ပီအက်စ်ဂျီ အသင်းဟာ စူပါစတား တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘောလွန်းဒီအော ၇ ကြိမ်ရ ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီးနောက် ပြင်သစ်နိုင်ငံရဲ့ မြို့တော်မှာ ၂၀၂၃ ထိရှိနေတော့မှာပါ။ ပီအက်စ်ဂျီနဲ့ ပွဲဦးထွက် ရာသီဟာ ၁၅ နှစ် အတွင်း အဆိုးဆုံး ဂိုးသွင်းနှုန်း ရရှိခဲ့တဲ့ ရာသီ ဖြစ်ပေမယ့်လည်း မက်ဆီရဲ့ ဂျာစီရောင်းချမှုနဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုနိုင်မှုတွေဟာ ကြီးကြီးမားမား တိုးတက်ခဲ့တာကြောင့် ပီအက်စ်ဂျီအတွက်တော့ စီးပွားရေးအပိုင်းမှာ အမြတ်အစွန်း တော်တော်လေး ရရှိသွားခဲ့ပါတယ်။

မာကာသတင်းစာရဲ့အဆိုအရ လီဂူးဝမ်းချန်ပီယံအသင်းဟာ ၃၅ နှစ်အရွယ် ကစားသမားကြီးကို အသင်းမှာ ကာလ ရှည်ဆက်လက် ထိန်းသိမ်းလိုနေပေမယ့် တိကျသေချာတဲ့ ကမ်းလှမ်းမှုမျိုးတော့ မလုပ်ရသေးဘူးလို့ သိရပါတယ်။ မက်ဆီဘက်မှာလည်း အခုချိန်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ ဆုံးဖြတ်ချက် ချဦးမှာပဲ မဟုတ်ပဲ ကာတာကမ္ဘာ့ဖလား ပြီးဆုံးမယ့် ဆောင်းရာသီအလွန်မှသာ ဒီကိစ္စကို စဉ်းစားဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အခြားသတင်းတွေအရတော့ မက်ဆီရဲ့ လက်ရှိ စာချုပ်မှာလည်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ကို ထည့်သွင်းထားပေမယ့် မာကာကတော့ ဒီအချက်ဟာ အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီနဲ့ ပထမဆုံး လက်မှတ်ထိုးခဲ့ ပြိးနောက် ကြံ့ခိုင်မှု ပြဿနာ တစ်ချို့နဲ့ ရင်ဆိုင်ခဲ့ရသလို ပထမဆုံး ဂိုး သွင်းယူနိုင်ဖို့ကိုလည်း နိုဝင်ဘာလထိ ကြိုးစားခဲ့ရပါတယ်။ ဒါ့အပြင် လီဂူးဝမ်းမှာလည်း၆ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှုမှာတော့ ၁၄ ကြိမ်နဲ့ ကီလီယန်မက်ပီရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်မှာလည်း ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ စာချုပ် တန်ဖိုးဟာ တစ်ပတ်ကို ပေါင် ၉၆၀၀၀၀ ထိ တန်ဖိုးရှိတယ်လို့ သတင်းတွေက ဖော်ပြကြပြီး ပီအက်စ်ဂျီ အသင်းဖော် မက်ပီပြီးရင် ကမ္ဘာ့ ဒုတိယမြောက် လစာအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းဟာ ပီအက်စ်ဂျီခံစစ်မှူး ပရီစ်နယ်ကင်ပမ်ဘီကို ခေါ်ယူဖို့စတင် ဆွေးနွေးနေပြီဖြစ်ပြီး နည်းပြ သောမတ်စ်တူချယ်ကလည်း တပည့်ဟောင်းကို လက်ရှိအသင်းမှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ အနောက်လန်ဒန်ကလပ်ဟာ ပေါင် ၄၅ သန်းနဲ့ ရာဟင်စတာလင်ကို မန်ချက်စတာစီးတီးအသင်းကနေ ခေါ်ယူခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ကပဲအတည်ပြုခဲ့ပြီး အခုဆိုရင် လက်ကျန်အပြောင်းအရွှေ့ကာလအတွင်းမှာ ခံစစ်ကစားသမားတွေကိုကို အဓိကဦးစားပေး ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

