စာချုပ်သစ်ဆွေးနွေမှုကို မိုဆာလာနဲ့လီဗာပူးတို့ လပေါင်းများစွာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှုတခုရှာတွေ့ဖို့ ပျက်ကွက်နေဆဲဖြစ်တာကြောင့် သင့်တော်တဲ့ကမ်းလှမ်းမှုသာရခဲ့ရင် ဒီနွေရာသီမှာ ကစားသမားကို ငွေဖော်လိုက်ဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။ မိုဆာလာရဲ့အနာဂါတ်ကမရေရာနေဆဲဖြစ်တာကြောင့် လီဗာပူးတို့က ဒီနွေဈေးကွက်မှာ သူ့ကိုထွက်ခွာခွင့်ပေးဖို့ဆီ ဦးတည်သွားနိုင်တယ်လို့ သတင်းများအရသိရပါတယ်။

ဆာဒီယိုမာနေးထွက်ခွာသွားတာကို လီဗာပူးတို့လက်ခံခဲ့ရပြီးဖြစ်သလို စာချုပ်ကိစ္စဖြေရှင်းလို့မရဆဲဖြစ်နေတဲ့ မိုဆာလာလည်း မာနေးခြေရာလိုက်နင်းသွားနိုင်ပါတယ်။ ဆာလာရဲ့လက်ရှိစာချုပ်က ၁၂ လတည်း ကျန်တော့တာဖြစ်ပြီး နောက်လာမယ့်နွေရာသီမှာ တပြားမှမရဘဲ ထွက်ခွာသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တရာသီဆက်သုံးပြီး နောက်နှစ်ဖရီးနဲ့လက်လွတ်ခံမလား၊ သင့်တော်တဲ့ကမ်းလှမ်းမှုရရင် အခုပေဲ ငွေဖော်လိုက်မလားဆိုတာ လီဗာပူးတို့ရွေးချယ်စရာဖြစ်နေပါတယ်။

ဆာလာရဲ့အနေအထားအရ ကလပ်ရဲ့တန်ဖိုးသတ်မှတ်မှုက ပေါင်သန်း ၆၀ အပိတ်ဖြစ်တယ်လို့ အတွင်းသတင်းရရှိပါတယ်။ ဆာလာဟာ ၂၀၁၇ မှာ လီဗာပူးကိုရောက်လာပြီးကတည်းက ရာသီတိုင်း ဂိုးသွင်းနှုန်းကောင်းတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ရွှေဖိနပ်ဆုထပ်ရခဲ့ပါသေးတယ်။ ဒါပေမဲ့ လီဗာပူးက သူ့ရဲ့အရေးပါမှုနဲ့ကိုက်ညီတဲ့ စူပါလစာမျိုးကို ဆာလာကလိုချင်နေတာဖြစ်ပြီး သူ့ရဲ့လက်ရှိလစာထက် အများကြီးခုန်တက်ဖို့လိုနေတာဖြစ်ပါတယ်။ လီဗာပူးတို့က စနစ်ကိုဦးစားပေးတဲ့အသင်းဖြစ်ပြီး လစာနဲ့ပတ်သတ်လာရင် တိကျပြီးတင်းကျပ်တဲ့တည်ဆောက်ပုံတခုကို ခြွင်းချက်မရှိ မချိုးဖောက်တမ်း ကိုင်စွဲထားတာပါ။

ဒါ့ကြောင့် ဆာလာအတွက်ချိုးဖောက်ပေးဖို့ ဆန္ဒမရှိကြသေးပါဘူး။ ဒီစည်းကမ်းကြောင့်ပဲ လစာပိုလိုချင်နေတဲ့မာနေးကို လက်လွှတ်ပေးခဲ့ရတာဖြစ်ပြီး အခုတခါ ဆာလာကိုလည်း လက်လွှတ်ကောင်းလွှတ်ရဖွယ်ရှိပါတယ်။ ကမ္ဘာတလွှားက စူပါကလပ်များမှာ ပါးစပ်အဟောင်းသားဖြစ်စေတဲ့လုပ်ခလစာတွေ ပေးနေကြပေမဲ့ မက်ဂါကလပ်ကြီးဖြစ်တဲ့ လီဗာပူးအသင်းက အမြင့်ဆုံးလစာရသူဟာ တပတ် ပေါင်နှစ်သိန်းနှစ်သောင်းဝန်းကျင်ပဲရှိပါတယ်။ ဒါပေမဲ့ ဆာလာကတော့ တပတ်ကို ပေါင်လေးသိန်းလောက်တိုးမြင့်ပြီးရချင်နေတယ်လို့ သိရပါတယ်။

