နာမည်ကြီး သတင်းစာ တစ်ခုရဲ့ အဆိုအရ ဘာစီလိုနာတို့ဟာ ဒီဂျောင်ကို မန်ယူနိုက်တက်ထံ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာတင်ပဲ ပြောင်းရွှေ့ဖို့ ဖိအားပေးလျက် ရှိနေတယ်လို့ သိရပါတယ်။ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း၊ အပိုဆုကြေး (၁၀)သန်း၊ စုစုပေါင်း ယူရို (၈၅)သန်းနဲ့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို အသင်းမှာ ဆက်ထိန်းထားဖို့ အတွက် အလိုရှိနေပေမဲ့ အခြားသော အကြောင်း ကိစ္စတွေ များစွာကြောင့် မန်ယူနိုက်တက်ထံ အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ဒီဂျောင် အနေနဲ့ မန်ယူနိုက်တက်ရဲ့ ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ထားခဲ့တဲ့ အပေါ်မှာ အသင်းပြောင်းရွှေ့လာဖို့ အလိုမရှိပဲ ဘာစီလိုနာမှာပဲ ဆက်နေဖို့ အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ မန်ယူနိုက်တက်တို့ အနေနဲ့ အပြောင်းအရွှေ့ကို (၁၀၀)ရာခိုင်နှုန်း အပြီးသတ်နိုင်ဖို့အတွက် ဒီဂျောင်နဲ့သာ ဆက်လတ်ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ကျန်ရှိနေတော့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ဟာ ဒီဂျောင်ကို လစာကြွေး ယူရို (၁၇)သန်း ပေးချေဖို့ ကျန်ရှိနေတာ ဖြစ်ပြီး၊ ဒီအချက်ကလည်း ဘာစီလိုနာကနေ ဒီဂျောင် ထွက်ခွာဖို့ တွန့်ဆုတ်လျက် ရှိနေတဲ့ အကြောင်းပြချက်တွေထဲက တစ်ခု ဖြစ်နေခဲ့ပါတယ်။

သတင်းတွေအရ ဘာစီလိုနာ ရဲ့ ကြွေးမြီပြဿနာ အခြေအနေတွေနဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဒီဂျောင်ကို ရောင်းချပြီးမှသာ အခြားသော ကစားသမားသစ်ခေါ်ယူမှုတွေ၊ ကစားသမားသစ် မှတ်ပုံတင်ခြင်း ကိစ္စရပ်တွေကို ဆက်လတ်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာ ဘာစီလိုနာဘက်ကနေပြီးတော့ ဒီဂျောင်ကို မဖြစ်မနေရောင်းချဖို့ ခေါင်းညိမ့်လိုက်ပြီ ဖြစ်တာကြောင့် မကြာခင်အချိန်အတွင်း မန်ယူနိုက်တက်နဲ့ ဒီဂျောင်တို့ရဲ့ အပြီးသတ် အပြောင်းအရွှေ့ကို မြင်တွေ့လာရဖို့ ရှိနေပါတယ်။

ဒီဂျောင် အနေနဲ့လည်း ဘာစီလိုနာကနေ ထွက်ခွာဖို့ အလိုရှိနေပေမဲ့လည်း ဘာစီလိုနာဆီကနေ ရစရာ ရှိနေတဲ့ လစာကြွေး ယူရို (၁၇)သန်းက အဟန့်အတား တစ်ခု ဖြစ်နေခဲ့တယ်လို့ သတင်းတွေကဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာဟာ ဒီဂျောင်ကို ကစားသမားသစ်ခေါ်ယူရေး ကိစ္စတွေ ပြုလုပ်နိုင်ဖို့အတွက် မန်ယူနိုက်တက်ထံကို သေချာပေါက် ပြောင်းရွှေ့ရမည်ဆိုတဲ့ အကြောင်းတွေကို ကစားသမားကို ပြောကြားထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဆိုလိုတာကတော့ ဘာစီလိုနာမှာ ဘယ်လိုပဲ နေချင်တယ်ပြောပြော၊ အသင်းကနေ ထွက်ကို ထွက်ရမှာ ဖြစ်ပြီး၊ တကယ်လို့ ဘာစီလိုနာရဲ့ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ရန် ဖိအားပေးမှုတွေကို ငြင်းဆန်ခဲ့မယ်ဆိုရင် အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံရတဲ့ အထိ အခြေအနေဆိုးလာဖွယ် ရှိနေတာပါ။ ဒါ့ကြောင့် မန်ယူနိုက်တက်တို့ အနေနဲ့ မကြာခင် အချိန်အတွင်း ဒီဂျောင်ကို အသင်းထံ ခေါ်ယူသွားနိုင်ဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အေဂျက် နောက်ခံလူ လီဆန်ဒရို မာတီနက်ကိုလည်း ယခုတပတ်အတွင်း ခေါ်ယူသွားနိုင်ဖို့ ရှိနေတာပါ။

ဆိုတော့ကာ လာမယ့်ရက်ပိုင်းအတွင်းမှာ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကိုရော၊ မာတီနက်တို့ နှစ်ဦးလုံးကိုပါ ခေါ်ယူသွားနိုင်ဖွယ် ရှိနေခဲ့တာပါ။ လက်ရှိမှာ လာမာစီယာကို ခေါ်ယူထားခဲ့ပြီး ဖြစ်သလို၊ အဲရစ်ဆင်ကိုလည်း ဆေးစစ်ဖို့သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ ဒီဂျောင်နဲ့ မာတီနက်တို့အတွက်ကလည်း အကောင်းဆုံး အခြေအနေမှာ ရှိနေပြီ ဖြစ်တဲ့ အတွက်ကြောင့် နွေဈေးကွက်ထဲမှာ ကစားသမား (၄)ဦးထိ ခေါ်ယူမှုတွေ ပြုလုပ်လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဟတ်ကတော့ နောက်ထပ် ကစားသမား (၂)ဦးလောက်အထိ ခေါ်ယူဖို့ အလိုရှိနေသေးပြီး အသင်းမှာ ရှိတဲ့ ကစားသမား အချို့ကိုလည်း ထပ်မံရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ZAWGYI: နာမည်ကြီး သတင်းစာ တစ်ခုရဲ့ အဆိုအရ ဘာစီလိုနာတို့ဟာ ဒီဂျောင်ကို မန်ယူနိုက်တက်ထံ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာတင်ပဲ ပြောင်းရွှေ့ဖို့ ဖိအားပေးလျက် ရှိနေတယ်လို့ သိရပါတယ်။ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုရဲ့ အဆိုအရ မန်ယူနိုက်တက်တို့ဟာ ဒီဂျောင်ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း၊ အပိုဆုကြေး (၁၀)သန်း၊ စုစုပေါင်း ယူရို (၈၅)သန်းနဲ့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။