မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ အသင်းရဲ့လူစာရင်းကို ပြန်လည်တည်ဆောက်လိုနေတာကြောင့် အသင်းမှာ အရေးပေးမခံရတဲ့ ခံစစ်ကစားသမား ၆ ယောက်ကို အပြောင်းအရွှေ့ရာသီမပိတ်ခင် တစ်လအလိုမှာကတည်းက ရောင်းထုတ်ဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။ Sportsmail သတင်းဌာနရဲ့ဖော်ပြချက်အရ အဲလက်စ် တဲလက်စ်၊ အာရွန် ဝမ်-ဘစ်ဆာကာ၊ အဲရစ် ဘိုင်ယီ၊ အဇဲလ် တွမ်ဇီးဘီ၊ အီသန် လာအီးရ်နဲ့ ဖီးလ် ဂျုံးစ်တို့အကုန်လုံးကို အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွါခွင့်ပေးဖို့ ကြိုဆိုနေကြောင်း သိရပါတယ်။

တိုင်ရဲလ် မာလာစီယာရောက်ရှိလာမှုက လုခ်ရှောအတွက် ပြိုင်ဆိုင်မှုဖြစ်စေပေမယ့် တဲလက်စ်အတွက်တော့ အထွက်တံခါးဝကို တွန်းထုတ်လျက်သားဖြစ်သွားစေပြီး ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၅.၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်သား ဘယ်နောက်ခံလူကို စပိန်လာလီဂါကလပ် ဆီဗီးလားအသင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဝမ်-ဘစ်ဆာကာကတော့ ယူနိုက်တက်အသင်းအတွက် ငွေဆုံးရှုံးမှုအများဆုံးဖြစ်စေနိုင်မယ့် ခံစစ်ကစားသမားဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ၂၀၁၉ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဝမ်-ဘစ်ဆာကာကတော့ မျှော်မှန်းခဲ့တဲ့ ခြေစွမ်းကောင်းတွေနဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။

ပဲလေ့စ်အသင်းကတော့ လက်ရှိမှာ ဝမ်-ဘစ်ဆာကာကို အငှါးစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး အဆိုပါညာနောက်ခံလူအတွက် အကောင်းဆုံးဖြစ်စေမယ့် အရာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ယူနိုက်တက်နဲ့ ပြန်ကစားနိုင်ခဲ့ပြီး အထင်ကြီးစရာ စွမ်းဆောင်ရည်အနည်းငယ်ပြသနိုင်ခဲ့တဲ့ ဂျုံးစ်ကတော့ ယူနိုက်တက်အတွက် ပြောင်းရွှေ့ကြေးမရရှိဘဲ ထွက်ခွါသွားနိုင်ပြီး သူ့အသင်းဖော်ဟောင်းလည်းဖြစ် လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်အသင်းကို ကိုင်တွယ်နေတဲ့ ဝိန်း ရွန်းနီနဲ့ ပြန်လည်လက်တွဲသွားဖို့များနေတာဖြစ်ပါတယ်။

ဘိုင်ယီကတော့ အသင်းအတွက် ပိုက်ဆံအနည်းငယ်ပြန်လည်ဖန်တီးပေးနိုင်မယ့် ခံစစ်မှူးပဲဖြစ်ပြီး ဒဏ်ရာပြဿနာတွေက အိုးလ်ထရက်ဖို့ဒ်က သူ့ကစားသမားဘဝကို ကျဆင်းသွားစေခဲ့တာဖြစ်သလို ၂၀၁၆ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘိုင်ယီကတော့ ယူနိုက်တက်မန်နေဂျာဟောင်း ဂျိုဆေး မော်ရင်ညိုနဲ့ ရိုးမားအသင်းမှာ ပြန်လည်ဆုံစည်းနိုင်ချေများနေပါတယ်။ အေစီမီလန်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ကလည်း ဘိုင်ယီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြပြီး တကယ်လို့များ ဘိုင်ယီသာ လာလီဂါကို ပြန်ချင်တယ်ဆိုရင်တော့ ဆီဗီးလားအသင်းကလည်း ရွေးချယ်စရာတစ်ခုအနေနဲ့ ရှိနေပါတယ်။

အသင်းရဲ့ လူငယ်အကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြတဲ့ လာအီးရ်နဲ့ တွမ်ဇီးဘီတို့ကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းသစ်တွေကိုယ်စီ ရောက်သွားနိုင်ကြပေမယ့် အပြီးသတ်ပြောင်းရွှေ့ဖြစ်မှာမဟုတ်ဘဲ အငှါးစာချုပ်နဲ့သာ ပြောင်းရွှေ့နိုင်ချေများနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဒုတိယရာသီဝက်မှာ ထိုစဉ်က ချန်ပီယံရှစ်မှာကစားနေခဲ့တဲ့ ဘုန်းမောက်အသင်းအတွက် ၆ ပွဲကစားပေးခဲ့တဲ့ လာအီးရ်ကတော့ ချန်ပီယံရှစ်ကိုပဲ ထပ်မံအငှါးနဲ့ကစားသွားဖို့ရှိနေပြီး ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းနဲ့ သဘောတူညီမှု ရရှိပြီးပြီဖြစ်ကြောင်း သိရပါတယ်။

တွမ်ဇီးဘီကတော့ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ဘုန်းမောက်အသင်းကို အငှါးနဲ့ ပြောင်းရွှေ့ကစားနိုင်ဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အက်စ်တန်ဗီလာနဲ့ နာပိုလီအသင်းတို့မှာ အငှါးနဲ့ သွားရောက်ကစားခဲ့ပေမယ့်လည်း ပွဲကစားခွင့်အတွက်တော့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အငှါးချမယ့်ကစားသမားတွေနဲ့ ရောင်းချဖို့အတွက် စီစဉ်ထားတဲ့ ကစားသမားတွေကြောင့် ယူနိုက်တက်အတွက်တော့ လစာငွေဝန်ထုပ်ကို လျှော့ချပြီးသားဖြစ်သွားတာကြောင့် အဆိုပါကစားသမား ၆ ယောက်စလုံးကို ရှင်းထုတ်နိုင်ဖို့သာ မျှော်လင့်ရတော့မှာဖြစ်တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ အသင်းရဲ့လူစာရင်းကို ပြန်လည်တည်ဆောက်လိုနေတာကြောင့် အသင်းမှာ အရေးပေးမခံရတဲ့ ခံစစ်ကစားသမား ၆ ယောက်ကို အပြောင်းအရွှေ့ရာသီမပိတ်ခင် တစ်လအလိုမှာကတည်းက ရောင်းထုတ်ဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။ Sportsmail သတင်းဌာနရဲ့ဖော်ပြချက်အရ အဲလက်စ် တဲလက်စ်၊ အာရွန် ဝမ်-ဘစ်ဆာကာ၊ အဲရစ် ဘိုင်ယီ၊ အဇဲလ် တွမ်ဇီးဘီ၊ အီသန် လာအီးရ်နဲ့ ဖီးလ် ဂျုံးစ်တို့အကုန်လုံးကို အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွါခွင့်ပေးဖို့ ကြိုဆိုနေကြောင်း သိရပါတယ်။