မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူ ရာဖေးလ် ဗာရန်း က အသင်းဆီ ရောက်လာဖို့ နီးစပ်နေပြီ ဖြစ်တဲ့ အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် နဲ့ပတ်သက်လို့ အကောင်းမြင်တဲ့ မှတ်ချက်ပေးစကားတွေကို ပြောကြားသွားခဲ့လိုက်ပါတယ် ။ လီဆန်ဒရို မာတီနက်ဇ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ တရားဝင် ရောက်မလာခဲ့သေးပါဘူး ။ ဒါပေမဲ့ ယူနိုက်တက် နဲ့ အေဂျက်ဇ် အသင်းတို့ကြား ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ကြိုတင်သဘောတူညီမှုတွေ ရရှိထားခဲ့ပြီပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ကစားသမားကို ဆေးစစ်ပြီး အပြီးသတ် ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်းကို တရားဝင် ကြေငြာဖို့ပဲ ကျန်နေပါတော့တယ် ။ အခြားတဖက််မှာတော့ မာတီနက်ဇ် ဟာ ယူနိုက်တက် နည်းပြ တန်ဟတ် ရဲ့ တတိယမြောက် ခေါ်ယူမှု ဖြစ်လာပါတော့မယ် ။ သူဟာ တန်ဟတ် နဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦး ဖြစ်သလို ပြီးခဲ့တဲ့ ရာသီတုန်းက နယ်သာလန်သား လက်အောက််မှာ ခြေစွမ်းပြနိုင်သူ ဖြစ်ခဲ့တဲ့အတွက် ပွဲထွက်ခွင့် တစ်နေရာ ရနိုင်ခြေ မြင့်တက်သူ အဖြစ် မှတ်ချက်ပေးခံနေခဲ့ပါသေးတယ် ။

သူသာ ပွဲထွက်ခွင့် ရရှိသွားရင် ယူနိုက်တက် အသင်းမှ တစ်ဦးတစ်ယောက်တော့ ပွဲထွက်ခွင့် ဆုံးရှုံးရမှာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဗာရန်း ကတော့ ဒါဟာ ကောင်းမွန်တဲ့ ယှဥ်ပြိုင်မှု တစ်ခုဖြစ်ကြောင်း ပြောရင်း မာတီနက်ဇ် ကို ကြိိုဆိုသွားခဲ့လိုက်ပါတယ် ။ ” ယှဥ်ပြိုင်ခြင်းဆိုတာက အသင်းအတွက် ကောင်းမွန်တဲ့ အရာ တစ်ခုပါပဲ ။ ဟယ်ရီ (မက်ဂွားယား) က ကျွန်တော်တို့ အတွက် အရေးကြီးလွန်းတဲ့ ကစားသမား တစ်ဦးပါ ။ သူဟာ အသင်းခေါင်းဆောင် ဖြစ်သလို အရည်အသွေးကောင်းတွေလည်း အများကြီး ပိုင်ဆိုင်ထားပါတယ် ”

” အသင်းက အခုလို ယှဥ်ပြိုင်မှုတွေနဲ့ အမြဲတမ်း ပိုကောင််းနိုင်ပါတယ် ။ ထိပ်တန်း အသင်းတိုင်းက ဒါ့ကြောင့် ပိုမို ကောင်းနိုင်ကြတာပါ ။ အကယ်လို့ အသင်းသားတိုင်းက ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင် ကြိုးစားကြမယ်ဆိုရင် အသင််းအတွက် အကျိုးအမြတ် ရှိလာမှာပါ ။ ဟယ်ရီကို လူတွေဝိုင်းလှောင်ကြတာ ကျွန်တော်တို့တွေ ကြားခဲ့ရပါတယ် ။ ခြေစွမ်းပြနိုင်ရင် ဒါတွေ ပျောက်ကွယ် သွားမှာပါ ။ အသင်းနဲ့ ဟယ်ရီ မက်ဂွားယား တို့က သူတို့ရဲ့ ကစားပုံနဲ့ အတူ ပရိသတ်တွေရဲ့ အထင်ကြီးမှုကို ရယူနိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ် ” လို့ ဗာရန်း က ပြောခဲ့လိုက််တာပဲ ဖြစ်ပါတယ် ။

ZAWGYI: မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို နောက်ခံလူ ရာဖေးလ် ဗာရန်း က အသင်းဆီ ရောက်လာဖို့ နီးစပ်နေပြီ ဖြစ်တဲ့ အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် နဲ့ပတ်သက်လို့ အကောင်းမြင်တဲ့ မှတ်ချက်ပေးစကားတွေကို ပြောကြားသွားခဲ့လိုက်ပါတယ် ။ လီဆန်ဒရို မာတီနက်ဇ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ တရားဝင် ရောက်မလာခဲ့သေးပါဘူး ။ ဒါပေမဲ့ ယူနိုက်တက် နဲ့ အေဂျက်ဇ် အသင်းတို့ကြား ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ကြိုတင်သဘောတူညီမှုတွေ ရရှိထားခဲ့ပြီပဲ ဖြစ်ပါတယ် ။