အန်တိုနီယိုရူဒီဂါနဲ့ အန်ဒရေးခရစ္စတီယန်ဆန်တို့ နှစ်ယောက်စလုံး ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့ကို အသီးသီး အလွတ်နဲ့ ထွက်ခွာသွားတာကြောင့် ဒီကစားသမားတွေနေရာမှာ အစားထိုးဖို့ ဗဟိုခံစစ်မှူးသစ် ၃ ယောက်လောက် ခေါ်ယူဖို့ရှိနေပါတယ်။ ကာလီဒူကူလီဘာလေကို ခေါ်ယူနိုင်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပြီး နာပိုလီနဲ့လည်း ပေါင် ၃၃.၈ သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရရှိထားပါတယ်။ ဆီနီဂေါလက်ရွေးစင်ဟာ လန်ဒန်ကိုထွက်ခွာခွင့် ရရှိထားပြီဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာပဲ လော့စ်အိန်ဂျလိစ်မှာ ဆေးစစ်ပြီးရင်အသင်းနဲ့ပူးပေါင်းမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ တရားဝင်ကြေညာမှုလည်း ထွက်ပေါ်လာမှာပါ။ ဒါပေမယ့် ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပစ်မှတ်တွေထဲမှာ ကူလီဘာလေ တစ်ယောက်တည်း နာမည်ကြီး ကစားသမားအဖြစ် ပါဝင်နေတာမဟုတ်ပါဘူး။ စတမ်းဖို့ဒ်ဘရစ်ဂျ်ကလပ်ဟာ နာသန်အကီနဲ့ ကင်ပမ်ပီတို့ကိုလည်း ခေါ်ယူဖို့အရှိန်မြှင့်တင် ကြိုးစားလျက်ရှိပါတယ်။ အကီအတွက် ကမ်းလှမ်းမှုကိုလည်း ပြင်ဆင်လျက်ရှိပြီး အကယ်ဒမီထွက် ကစားသမားဟောင်း လာမယ့် တစ်ပတ်အတွင်းမှာ ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

သတင်းတွေအရတော့ ချဲလ်ဆီးအသင်းပိုင်ရှင်သစ်လည်းဖြစ်သလို ယာယီအားကစားဒါရိုက်တာလည်းဖြစ်တဲ့ တော့ဒ်ဘိုလီဟာ အခုဆိုရင်ကင်ပမ်ဘီအတွက် ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးနေပြီလည်း ဖြစ်ပါတယ်။ အခြားအသင်းတစ်ရပ်မှာတော့ ပီအက်စ်ဂျီဟာ ကင်ပမ်ပီအက်အတွက် အသားတင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း) နဲ့ အပိုဆုကြေး ယူရို ၁၀ သန်း (ပေါင် ၈.၅ သန်း) ခန့် အလိုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိပြောင်းရွှေ့ကြေး အရဆိုရင်တော့ ကင်ပမ်ပီဟာ ကူလီဘာလေရော၊ အကီရောထက် ဈေးပိုကြီးနေပြီး ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းရဲ့ ဈေးအကြီးဆုံးခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

တူချယ်ကတော့ တပည့်ဟောင်းပြင်သစ်သားလည်း ပြန်လည်လက်တွဲလိုပြီး ပီအက်စ်ဂျီမှာကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပါတယ်။ နည်းပြတူချယ်အနေနဲ့ ဒီကစားသမား ၃ ယောက်နဲ့အတူ သီယာဂိုဆေးလ်ဗားနဲ့တွဲပြီး ၃ ယောက်တန်းခံစစ်ကို ပုံဖော်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကင်ပမ်ပီကို ချဲလ်ဆီးအသင်းအပြင် ဂျူဗင်တပ်စ်ကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ ဒီလစ်ရဲ့နေရာမှာ ကင်ပမ်ဘီနဲ့အစားထိုးဖို့ စိတဝင်စားနေတဲ့ ဂျူဗင်တပ်စ်ကလည်း ပီအက်စ်ဂျီကိုဆက်သွယ်ထားပါတယ်။

ZAWGYI: ပီအက်စ်ဂျီ အသင်းဟာ စူပါစတား တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘောလွန်းဒီအော ၇ ကြိမ်ရ ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘာစီလိုနာကနေ ထွက်ခွာခဲ့ပြီးနောက် ပြင်သစ်နိုင်ငံရဲ့ မြို့တော်မှာ ၂၀၂၃ ထိရှိနေတော့မှာပါ။ ပီအက်စ်ဂျီနဲ့ ပွဲဦးထွက် ရာသီဟာ ၁၅ နှစ် အတွင်း အဆိုးဆုံး ဂိုးသွင်းနှုန်း ရရှိခဲ့တဲ့ ရာသီ ဖြစ်ပေမယ့်လည်း မက်ဆီရဲ့ ဂျာစီရောင်းချမှုနဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုနိုင်မှုတွေဟာ ကြီးကြီးမားမား တိုးတက်ခဲ့တာကြောင့် ပီအက်စ်ဂျီအတွက်တော့ စီးပွားရေးအပိုင်းမှာ အမြတ်အစွန်း တော်တော်လေး ရရှိသွားခဲ့ပါတယ်။