဲ ထားပါတော့။ ကျွန်တော့်ရဲ့ အာဆင်နယ်နဲ့ပတ်သက်ပြီး အထွေထွေ စိုးရိမ်ပူပင်မှုတွေက ဂျေဆူးရဲ့ အကောင်းဆုံးပုံစံကို အာတီတာက ရအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်နိုင်လား။”

“သူက သူ့ရဲ့ အလားအလာအတိုင်း ပြည့်မြောက်အောင် လုပ်ပေးနိုင်တဲ့ နည်းပြဖြစ်နိုင်လား။ဂွါဒီယိုလာတောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်ကတော့ သူလုပ်နိုင်လို့ မထင်ပါဘူး။ ဒါပေမယ့် သူ ချဲလ်ဆီးကို သွားမယ်ဆိုရင် သူက အလားအလာရှိပေမယ့် မဖြစ်လာတဲ့ လူကာကူးလို ကစားသမားဖြစ်မှာမဟုတ်ပါဘူး။ ချဲလ်ဆီးမှာ သူတို့တွေက အခွင့်အရေးတွေ အများကြီးဖန်တီးတယ်။ သူတို့တွေက ပင်နယ်တီဧရိယာထဲကို ဘောလုံးကို ပေးပို့မယ်။ ဂျေဆူးက ပင်နယ်တီဧရိယာထဲက မြေခွေးတစ်ကောင်ဖြစ်လာနိုင်ပါတယ်။”

ကျွန်တော် မကြာခဏ သူတို့တွေ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျေဆူးသာ ပင်နယ်တီဧရိယာထဲမှာ တကယ်ကောင်းမွန်တဲ့အလုပ်အချို့ကို အာရုံစိုက်နိုင်ရင် သူက အဲဒီလို လူမျိုး ဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်မှာဆိုရင် သူတို့မှာ လူသစ်ဖြစ်နေသေးတဲ့ စမစ် ရိုးနဲ့ ဆာကာတို့လို ကစားသမား ၂ ဦးရှိပြီး သူတို့တွေက နောက်ထပ် ၂ နှစ်လောက်အထိ အာဆင်နယ်ရှပ်ကို ဝတ်ဆင်နေဦးမလားဆိုတာ ကျွန်တော်တို့ သေချာမသိနိုင်ပါဘူး။ အဲဒီတော့ ကျွန်တော်သာ ဂျေဆူးဆိုရင် စတမ်းဖို့ဒ် ဘရစ်ချ်ကိုပဲ သွားမှာပါ”