ဒီကိစ္စတခုအတွက် နှစ်ဘက်မပြေလည်နိုင်ဖြစ်နေပြီး ဆွေးနွေးမှုများ အီလည်ကြာရှည်နေကာ ရှင်းလင်းတဲ့အဖြေတခုလည်း ရနိုင်ဖွယ်ရှိမနေသေးပါဘူး။ ဒါ့ကြောင့် လီဗာပူးတို့က သူတို့ရဲ့အရှုံးသက်သာအောင် ဒီနွေမှာတင် ငွေဖော်လိုက်နိုင်တာဖြစ်ပါတယ်။ ဒီအခြေနေကို ခြေရာလိုက်နေသူတွေထဲမှာ ရီးယဲမက်ဒရစ်တို့လည်းပါဝင်ပါတယ်။ ရီးယဲတို့က သူတို့ရဲ့ ဒီနွေရာသီပစ်မှတ်ဖြစ်တဲ့ ကိုင်လီယန်အမ်ဘက်ပီကို လွဲချော်ထားရပါတယ်။

တိုက်စစ်မှူးတယောက်ခေါ်ဖို့ ပီရက်စ်မှာ အစီအစဉ်မရှိပေမဲ့ ဆာလာရဲ့ တောင်ပံတိုက်စစ်နေရာကတော့ သူ့ကိုဆွဲဆောင်နိုင်မှာပါ။ ကာယကံရှင်ကစားသမားကတော့ လာမယ့်ရာသီ လီဗာပူးမှာပဲဆက်ရှိနေမယ်လို့ ကိုယ်တိုင်ထုတ်ပြောထားပါတယ်။ ဒါပေမဲ့ ဒီ့နောက်ကိစ္စကိုတော့ ဘာအာမခံချက်မှ မပေးထားပါဘူး။ လီဗာပူးတို့က ဒါဝင်နူနက်စ်ကို ကလပ်စံချိန်တင်ဖြစ်နိုင်တဲ့ဈေးနဲ့ ခေါ်ထားပြီး မာနေးရဲ့နေရာကို အစားထိုးဖို့ပြင်ထားပါတယ်။ ဒီယိုဂိုဟိုတာနဲ့ လူးဝစ်ဒီယက်စ်တို့လည်း သူတို့ရဲ့တိုက်စစ်ရွေးချယ်စရာရှိပါတယ်။

ယာဂင်ကလော့ရဲ့ရှေ့တန်းဟာ တချိန်တုန်းကတော့ လူစာရင်းက သူတို့ကိုရွေးစရာမလိုဘဲ သူတို့က လူစာရင်းကိုပြန်ရွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အပြောင်းအလဲတခုဖြစ်ပေါ်နေပါတယ်။ မိုဆာာလာကတော့ သူ့ရဲ့အကောင်းဆုံးမှာရှိနေဆဲဖြစ်တယ်လို့ ယူဆရပြီး တကိုယ်တော်ဆုတံဆိပ်တွေရနေဆဲပါ။ ဒါပေမဲ့ ရာသီနှောင်းပိုင်းပုံစံကျဆင်းမှုကနေ ရာသီကုန်အထိ နာလံမထူနိုင်ခဲ့တာကိုတွေ့ရပါတယ်။

ZAWGYI: စာချုပ်သစ်ဆွေးနွေမှုကို မိုဆာလာနဲ့လီဗာပူးတို့ လပေါင်းများစွာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှုတခုရှာတွေ့ဖို့ ပျက်ကွက်နေဆဲဖြစ်တာကြောင့် သင့်တော်တဲ့ကမ်းလှမ်းမှုသာရခဲ့ရင် ဒီနွေရာသီမှာ ကစားသမားကို ငွေဖော်လိုက်ဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။ မိုဆာလာရဲ့အနာဂါတ်ကမရေရာနေဆဲဖြစ်တာကြောင့် လီဗာပူးတို့က ဒီနွေဈေးကွက်မှာ သူ့ကိုထွက်ခွာခွင့်ပေးဖို့ဆီ ဦးတည်သွားနိုင်တယ်လို့ သတင်းများအရသိရပါတယ်။