စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ ဘာစီလိုနာကို စွန့်ခွာကာ သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ဘာစီလိုနာ ပရိသတ်တွေအား ပြောပြသွားခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ အေဂျက် လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်သလို အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ရင်းတွေထဲက တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေထံ တရားဝင် ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ဒီဂျောင်ကို လက်မလွှတ်ချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း အထက်သာ ရမယ် ဆိုရင် ဒီဂျောင်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီဂျောင်အတွက် ဘာစီလိုနာဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးချေဖို့ စီစဉ်နေပါတယ်။

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဒီဂျောင်ဟာ ယမန်နေ့မှာ ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းက အပြန် သူ့ရဲ့ ဘောလုံးကန်ဖိနပ် ၅ရံနဲ့ အင်္ကျီ ၃ထည်ကို ဘာစီလိုနာ ပရိသတ်တွေဆီ ပေးကာ နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီဂျောင်က ဘာစီလိုနာ ပရိသတ်တွေကို အသင်းကနေ သူ ထွက်ခွာဖို့ ရှိနေကြောင်းနဲ့ နေ့စဉ်နေ့တိုင်း သူ့ကို လာရောက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို နှုတ်ဆက်ချင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ်နဲ့ ဒီဂျောင်တို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ၃ကြိမ်အထိ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပြီ ဖြစ်ကာ ဒီဂျောင်က နွေရာသီ အပြောင်းအရွှေ့ အစမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာမယ့် အဲရစ် တန်ဟက်ဂ်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ကို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတခု ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ပေးဖို့ စိတ်ကူးရှိကြောင်းနဲ့ သူ့ရဲ့ စိတ်ကူးတွေ အကောင်အထည် ပေါ်လာအောင် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ရှိနေစဉ်က ရခဲ့တဲ့ လုပ်ပိုင်ခွင့်တွေ အတိုင်း လုပ်ပိုင်ခွင့် အပြည့် ပေးထားပါတယ်။ ဒါကြောင့်ပဲ တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစာရင်း တခုလုံးကို အပြောင်းအလဲ လုပ်ကာ အသင်းကို ရေရှည် စီမံကိန်းတရပ်နဲ့ သွေးသစ်လောင်းဖို့ ဆုံးဖြတ်ထားပြီး လာမယ့် နွေအပြောင်းအရွှေ့မှာ ဆိုရင် တန်ဟက်ဂ်က အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက အနိမ့်ဆုံး ကစားသမား ၁၀ဦးခန့်ကို ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက် အတွက် ကစားသမားသစ်တွေကို ခေါ်ယူရာမှာလည်း သူ ယုံကြည်စိတ်ချရတဲ့ ကစားသမားတွေကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ထားသလို မန်ချက်စတာ ယူနိုက်တက်နဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူဖို့က သူ့ရဲ့ အဓိက ရည်မှန်းချက် တခု ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော့်ရဲ့ အဓိက ရည်မှန်းချက်က မန်ချက်စတာ ယူနိုက်တက်ဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူနိုင်တဲ့ အသင်းတသင်း ဖြစ်တယ် ဆိုတာကို ပြသနိုင်ဖို့ပါ။ ကျွန်တော်တို့တွေ အေဂျက်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ကြောင်း ပြသနိုင်ခဲ့သလိုပေါ့။ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုး အတွက် ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ZAWGYI: စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ ဘာစီလိုနာကို စွန့်ခွာကာ သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ဘာစီလိုနာ ပရိသတ်တွေအား ပြောပြသွားခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ အေဂျက် လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်သလို အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ရင်းတွေထဲက တဦးလည်း ဖြစ်ပါတယ်။