ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ ကတော့ မန်ချက်စတာ မှ ထွက်ခွာကြတော့မယ့် အသင်းဖော် ပေါလ် ပေါ့ဂ်ဘာ နဲ့ ဂျက်ဆီ လင်ဂတ် တို့ အနာဂတ် မှာ အကောင်းဆုံး ဖြစ်နိုင်ကြပါစေလို့ မက်ဆေ့ပို့ နှုတ်ခွန်းဆက်သွားခဲ့လိုက် ပါတယ် ။

ပေါ့ဂ်ဘာ နဲ့ လင်ဂတ် တို့ဟာ ဇွန်လ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေကြပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိကြတော့မှာပဲဖြစ်ပါတယ် ။ ဒါ့ကြောင့် အလိုရှိနေတဲ့ အသင်းဆီ ပြောင်းခွင့်ရကြပါတော့မယ် ။

ဒါဟာ လင်ဂတ် အတွက်တော့ မန်ချက်စတာ ယူနိုက်တက်် အသင်းမှာ 22 နှစ် အထိ နေပြီးမှ လမ်းခွဲလိုက်ရခြင်း ဖြစ်သွားခဲ့ရပါတယ် ။ လင်ဂတ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 232 ပွဲ ကစားပေးခဲ့ပြီး 35 ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဒုတိယ အကြိမ်မြောက် ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ် ။ သူဟာ မန်ချက်စတာ ယူနိုက်တက် မှ ထွက်ခွာပြီး 6 နှစ် အကြာမှာ ဂျူဗင်တပ်မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 89 သန်းနဲ့ ပြောင်းလာခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဒုတိယ အကြိမ်မြောက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာပါတော့မယ် ။ သူဟာ ယူနိုက်တက် အသင်းဆီ ပြန်လည်် ရောက်လာခဲ့တဲ့နောက် အကောင်းဆုံး ပုံစံ ပုံမှန် မပြနိုင်ပဲ ရုန်းကန်ရတာ များခဲ့ပါတယ် ။

အခုတော့ သူတို့ နှစ်ဦးဟာ မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အသင်းဖက်မှ တရားဝင်ပဲ ကြေငြာခဲ့လိုက်ပါပြီ ။ ဒီအတွက် နံပါတ် တစ် ဂိုးသမား ဖြစ််သူ ဒေးဗစ် ဒီဂီယာ က အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

” စပါယ်ရှယ် ကစားသမား နှစ်ယောက် ၊ ကာရိုက်တာ ကောင်းကြသူ နှစ်ဦးပါပဲ ။ သူတို့ဟာ ဒီ ဘောလုံး အသင်း အတွက် အများကြီး ပေးဆပ်ခဲ့ပြီးကြပါပြီ ။ ကျွန်တော်တို့ဟာ အားကစားမှာ အသင်းဖော် အများကြီး ကြုံတွေ့ခဲ့ပြီးပါပြီ ”

” ကျွန်တော်တို့ဟာ အတူတကွ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြသလို အမှတ်တရတွေလည်း ဖန်တီးနိုင်ခဲ့ကြပါတယ် ။ မင်းတို့ နှစ်ယောက်လုံး အနာဂတ်မှာ လိုချင်တာ အကုန်လုံံး ရနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း မျှော်လင့်နေမိပါတယ် ” လို့ ဒီဂီယာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ZAWGYI: ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာ ကတော့ မန်ချက်စတာ မှ ထွက်ခွာကြတော့မယ့် အသင်းဖော် ပေါလ် ပေါ့ဂ်ဘာ နဲ့ ဂျက်ဆီ လင်ဂတ် တို့ အနာဂတ် မှာ အကောင်းဆုံး ဖြစ်နိုင်ကြပါစေလို့ မက်ဆေ့ပို့ နှုတ်ခွန်းဆက်သွားခဲ့လိုက် ပါတယ် ။